“ထိုင်းနိုင်ငံရောက်မြန်မာလူငယ်များကိုယ်စား ရေဘေးသင့်ပြည်သူများအတွက် (၁၂)သိန်းကျော် သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းေ၀ “
celegabar.com
|
2019-09-02



ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေပရဟိတအသင်းကို ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။။ ခိုင်နှင်းေ၀ ပရဟိတအသင်းကတော့ မိဘမဲ့ ကလေးတွေကို မိခင်နဲ့မခြားကာကွယ်စောင့်ရှောက်ပေးနေတာဖြစ်ပြီးတော့အမှန်တကယ်လိုအပ်လျက်ရှိတဲ့ နေရာတွေမှာလည်း သွားရောက်လှူဒါန်းမှုတွေကို လုပ်ဆောင်နေတဲ့အသင်းတစ်ခုပါ။ ယခုအခါမှာတော့ ပရဟိတအလုပ်တွေကို ခိုင်နှင်းဝေက ထိုင်းနိုင်ငံ ခိုလမြို့ စီထိုင်းစက်ရုံမှ ထိုင်းရောက်မြန်မာလူငယ်များနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။




ပြီးခဲ့တဲ့ သြဂုတ်လ(၄)ရက်နေ့ကလည်း ခိုင်နှင်းဝေပရဟိတအသင်းမှ ကြီးမှုးကျင်းပတဲ့ ပရဟိတအကြောင်းဝေမျှပြောဆိုခြင်းနှင့် ထိုင်းရောက်မြန်မာလူငယ်များတွေ့ဆုံပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ခုလိုပြုလုပ်တာကလည်း (၅)နှစ်တာဖြတ်သန်းခဲ့တဲ့ခိုင်နှင်းဝေရဲ့အတွေအကြုံတွေ၊ လူငယ်တွေရဲ့ရှိပြီးသားပရဟိတစိတ်တွေကို ယခုထက်ပိုဆောင်ရွက်ချင်စိတ်တွေဖြစ်ပေါ်လာအောင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်လို့လည်း သိရပါသေးတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံက ခိုင်နှင်းေ၀ ပရဟိတအသင်းဟာ မွန်ပြည်နယ်က ရေဘေးသတင်းကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။




ထိုင်းရောက်မြန်မာလူငယ်များရဲ့အလှူကို ခိုင်နှင်းဝေကိုယ်တိုင်က ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းခဲ့တယ်ဆိုတာကို “ကျွန်မရဲ့ ပရဟိတအသင်း ထိုင်းနိုင်ငံ ခိုလမြို့ မှာရှိကြသောဘအသင်းသူအသင်းသားများမှ မြန်မာနိုင်ငံ ရေဘေးအတွက် ထိုင်းနိုင်ငံမှာရှိသောအလှူရှင်များ ထံမှအလှူငွေများနှင့်အတူအလုပ်ပိတ်ရက်မှာအလှူခံထွက်ပြီး ရလာသောအလှူငွေကို ကျွန်မရေဘေးသွားလှူတဲ့အခါမှာ လှူနိုင်ရန် ပေးပို့ခဲ့ပါတယ်။ပရဟိတစိတ်အပြည့်ရှိတဲ့အသင်းသူအသင်းသားများကိုဂုဏ်ယူရင်းလေးစားရင် ဂုဏ်ပြုပါတယ်ရှင်။စီထိုင်း၊ပန်ကန်လုံးစက်ရုံ ၊ခုပ်ခွက်၊ကြက်ကင်ရုံ ၊ဆာလာအိတ်ရုံ တို့ဖြစ်ကြပါတယ်အလှူငွေကတော့ (၁၂၆၈၃၀၀)ကျပ်ဖြစ်ပါတယ်ရှင်” လို့ ခိုင်နှင်းဝေရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သိခဲ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီး ထိုင်းနိုင်ငံ ရာက်မြန်မာလူငယ်တွေရဲ့အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်…..။



