မိတ်ကပ်ဖန်တီးရှင်တစ်ဦးအဖြစ်နဲ့ ရပ်တည်လာခဲ့ပြီးနောက် ဟာသ Video လေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုအပြည့်အဝ သိမ်းပိုက်လိုက်နိုင်ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း) ကတော့ ကျေးဇူးရှင်ရဲ့ကျေးဇူးတရားတွေကိုအမြဲအောက်မေ့သတိရပြီး ကျေးဇူးဆပ် ဖို့ကိုမမေ့ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့လက်ဦးဆရာဖြစ်တဲ့ မိတ်ကပ်အောင်အောင်(တောင်ကြီး)ရဲ့ ဆုံးပါးသွားခြင်း ကိုးနှစ်ပြည့်အမှတ်တရနေ့လေးမှာ သံဃာတော်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး ဆွမ်းကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီဖြစ်ပြီး သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” ကျားကျားကြိုက်ကြိုက် ” ဇာတ်ကား ဟာလည်း ပရိသတ်တခဲနက်အားပေးမှုကိုအပြည့်အဝရရှိခဲ့ပါ တယ်။ ပရိသတ်တွေကိုအမြဲတမ်းပျော်စရာဟာသတွေနဲ့တင်ဆက်နေတဲ့ သူမကိုယ်တိုင်လည်း ဘဝကိုပျော်ပျော်ရွှင်ရွှင်အေးအေးလူလူဖြတ်သန်းနေသူတစ်ယောက်လည်းဖြစ်ပါတယ်။
သူမလက်ဦးဆရာကိုအောက်မေ့သတိရတဲ့နေ့ရက်လေးမှာပြုလုပ်ခဲ့တဲ့အလှူပုံရိပ်လေးတွေကို ” ကျေးဇူးရှင် ဆရာ မိတ်အောင်အောင် (တောင်ကြီး) ကွယ်လွန်ခြင်း ၉နှစ်ပြည့်အလှူ တပည့်သားသမီး များကောင်းမှူ ” ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ သူမဘဝ ဒီလိုအခြေအနေထိဖြစ်အောင် မိတ်ကပ်ပညာကိုသင်ကြားပေးခဲ့တဲ့ ကျေးဇူးရှင်အကြောင်းကိုအမြဲပြောတတ်ပြီး ကျေးဇူးကိုလည်း သတိတရနဲ့ မမေ့မလျော့ဆပ်တတ်တဲ့ သုသုရဲ့စိတ်ဓာတ်လေးကတော့ လေးစားစရာကောင်းလွန်းတယ်နော်။
Photo – Nyi Nyi Maung
Happy – Cele Gabar
(ယူနီကုဒ်ဖြင့်ဖတ်ရန်)
” ဆရာဖြစ်သူ မိတ်ကပ်အောင်အောင် (တောင်ကြီး) ရဲ့ ကွယ်လွန်ခြင်းကိုးနှစ်ပြည့်အဖြစ် ကိုယ်တိုင်ချက်ပြုတ်ပြီး သံဃာတော်တွေကို လှူဒါန်းခဲ့တဲ့ သုသု ”
မိတ်ကပ်ဖန်တီးရှင်တစ်ဦးအဖြစ်နဲ့ ရပ်တည်လာခဲ့ပြီးနောက် ဟာသ Video လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝသိမ်းပိုက်လိုက်နိုင်ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း) ကတော့ ကျေးဇူးရှင်ရဲ့ကျေးဇူးတရားတွေကို အမြဲအောက်မေ့သတိရပြီး ကျေးဇူးဆပ်ဖို့ကိုမမေ့ခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့လက်ဦးဆရာဖြစ်တဲ့ မိတ်ကပ်အောင်အောင်(တောင်ကြီး)ရဲ့ ဆုံးပါးသွားခြင်း ကိုးနှစ်ပြည့်အမှတ်တရနေ့လေးမှာ သံဃာတော်တွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး ဆွမ်းကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီဖြစ်ပြီး သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” ကျားကျားကြိုက်ကြိုက် ” ဇာတ်ကားဟာလည်း ပရိသတ်တခဲနက်အားပေးမှုကိုအပြည့်အဝရရှိခဲ့ပါ တယ်။ ပရိသတ်တွေကိုအမြဲတမ်းပျော်စရာဟာသတွေနဲ့တင်ဆက်နေတဲ့သူမကိုယ်တိုင်လည်း ဘဝကိုပျော်ပျော်ရွှင်ရွှင် အေးအေးလူလူဖြတ်သန်းနေသူတစ်ယောက်လည်းဖြစ်ပါတယ်။
သူမလက်ဦးဆရာကို အောက်မေ့သတိရတဲ့နေ့ရက်လေးမှာပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ” ကျေးဇူးရှင် ဆရာ မိတ်အောင်အောင် (တောင်ကြီး) ကွယ်လွန်ခြင်း ၉နှစ်ပြည့်အလှူ တပည့်သားသမီး များကောင်းမှူ ” ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ သူမဘဝ ဒီလိုအခြေအနေထိဖြစ်အောင် မိတ်ကပ်ပညာကိုသင်ကြားပေးခဲ့တဲ့ ကျေးဇူးရှင်အကြောင်းကိုအမြဲပြောတတ်ပြီး ကျေးဇူးကိုလည်း သတိတရနဲ့ မမေ့မလျော့ဆပ်တတ်တဲ့ သုသုရဲ့စိတ်ဓာတ်လေးကတော့ လေးစားစရာကောင်းလွန်းတယ်နော်။
Photo – Nyi Nyi Maung
Happy – Cele Gabar