Sakamoto Maths Myanmarရဲ့တတိယအကြိမ်မြောက်သင်္ချာထူးချွန်ပြိုင်ပွဲကြီးအောင်မြင်စွာကျင်းပပြီးစီး
myanmaplatform.com
|
2019-09-02



Sakamoto Maths Myanmar သည် မြန်မာနိုင်ငံတွင် လက်တွေ့ကျကျ တွေးခေါ်တတ်စေပြီး ပြဿနာရပ်များကို ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးသည့် ပညာရေး ထောက်ပံ့ပေးသော ကျောင်းတစ်ကျောင်း ဖြစ်ပြီး ၎င်း၏ တတိယအကြိမ်မြောက် ကျောင်းပေါင်းစုံ သချာၤထူးချွန်ပြိုင်ပွဲကြီးကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ Sakamoto Maths Myanmar ၏ ကျောင်းခွဲများတွင်အောင်မြင်စွာ ကျင်းပနိင်ခဲ့ပါသည်။ သချာၤထူးချွန်ပြိုင်ပွဲကြီး၏အဓိက ရည်ရွယ်ချက်မှာအခြေခံကျောင်းသား၊ ကျောင်းသူများ သချာၤဘာသာရပ်ကို ပိုမိုတက်ကြွ စိတ်ဝင်စားလာစေပြီး ၎င်းတို့၏အတွေးအခေါ်များ၊ စွမ်းဆောင်ရည်များကို တိုးတက်လာစေရန် ဖြစ်ပါသည်။ ဂျပန်နိုင်ငံထုတ် မူလသင်ရိုးကိုအသုံးပြုထားသောကြောင့် မြန်မာကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာအတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်သကဲ့သို့ ဤသချာၤထူးချွန်ပြိုင်ပွဲကြီး မှ သချာၤဘာသာရပ်ဆိုင်ရာ စိန်ခေါ်မှုများ၊ ခွန်အားများ၊ တိုးတက်မှု များကိုပါ ကျောင်းသား၊ ကျောင်းသူများ ရရှိလိမ့်မည်ဟု မျှော်လင့််ထားပါသည်။အဆိုပါထူးချွန်ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံရှိအခြေခံ ပညာကျောင်းသား၊ ကျောင်းသူတိုင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုခဲ့ပြီး ရန်ကုန်မှ ကျောင်းသား၊ကျောင်းသူ ၁၉၀ ယောက် ၊ မန္တလေး မှ ၁၁၅ ယောက်၊ တောင်ကြီး မှ ၄၅ ယောက်၊ မုံရွာ မှ ၇၀ ယောက်၊ မော်လမြိုင်မှ ၁၅၀ယောက် နှင့် ဘားအံ မှ ၁၃၀ ယောက်၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူအယောက် ၇၀၀ တို့က တစ်နိုင်ငံလုံးရှိ Sakamoto Maths Myanmar ၏ ကျောင်းခွဲများတွင် သချာၤထူးချွန်ပြိုင်ပွဲကြီး၏အဆင့် ၅ ဆင့်၌အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ သချာၤထူးချွန်ပြိုင်ပွဲကြီး၏ ပထမအဆင့်တွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ယှှဉ်ပြိုင်သူ စုစုပေါင်း ၂၁၀ ယောက် ရှိပြီး ရန်ကုန်သင်တန်းကျောင်းခွဲ-၃မှ မောင်လင်းသန့်အောင်က ပထမဆု၊ ဘားအံသင်တန်းကျောင်းခွဲမှ မခင်ပြည့်ပြည့်ဝင်းက ဒုတိယဆု နှင့် ရန်ကုန်သင်တန်းကျောင်းခွဲ-၃ မှ မထက်အိန္ဒြေလင်းက တတိယဆု စသည့် ဆုအသီးသီး ရရှိခဲ့ကြသည်။ ဒုတိယအဆင့်တွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၆၀ ယောက် ရှိပြီး မော်လမြို င်သင်တန်းကျောင်းခွဲမှ မောင်သက်မှူးပိုင် က ပထမဆု၊ မော်လမြိုင်သင်တန်းကျောင်းခွဲမှ မောင်စွမ်းရည်ထက်က ဒုတိယဆု နှင့် ရန်ကုန်သင်တန်းကျောင်းခွဲ-၃မှ မောင်ခန့်ဟိန်းက တတိယဆု စသည့် ဆုအသီးသီး ရရှိခဲ့ကြသည်။ သချာၤထူးချွန်ပြိုင်ပွဲကြီး၏ တတိယအဆင့်တွင် ရန်ကုန်သင်တန်းကျောင်းခွဲ-၃မှ မောင်လင်းအားမာန်ပြည့် က ပထမဆု၊ ရန်ကုန်သင်တန်းကျောင်းခွဲ-၂မှ မောင်လရောင်ချမ်းလင်းက ဒုတိယဆုနှင့် ဘားအံ သင်တန်းကျောင်းခွဲမှ မောင်မင်းပိုင်သူက တတိယဆု စသည့် ဆုအသီးသီး ရရှိခဲ့ကြပြီး တစ်နိုင်ငံလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၄၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ စတုတ္ထအဆင့်တွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၂၂ ယောက်ရှိပြီး ရန်ကုန်သင်တန်းကျောင်းခွဲ-၂ မှ မဝင့်ရတီလွင်က ပထမဆု၊ ရန်ကုန်သင်တန်းကျောင်းခွဲ-၂ မှ မောင်လွင်ကိုကို က ဒုတိယဆု နှင့် ရန်ကုန်သင်တန်းကျောင်းခွဲ- ၁ မှ မောင်အောင်မင်းခန့် က တတိယဆု စသည့် ဆုအသီးသီး ရရှိခဲ့သည်။ ရန်ကုန်သင်တန်းကျောင်းခွဲ-၃မှ မဆုဝတ်ရည်လင်းက သချာၤထူးချွန်ပြိုင်ပွဲကြီး၏ ပဉ္စမအဆင့်တွင် ပထမဆု၊ မော်လမြိုင်သင်တန်းကျောင်းခွဲမှ မောင်သာကီဝင်းက ဒုတိယဆုနှင့် ရန်ကုန်သင်တန်းကျောင်းခွဲ-၁မှ မသဒ္ဒါရှင်းသန့်ဇော် က တတိယဆု စသည့် ဆုအသီးသီး ရရှိခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၆၃ ယောက်ရှိခဲ့သည်။ Sakamoto Maths Myanmar ၏ တတိယအကြိမ်မြောက် ကျောင်းပေါင်းစုံ သချာၤထူးချွန်ပြိုင်ပွဲကြီးှတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကိုလည်း သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုုန်မြို့၊ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ခမ်းခမ်းနားနား ကျင်းပခဲ့သည်။အဆင့်အသီးသီးလိုက် ပထမ ရရှိသူများကို Sakamoto Maths Myanmar ကျောင်းများတွင် တစ်နှစ်စာ ပညာသင်ဆု နှင့် ဆု တံဆိပ် များချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသူများကို ဒေါ်လာ ၂၀၀ တန် ပညာသင်ဆု နှင့် တတိယ ရရှိသူများကို ဒေါ်လာ ၁၀၀ တန် ပညာသင်ဆု စသဖြင့် ဆုများကိုအသီးသီး ဆုချီးမြှင့်ခဲ့သည်။ ထို့အပြင် တစ်ဦးချင်းစီ၏ စာမေးပွဲ ရလဒ်ရမှတ်များအပေါ် မူတည်ပြီး ဂုဏ်ထူးဆောင် လက်မှတ်၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်နှင့် ပြိုင်ပွဲဝင်အသိအမှတ်ပြုသည့် ဂုဏ်ပြုလက်မှတ်များအသီးသီးကိုလည်း ချီးမြှင့်ခဲ့သည်။




