“အဖြစ်ချင်ဆုံးဆန္ဒတခုဖြစ်တဲ့ ရွှေတိဂုံဘုရားကို ဖူးမြော်ခွင့်ရရှိသွားလို့ ပီတိဖြစ်နေတဲ့ ကိုအောင်ငွေ”
celegabar.com
|
2019-07-30



ကိုအောင်ငွေကတော့ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာကြောင့် လူမှုကွန်ရက်စာမျက်နှာမှာ နာမည်ကြီးနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ချောင်းဦးမြို့မှာနေထိုင်တဲ့ကိုအောင်ငွေဟာဝမ်းရေးအတွက် ရေခပ်ရောင်းတဲ့အလုပ်ကို ရိုးသားကြိုးစားစွာ လုပ်ကိုင်နေတာဖြစ်ပြီး ရေခပ်ရင်းအပျင်းပြေအနေနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတာပဲဖြစ်ပါတယ်။





ကိုအောင်ငွေကအသက် (၁၈)နှစ်လောက်မှာ ချစ်သူနဲ့ ကွဲခဲ့တာကြောင့်အသည်းကွဲပြီး တွံတေးသိန်းတန်ရဲ့အလွမ်းသီချင်းလေးတွေကို စတင်သီဆိုဖြစ်ခဲ့တာဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒုတိယ တွံတေးသိန်းတန်လို့ တင်စားရလောက်အောင်အဆိုတော်ကြီးတွံတေးသိန်းတန်ရဲ့ သီချင်းတွေကို ခံစားချက်အပြည့်ဖြင့် ပိုင်နိုင်စွာသီဆိုနိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။





ကိုအောင်ငွေကတော့ ရန်ကုန်ကိုရောက်ဖူးချင်ပြီး ရွှေတိဂုံဘုရားကြီး ကိုဖူးမြော်ခွင့်ရချင်တယ်လို့ ဆိုထားပါသေးတယ်။ မိတ္ထီလာမြို့မှ ဦးသုမင်္ဂလ ဆရာတော်ဘုရားမှ ကိုအောင်ငွေရဲ့ မြတ်စွာဘုရားအပေါ်ကြည်ညိုတဲ့သဒ္ဓါတရားလေးကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ရန်ကုန်ကိုလိုက်ပို့ပေးခဲ့တာဖြစ်ပြီး ကိုအောင်ငွေတစ်ယောက်ကတော့ ရွှေတိဂုံကို ဖူးမြော်ချင်တယ် ဆိုတဲ့အိပ်မက် ပြည့်ဝသွားခဲ့ပြီလည်းဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီး ရိုးသားတဲ့ ချောင်းဦးသား ကိုအောင်ငွေရဲ့ မြတ်စွာဘုရားအပေါ်ကြည်ညိုတဲ့သဒ္ဓါတရားလေးကို သာဓုခေါ်သွားပါဦးနော်။


Source :Exclusive On CeleGabar
DarDar@CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်။


အဖြစ်ချင်ဆုံးဆန္ဒတခုဖြစ်တဲ့ ရွှေတိဂုံဘုရားကို ဖူးမြော်ခွင့်ရရှိသွားလို့ ပီတိဖြစ်နေတဲ့ ကိုအောင်ငွေ

ကိုအောင်ငွေကတော့ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တာကြောင့် လူမှုကွန်ရက်စာမျက်နှာမှာ နာမည်ကြီးနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ချောင်းဦးမြို့မှာနေထိုင်တဲ့ကိုအောင်ငွေဟာဝမ်းရေးအတွက် ရေခပ်ရောင်းတဲ့ အလုပ်ကို ရိုးသားကြိုးစားစွာ လုပ်ကိုင်နေတာဖြစ်ပြီး ရေခပ်ရင်းအပျင်းပြေအနေနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတာပဲဖြစ်ပါတယ်။

ကိုအောင်ငွေက အသက် (၁၈)နှစ်လောက်မှာ ချစ်သူနဲ့ ကွဲခဲ့တာကြောင့်အသည်းကွဲပြီး တွံတေးသိန်းတန်ရဲ့ အလွမ်းသီချင်းလေးတွေကို စတင်သီဆိုဖြစ်ခဲ့တာဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒုတိယ တွံတေးသိန်းတန်လို့ တင်စားရလောက်အောင် အဆိုတော်ကြီးတွံတေးသိန်းတန်ရဲ့ သီချင်းတွေကို ခံစားချက်အပြည့်ဖြင့် ပိုင်နိုင်စွာသီဆိုနိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ကိုအောင်ငွေကတော့ ရန်ကုန်ကိုရောက်ဖူးချင်ပြီး ရွှေတိဂုံဘုရားကြီး ကိုဖူးမြော်ခွင့်ရချင်တဲ့လို့ ဆိုထားပါသေးတယ်။ မိတ္ထီလာမြို့မှ ဦးသုမင်္ဂလ ဆရာတော်ဘုရားမှ ကိုအောင်ငွေရဲ့ မြတ်စွာဘုရားအပေါ်ကြည်ညိုတဲ့သဒ္ဓါတရားလေးကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ ရန်ကုန်ကိုလိုက်ပို့ပေးခဲ့တာဖြစ်ပြီး ကိုအောင်ငွေတစ်ယောက်ကတော့ ရွှေတိဂုံကို ဖူးမြော်ချင်တယ် ဆိုတဲ့ အိပ်မက် ပြည့်ဝသွားခဲ့ပြီလည်းဖြစ်ပါတယ်။ CeleGabar ပရိသတ်ကြီး ရိုးသားတဲ့ ချောင်းဦးသား ကိုအောင်ငွေရဲ့ မြတ်စွာဘုရားအပေါ်ကြည်ညိုတဲ့သဒ္ဓါတရားလေးကို သာဓုခေါ်သွားပါဦးနော်။


#သိန်းတန်
#တွံတေး
#သဒ္ဓါတရား
#ငွေ
#တေး

Some text some message..