Source : Khine Hnin Wai
ချစ်သဲမေ @ CeleGabar

ယူနီကုတ်ဖြင့်ဖတ်ရန်

“ထိုင်းရောက်မြန်မာလူငယ်များကိုယ်စား ရေဘေးသင့်ပြည်သူများအတွက် (၁၂)သိန်းကျော် သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းေ၀ ”

ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေပရဟိတအသင်းကို ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။။ ခိုင်နှင်းေ၀ ပရဟိတအသင်းကတော့ မိဘမဲ့ ကလေးတွေကို မိခင်နဲ့မခြားကာကွယ်စောင့်ရှောက်ပေးနေတာဖြစ်ပြီးတော့ အမှန်တကယ်လိုအပ်လျက်ရှိတဲ့ နေရာတွေမှာလည်း သွားရောက်လှူဒါန်းမှုတွေကို လုပ်ဆောင်နေတဲ့ အသင်းတစ်ခုပါ။ ယခုအခါမှာတော့ ပရဟိတအလုပ်တွေကို ခိုင်နှင်းဝေက ထိုင်းနိုင်ငံ ခိုလမြို့ စီထိုင်းစက်ရုံမှ ထိုင်းရောက်မြန်မာလူငယ်များနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။




ပြီးခဲ့တဲ့ သြဂုတ်လ(၄)ရက်နေ့ကလည်း ခိုင်နှင်းဝေပရဟိတအသင်းမှ ကြီးမှုးကျင်းပတဲ့ ပရဟိတအကြောင်းဝေမျှပြောဆိုခြင်းနှင့် ထိုင်းရောက်မြန်မာလူငယ်များတွေ့ဆုံပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ခုလိုပြုလုပ်တာကလည်း (၅)နှစ်တာဖြတ်သန်းခဲ့တဲ့ခိုင်နှင်းဝေရဲ့အတွေအကြုံတွေ၊ လူငယ်တွေရဲ့ရှိပြီးသားပရဟိတစိတ်တွေကို ယခုထက်ပိုဆောင်ရွက်ချင်စိတ်တွေဖြစ်ပေါ်လာအောင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်လို့လည်း သိရပါသေးတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံက ခိုင်နှင်းေ၀ ပရဟိတအသင်းဟာ မွန်ပြည်နယ်က ရေဘေးသတင်းကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ထိုင်းရောက်မြန်မာလူငယ်များရဲ့ အလှူကို ခိုင်နှင်းဝေကိုယ်တိုင်က ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းခဲ့တယ်ဆိုတာကို “ကျွန်မရဲ့ ပရဟိတအသင်း ထိုင်းနိုင်ငံ ခိုလမြို့ မှာရှိကြသောဘအသင်းသူ အသင်းသားများမှ မြန်မာနိုင်ငံ ရေဘေးအတွက် ထိုင်းနိုင်ငံမှာရှိသော အလှူရှင်များ ထံမှ အလှူငွေများနှင့်အတူ အလုပ်ပိတ်ရက်မှာ အလှူခံထွက်ပြီး ရလာသော အလှူငွေကို ကျွန်မရေဘေးသွားလှူတဲ့အခါမှာ လှူနိုင်ရန် ပေးပို့ခဲ့ပါတယ်။ပရဟိတစိတ်အပြည့်ရှိတဲ့ အသင်းသူအသင်းသားများကိုဂုဏ်ယူရင်းလေးစားရင် ဂုဏ်ပြုပါတယ်ရှင်။စီထိုင်း၊ပန်ကန်လုံးစက်ရုံ ၊ခုပ်ခွက်၊ကြက်ကင်ရုံ ၊ဆာလာအိတ်ရုံ တို့ဖြစ်ကြပါတယ် အလှူငွေကတော့ (၁၂၆၈၃၀၀)ကျပ်ဖြစ်ပါတယ်ရှင်” လို့ ခိုင်နှင်းဝေရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သိခဲ့ရပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီး ထိုင်းရောက်မြန်မာလူငယ်တွေရဲ့ အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်…..။
Source : Khine Hnin Wai
ချစ်သဲမေ @ CeleGabar


#ပရဟိတ
#အလှူ
#ခို
#ရေဘေး
#ထို

Some text some message..