Sakamoto Maths Myanmar သည် ၎င်း၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ်မြောက် ကျောင်းပေါင်းစုံ သချာၤထူးချွန်ပြိုင်ပွဲကြီးများကို ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပခဲ့သည်။ ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် Sakamoto Maths Myanmar ၏ ပထမအကြိမ်မြောက် ကျောင်းပေါင်းစုံ သချာၤထူးချွန်ပြိုင်ပွဲကြီးတွင် ရန်ကုန်မြို့မှ ကျောင်းသား၊ကျောင်းသူ ၂၅၀ ယောက်နှင့် မန္တလေးမြို့မှ ၃၅၀ယောက် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူအယောက် ၆၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရန်ကုန်မြို့တွင် ကျောင်းသား၊ကျောင်းသူ ၂၀၀ ယောက် နှင့် မန္တလေးမြို့တွင် ၃၅၀ ယောက် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူအယောက် ၅၅၀ သည် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် Sakamoto Maths Myanmar ၏ ဒုတိယအကြိမ်မြောက် ကျောင်းပေါင်းစုံ သချာၤထူးချွန်ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။Sakamoto Maths Myanmar သည် လာမည့်နှစ်များတွင် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာအတွေ့အကြုံများ ပိုမိုရရှိစေရန်နှင့် ပညာပါရမီပိုုမိုုပြည့်ဝစေရန် နိုုင်ငံတကာအဆင့်မှီ သချာၤ သင်ကြားနည်းများဖြင့် သင်ကြားကာ နိုုင်ငံတကာပြိုင်ပွဲများစွာကို ပိုမိုကျင်းပသွားမည် ဖြစ်သည်။


#သင်တန်းကျောင်း
#ထူးချွန်
#ကျောင်းသူ
#ဆု
#ဒုတိယဆု

Some text some message..