ပန်းချီဆရာကိုးဦးရေးဆွဲထားသည့် ကယ်ရီကေးချားအနုပညာပြပွဲ ခင်းကျင်းပြသမည်
mmtimes.com
|
2019-09-22



ပန်းချီဆရာကိုးဦးရေးဆွဲထားသည့် ကယ်ရီကေးချားအနုပညာပြပွဲ ခင်းကျင်းပြသမည်

ရန်ကုန်၊ မန္တလေး၌ နှစ်ကြိမ်တိုင်တိုင် ကျင်းပမည့် စတုတ္ထအကြိမ်မြောက် ကယ်ရီ ကေးချားအနုပညာပြန့်ပွားရေးအတွက် ပန်းချီ ဆရာကိုးဦးစုပေါင်းရေးဆွဲထားသည့် လက်ရာ များကိုခင်းကျင်းပြသမည်ဖြစ်သည်။


လက်ရာများစွာ

4th Caricature Art ဟုအမည်ပေး ထားသော ကယ်ရီကေးချားအနုပညာပြပွဲတွင် ပါဝင်ရေးဆွဲထားသည့် ပန်းချီဆရာကိုးဦးမှာ ပန်းချီဆရာ ဝင်းမြင့်မောင်၊ ပန်းချီဆရာ သိန်း ထွန်းဦး၊ ပန်းချီဆရာ မျိုးမြင့်ထွန်း၊ ပန်းချီဆရာ မောင်မောင်အောင်၊ ပန်းချီဆရာ ဘီနို၊ ပန်းချီ ဆရာ မက်မန်းသီး၊ ပန်းချီဆရာ Nothern Wolf၊ ပန်းချီဆရာအောင်လင်းနှင့် ပန်းချီဆရာအဂ္ဂ စသည်တို့၏လက်ရာများစွာ ပါဝင်ပြသ နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကယ်ရီကေးချားအနုပညာပြန့်ပွား ရေးရန်ကုန်ပြပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ရက်အထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိအမှတ် (၁၀၁) ၄၃ လမ်း မဟာဗန္ဓုလနှင့် ကုန်သည်လမ်းကြား ဗိုလ်တထောင်မြို့နယ်ရှိ ၄၃ ဗမအ ွေူနမပ ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"ကယ်ရီကေးချားအနုပညာ ရေရှည်တည် တံ့ခိုင်မြဲရေးအတွက် ပန်းချီဆရာတွေပူးပေါင်း ပြီးပြုလုပ်လာခဲ့တာအခုတစ်ကြိမ်နဲ့ဆို လေး ကြိမ်မြောက်ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ မန္တလေး မြို့မှာအခုပန်းချီဆရာကိုးဦးရဲ့အနုပညာ လက်ရာတွေနဲ့ပြသမှာဖြစ်ပါတယ်။ ပန်းချီဆရာ တစ်ဦးချင်းစီတိုင်းမှာ သူ့စိတ်ရဲ့အတွေးအခေါ် နဲ့ပေါင်းစပ်ပြီး ရေးဆွဲထားခြင်းဖြစ်ပါတယ်။ ကယ်ရီကေးချားဆိုတာက ပုံတူပေါ့။ တချို့က ဟာသဆန်ဆန် သို့မဟုတ် သရော်ဆန်ဆန် လေးတွေအဓိကထား ရေးဆွဲထားခြင်းဖြစ်ပါ တယ်။ ပန်းချီဆရာတိုင်းမှာ သူ့အတတ်ပညာ တွေနဲ့ သူတို့ပေါင်းစပ်ပြီး ရေးဆွဲထားတာဖြစ် ပါတယ်"ဟု ပန်းချီဆရာ မက်မန်းသီးက ပြော ဆိုသည်။


သုံးရက်တိုင်တိုင်

ထို့အပြင် မန္တလေးကယ်ရီကေးချားအနု ပညာပြန့်ပွားရေးပြပွဲကို လာမည့်အောက်တိုဘာ ၄ရက်မှ ၆ရက်အထိ သုံးရက်တိုင်တိုင် မန္တလေး မြို့ရှိ Hill Art Gallery Near Two Guar-dian Lions Mandalay ၌ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅နာရီအထိ ခင်းကျင်းပြသ ထားမည်ဖြစ်သည်။


#ပန်းချီဆရာ
#လက်ရာများ
#အနုပညာ
#မက်မန်းသီး
#ပြပွဲ

Some text some message..