တက်တူးအရောင်တင်ခြင်းဟာအသားအရေ ဓါတ်မတည့်မှုကို ဖြစ်စေနိုင်
popolay.com
|
2019-08-30

အရောင်အသွေးစုံစုံလင်လင်နဲ့အမိုက်စားတက်တူးတစ်ခု ကိုယ်ပေါ်မှာ ထိုးတော့မယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ပြီးမှ ဆုံးဖြတ်ချက်ချပါလို့ တိုက်တွန်းပါရစေ။
ဆေးပညာသုတေသီတွေရဲ့ နောက်ဆုံး စမ်းသပ်တွေ့ရှိချက်အရ တက်တူးထိုးတဲ့အခါအပ်တွေဟာအသားထဲကို ထိုးဖောက်ဝင်သွားတာနဲ့အတူ မျက်စိနဲ့မမြင်နိုင်တဲ့အလွန်တရာမှ သေးငယ်မှုန်မွှားလှတဲ့ သတ္တုစလေးတွေဟာ စုတ်ချက်နဲ့အတူ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတာကို သိခဲ့ရပါတယ်။



ပြင်သစ်နိုင်ငံက European Synchrotron Radiation Facility (ESRF)အဖွဲ့က ဒီသုတေသနကို ဦးဆောင်ပြီး လေ့လာခဲ့ကြရာမှာ လူ့ခန္ဓာကိုယ်နဲ့ ဓါတ်မတည့်မှုတွေ ဖြစ်စေတဲ့ နီကယ်နဲ့ ခရိုမီယံ သတ္တုဓါတ်တွေဟာ တက်တူးထိုးတဲ့အပ်တွေမှာ ပါဝင်နေကြောင်း တွေ့ရှိခဲ့ပါတယ်။



ဒီဓါတ်တွေဟာအချို့သောသူတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အခါမှာ ဓါတ်မတည့်ပဲအနာတွေဖြစ်လာတတ်ပါတယ်။
တက်တူးဆရာတွေဟာ တောက်ပတဲ့အရောင်တွေဖြစ်တဲ့အပြာ၊အစိမ်းနဲ့အနီတို့လိုအရောင်တွေရဖို့အတွက်ဆိုရင်အဖြူရောင်ဆိုးဆေးနဲ့ ရောစပ်ရပါတယ်။ ဒီအခါမှာ တက်တူးအရောင်ဆေးနဲ့ တက်တူးအပ်က ထွက်လာတဲ့ ဖော်ပြပါသတ္တုဓါတ်တွေရောစပ်သွားပြီးအချို့သူတွေဟာ တက်တူးထိုးပြီးနောက်အရေပြားမှာ ဓါတ်မတည့်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာကြတယ်လို့ သုတေသီတွေက ခိုင်ခိုင်မာမာယုံကြည်ထားပါတယ်။



ဒီအချက်နှစ်ချက်ဟာ ဘယ်လို စပ်ဆက်နေလဲဆိုတာကိုတော့ ဆက်လက်သုတေသန ပြုလုပ်နေဆဲဖြစ်တယ်လို့ (ESRF) က သိပ္ပံပညာရှင်

က ဆိုပါတယ်။




“လူသားတွေ့ရဲ့အသားစတစ်ရှုးအချို့နဲ့ စမ်းသပ်ပြီးနောက်မှာ သတ္တုစပ်တွေတွေ့ခဲ့ရတဲ့အတွက် တစ်ခုခုတော့ ကျိမ်းသေရှိရဦးမယ်ဆိုပြီး ဆက်လက် စမ်းသပ်ရာမှာ တက်တူးထိုးတဲ့အပ်တွေကဆိုတာကို တွေ့ခဲ့ရတာပါ” လို့ ပြောပါတယ်။
သုတေသနအဖွဲ့ဝင်တွေဟာ တက်တူးဆေးနမူနာကိုအနုစိတ်ဖောက်ထွင်းမြင်နိုင်တဲ့ X-ray စက်တွေနဲ့ စစ်ဆေးကြည့်တဲ့အခါ ဆေးတွေမှာ တိုက်တေနီယမ်ဒိုင်အောက်ဆိုက်တွေ ပါဝင်နေတာကို တွေ့ခဲ့ရပါတယ်။ ဒီအရာက ကာလာဆေးရဖို့ ရောစပ်ရတဲ့ ဆိုးဆေးအဖြူကအပ်တွေကို တိုက်စားရာမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ လက်ရှိ တက်တူးဆရာတွေ သုံးနေတဲ့အနက်ရောင်ကာဗွန်မှင်တွေကတော့ ဒီဆေးထက်အာနိသင်ပျော့ပါတယ်။




“တက်တူးထိုးပြီးရင်အရေပြားဓါတ်မတည့်တဲ့ ပြဿနာဖြစ်လာတာဟာ တက်တူးဆိုင်တွေရဲ့ သန့်ရှင်းမှု၊အသုံးပြုတဲ့ပစ္စည်းတွေရဲ့ ပိုးသတ်ထားမှုတွေနဲ့တင် မပြီးသေးပဲ တက်တူးထိုးတဲ့အခါ လူ့ခန္ဓာကိုယ်ထဲ ရေးထိုးတဲ့အပ်တွေနဲ့ပါ သက်ဆိုင်နေပြီဆိုတာ ကျွန်တော်တို့ ရှာတွေ့ခဲ့ပါပြီ” လို့ ဆိုပါတယ်။
တက်တူးထိုးထားတဲ့ လူရဲ့ သွေရည်ကြည်ဖြူဆဲလ်ထဲမှာ သတ္တုအမှုန်အမွှားရှိနေမှုက ၅၀ နာနိုမီတာကနေ ၂ မိုက်ခရိုမီတာထိရှည်လျှားတဲ့ ဘက်တီးရီးယားဆဲလ် တွေ့ရပါတယ်။ နာနိုပါတီကယ်လ်လို့ ခေါ်တဲ့အင်မတန်မှသေးငယ်တဲ့အမှုန်အမွှားလေးတွေကအဆိပ်သင့်ဓာတုထုတ်ပေးနိုင်ချေ မြင့်မားတဲ့အတွက်အန္တရာယ်ရှိပါတယ်။



လူ့ခန္ဓာကိုယ် ဓါတ်မတည့်ရတဲ့ သေချာတဲ့အကြောင်းရင်းအတိအကျကို သုတေသီတွေက ရှာမတွေ့သေးပေမယ့် တက်တူးထိုးတဲ့အပ်တွေကလည်း ဖြစ်နိုင်ချေရှိနေတဲ့အချက်ဖြစ်တယ်လို့ Schreiver က ပြောပါတယ်။
ဒီအကျိုးဆက်ဟာ ချက်ခြင်း သိရတာမျိုးမဟုတ်ပဲအချိန်ကာလကြာမြင့်မှသာ ဖြစ်လာတာဖြစ်ကြောင်း ထောင်ပေါင်းများစွာသော သူတွေကို လေ့လာပြီးမှ သိရပါတယ်။
ဒါကြောင့်မို့ တက်တူးကို ကာလာတင်တော့မယ်ဆိုရင် သတိရှိကြပါလို့ နှိုးဆော်လိုက်ရပါတယ်။


#တက်တူး
#ဓါတ်
#သတ္တု
#ခန္ဓာကိုယ်
#သုတေသီ

Some text some message..