လတ်တလောမှာဖြစ်ပျက်ခဲ့တဲ့ မွန်ပြည်နယ်က ရေကြီးရေလျှံမှုကြီးက ပြည်သူတွေကြားမှာ တုန်လှုပ်ချောက်ချားစရာကောင်းပြီး ပူဆွေးသောကရောက်စေခဲ့တာအမှန်ပါ။ ယခုလက်ရှိမှာတော့ ပြည်လည်ထူထောင်ရေးတွေကို ပြုလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ ခုလို ပြန်လည်ထောင်ရေးတွေလုပ်နိုင်ရန်လည်းအနုပညာရှင် ညီအကို မောင်နှမတစ်ချို့က ရံပုံငွေတွေကို ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ(၂၄)ရက်နေ့ကလည်းအနုပညာရှင်ညီအစ်ကိုတွေက ရံပုံငွေဘောလုံးပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ယခုလို ရံပုံငွေရှာတဲ့ နေရာမှာ နေထူးနိုင်ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီဆောင်ရွက်ခဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ(၁၉)ရက်နေ့က ဇနီးဖြစ်သူနဲ့အတူ ကျော်ဇောဟိန်းနဲ့ တခြားသောအနုပညာရှင်တွေက လှှည့်လည်အလှူခံထွက်ကာ ကုသိုလ်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အတူ ကုသိုလ်ယူဆောင်ရွက်နေသူတစ်ယောက် ဖြစ်ပြီးတော့ ရရှိလာတဲ့အလှူငွေတွေကို ရေဘေးသင့်ပြည်သူများအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုတစ်ခုကို ” မွန်ပြည်ကျိုက်မရောမြို့နယ် ဘိန်းဗျေားကျေးရွာနဲ့အေးမြသာစည်ရပ်ကွက်များသို့ စက်တင်ဘာလ(၂) ရက်နေ့သွားရောက် လှူဒါန်းရန်အိမ်ထောင်စု (၄၀၀)အတွက်ပါအိမ်ထောင်တစ်စုလျှင်ဒန်အိုး (၁)လုံး၊ဒယ်အိုး (၁)လုံး၊ရေနွေးခရား (၁)အိုး၊ စတီးသောက်ရေခွက် (၁)ခွက်၊ စတီးဇလုံ (၃)လုံး၊စတီးဇွန်း (၃)ဇွန်း၊ စတီးဇွန်းယောက်မ (၁) ခုစီနှင့် ခေါက်ဆွဲခြောက် (၃၀)ဖာ၊ရွှေကျီးမုန့်ကြွပ် (၁၃) ဖာ၊ကော်ဖီမစ် (၃)ထုပ် ၊ငါးသေတ္တာ (၁၀)ကဒ် ၊ငါးပိကြော်အချိန် (၅၀)ပိဿာ ၊ငါးခြောက်ကြော် (၅၀)ပိဿာ ၊Hiroအချိုရည် (၅၀၀)ကဒ်၊အဝတ်အထည် များအားသွားရောက်လှူဒါန်းပါမည်။အလှူရှင်များအားလုံး ကျေနပ်ပီတိဖြစ်နိုင်ပါစေ”ဆိုပြီးတော့ နေထူးနိုင်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နေထူးနိုင်ရဲ့အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်…..။
Source : Nay Htoo Naing
ချစ်သဲမေ @ CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
“မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဘိန်းဗျေားကျေးရွာမှ ရေဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၄၀၀)စာ အသုံးအဆောင်ပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့တဲ့ နေထူးနိုင်”
လတ်တလောမှာဖြစ်ပျက်ခဲ့တဲ့ မွန်ပြည်နယ်က ရေကြီးရေလျှံမှုကြီးက ပြည်သူတွေကြားမှာ တုန်လှုပ်ချောက်ချားစရာကောင်းပြီး ပူဆွေးသောကရောက်စေခဲ့တာ အမှန်ပါ။ ယခုလက်ရှိမှာတော့ ပြည်လည်ထူထောင်ရေးတွေကို ပြုလုပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ ခုလို ပြန်လည်ထောင်ရေးတွေလုပ်နိုင်ရန်လည်း အနုပညာရှင် ညီအကို မောင်နှမတစ်ချို့က ရံပုံငွေတွေကို ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ(၂၄)ရက်နေ့ကလည်း အနုပညာရှင်ညီအစ်ကိုတွေက ရံပုံငွေဘောလုံးပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ယခုလို ရံပုံငွေရှာတဲ့ နေရာမှာ နေထူးနိုင်ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီဆောင်ရွက်ခဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လ(၁၉)ရက်နေ့က ဇနီးဖြစ်သူနဲ့အတူ ကျော်ဇောဟိန်းနဲ့ တခြားသောအနုပညာရှင်တွေက လှည့်လည်အလှူခံထွက်ကာ ကုသိုလ်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အတူ ကုသိုလ်ယူဆောင်ရွက်နေသူတစ်ယောက် ဖြစ်ပြီးတော့ ရရှိလာတဲ့အလှူငွေတွေကို ရေဘေးသင့်ပြည်သူများအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုတစ်ခုကို ” မွန်ပြည်ကျိုက်မရောမြို့နယ် ဘိန်းဗျေားကျေးရွာနဲ့ အေးမြသာစည်ရပ်ကွက်များသို့ စက်တင်ဘာလ(၂) ရက်နေ့သွားရောက် လှူဒါန်းရန် အိမ်ထောင်စု (၄၀၀) အတွက်ပါ အိမ်ထောင်တစ်စုလျှင်ဒန်အိုး (၁)လုံး၊ဒယ်အိုး (၁)လုံး၊ရေနွေးခရား (၁)အိုး၊ စတီးသောက်ရေခွက် (၁)ခွက်၊ စတီးဇလုံ (၃)လုံး၊စတီးဇွန်း (၃)ဇွန်း၊ စတီးဇွန်းယောက်မ (၁) ခုစီနှင့် ခေါက်ဆွဲခြောက် (၃၀)ဖာ၊ရွှေကျီးမုန့်ကြွပ် (၁၃) ဖာ၊ကော်ဖီမစ် (၃)ထုပ် ၊ငါးသေတ္တာ (၁၀)ကဒ် ၊ငါးပိကြော် အချိန် (၅၀)ပိဿာ ၊ငါးခြောက်ကြော် (၅၀)ပိဿာ ၊Hiro အချိုရည် (၅၀၀)ကဒ်၊အဝတ်အထည် များအားသွားရောက်လှူဒါန်းပါမည်။ အလှူရှင်များအားလုံး ကျေနပ်ပီတိဖြစ်နိုင်ပါစေ”ဆိုပြီးတော့ နေထူးနိုင်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နေထူးနိုင်ရဲ့ အလှူအတွက် သာဓုခေါ်ခဲ့ပါဦးနော်…..။
Source : Nay Htoo Naing
ချစ်သဲမေ @ CeleGabar