တွံတေး ပေါ်တော်မူတံခွန်တိုင်ဗုဒ္ဓရုပ်ပွားတော်သုံးဆူ ရွာလုံးကျွတ် သီတင်းကျွတ်ဆီမီးပူဇော်
ပေါ်တော်မူအကျိုးဆောင် ဆရာတော် ဆရာတော်ဦးက္ကုစ္စိဇအရိယဝံသ တည်ထားသည့် ပျူခေတ်ပေါ်တော်မူတံခွန်တိုင် ဗုဒ္ဓရုပ်ပွား တော်ဘုရားသုံးဆူ၏ သီတင်းကျွတ်ရွာလုံးကျွတ် ဆီမီးထွန်းပူဇော်ပွဲတော်ကို အောက်တိုဘာ ၁၂ရက် မွန်းတည့် ၁၂နာရီက ရန်ကုန်တိုင်းဒေသ ကြီး တွံတေးမြို့နယ် တံခွန်တိုင်ကျေးရွာရှိ ပြသတိုက်အုပ်စု၌ ကျင်းပခဲ့သည်။
"ဦးပဉ္စင်းတို့ရဲ့ ၂၀၁၅ ခုနှစ် မေ ၁၅ရက် ဒါယကာကြီး ဦးလှအုန်းက ဒီကျေးရွာသားပေါ့။ အိမ်ရှေ့တိုင်ဆွေးမြည့်လို့ တူးဖော်ရာကနေ သုံးပေအနက်လောက်မှာ ရှေးဟောင်းရုပ်ပွား ကြီးစဉ်ငယ်လိုက်ပေါ်ထွန်းလာတယ်။ ပေါ်ထွက် စဉ် ရပ်ဝေးရပ်နီးက လာဖူးမြော်ကြတယ်။ ရှေးဟောင်းသုတေသနဌာနက လာပြီးတော့ သမိုင်းဝင်ကြောင်း စစ်ဆေးပေးခဲ့ကြတယ်။မြန်မာ့ရှေးဟောင်းသုတေသန ဌာန ကပျူခေတ်ဦး အေဒီ (၆--၇)ရာစုလို သတ်မှတ်သလို အိန္ဒိယ ဂုပ္တခေတ်လို အေဒီ ၅ရာစုလက်ရာလို့ မြန်မာမှုပညာရှင် တမ္ပဝတီဦးဝင်းမောင်စတဲ့ ပညာရှင်တွေကဆိုပါတယ်။ ဒါကြောင့် ပျူခေတ် သမိုင်းဝင်ရုပ်ပွားတော် ပြည်သူတွေဖူးမြော်နိုင် ဖို့ ပွဲတော်အခါကြီးရက်ကြီးတွေမှာ လုပ်ဖြစ် ပါတယ်"ဟု ပဏ္ဍိတာရာမာကျောင်းတိုက်မှ ပေါ်တော်မူအကျိုးဆောင်ဆရာတော် ဆရာ တော် ဦးက္ကုစ္စိဇအရိယဝံသက မိန့်ကြားတော်မူ သည်။
ထွန်းညှိပူဇော်မည်
အဆိုပါပွဲတော်ညနေပိုင်းတွင် ဆီးမီး ထွန်းညှိပူဇော်ကြမည်ဖြစ်ပြီး အောက်တို ဘာ ၁၃ ရက် နံနက်ပိုင်း၌ မဏ္ဍပ်များဆောက် လုပ်ကာ စတုဒိသာကျွေးမွေးခြင်း၊ ညနေပိုင်း၌ တရားရေအေးတိုက်ကျွေးမည်ဖြစ်ကာ တရား တော်နာယူမည့် ဧည့်သည်တော်များြွကရောက် နိုင်မည်ဖြစ်သည်။
ယင်းပျူတြိဗုဒ္ဓ (ခ)ပျူခေတ် ရှေးဟောင်းဘုရားများ ကိန်းဝပ်စံပယ်တော်ရာ အောင်တော်မူ လိုဏ်စေတီတော်ကို တွံတေး မြို့အနောက်ဘက် ငါးမိုင်အကွာတွင်တည် ရှိသည်။ ဆရာတော်သည် သာသနာအဓွန့် ရှည်တည်တံ့ရန်အတွက် စေတီပုထိုးဟောင်း များဖြစ်သည့် မကိုဋ်ဆုထူးနိဗ္ဗာန် ဦးစေတီ တော်၊ ပျူဗောဓိသဗ္ဗညုစေတီတော်၊ လောက ဓမ္မအောင်မြေစေတီတော်၊ ဘုရားမြတ်ငူ စေတီတော်၊ လာဘ်မိုးကြီးစေတီတော်စသည့် စေတီတော်အဆူ ၁၀ ကျော်တို့ကိုအပေါ်မှ ငုံကာ တည်ထားပူဇော်လျက်ရှိသည်။