ရှေးဟောင်းသမိုင်းဝင် သုဝဏ္ဏဘူမိဂဝံယဉ်ကျေးမှုသုတေသနပြတိုက်အဆောက်အအုံပန္နက်တော်တင်မင်္ဂလာကျင်းပ
mmtimes.com
|
2019-10-14



ရှေးဟောင်းသမိုင်းဝင် သုဝဏ္ဏဘူမိဂဝံယဉ်ကျေးမှုသုတေသနပြတိုက်အဆောက်အအုံပန္နက်တော်တင်မင်္ဂလာကျင်းပ

ကျေးဇူးတော်ရှင်ကျိုက်ထီးဆောင်း အဘိုး ဆရာတော်ကြီးအား ဦးထိပ်ထား၍ မွန်ပြည် နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်စံပြကျေးရွာ ရှိ ကျိုက်ထီးဆောင်းဘုရားကြီးကျောင်းတိုက် အတွင်း ဆောက်လုပ်မည့် ရှေးဟောင်း သမိုင်းဝင် သုဝဏ္ဏဘူမိဂဝံယဉ်ကျေးမှုသုတေ သနပြတိုက်အဆောက်အအုံ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားနှင့် သုဝဏ္ဏဘူမိ(သုဓမ္မာ) ဂိုဏ်းဝင်ဆံတော်ရှင်စေတီတော်များ ပဝါရဏာ အုပ်စု (၄၉) နှစ်မြောက် သီတင်းကျွတ်လပြည့် သံဃာ့ပဝါရဏာနေ့ထူးနေ့မြတ်၌ သံဃာ တော်အပါး ၁၅၀ တို့အား ပဝါရဏာသိမ်ဆင်း လောင်းလှူခြင်း အနောက်ဘက်မုခ်တန်ဆောင်း ပြာသာဒ်ဘုံဆောင် ရွှေထီးတော်၊ ငှက်မြတ်နား တော်၊ ရတနာစိန်ဖူးတော် ဆက်ကပ်တင်လှူ ပူဇော်ခြင်းမင်္ဂလာအခမ်းအနား အောက်တို ဘာ ၁၃ရက် နံနက် ၈နာရီမှစတင် ကျင်းပခဲ့ သည်။

ယင်းသို့ကျင်းပရာ နံနက် ၈ နာရီ၌ အနောက်ဘက်မုခ် တန်ဆောင်းပြာသာဒ်ဘုံ ဆောင်အား သုဝဏ္ဏဘူမိ(သုဓမ္မာ)ဂိုဏ်းဝင် ဆံတော်ရှင်စေတီတော်များ ပဝါရဏာအုပ်စု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မပါရဂူ ဒေါက်တာဘဒ္ဒန္တပညာဒီပ ကျေးဇူးတော်ရှင် ကျိုက်ထီးဆောင်း အဘိုးဆရာတော်ကြီးအား ဦးထိပ်ထား၍ ဒုတိယကျိုက်ထီးဆောင်းဆရာ တော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဂုဏ်ထူး ဆောင် ဒေါက်တာဘဒ္ဒန္တနာဂဒီပ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ရွှေထီးတော်၊ ငှက်မြတ်နား တော်နှင့် ရတနာစိန်ဖူးတော်တို့အား ဆက် ကပ်တင်လှူပူဇော်ခဲ့ကြသည်။


ပန္နက်တင်

ထို့နောက် နံနက် ၉နာရီတွင် ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်မြတ်ကြီး အောင် မြေကုန်း၌ဆောက်လုပ်မည့် ရှေးဟောင်းသမိုင်း ဝင် သုဝဏ္ဏဘူမိဂဝံယဉ်ကျေးမှုသုတေသနပြတိုက်အဆောက်အအုံအား ဒုတိယကျိုက်ထီး ဆောင်းဆရာတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ နှင့် တာဝန်ရှိသူများက ပန္နက်တော်တင်ခဲ့ကြ သည်။


လောင်းလှူ

ယင်းနောက် မွန်းလွဲ ၁၂ နာရီခွဲတွင် (၄၉)နှစ်မြောက် သီတင်းကျွတ်လပြည့် သံဃပဝါ ရဏာနေ့ထူးနေ့မြတ်အဖြစ် သုဝဏ္ဏဘူမိ (သုဓမ္မာ) ဂိုဏ်းဝင်ဆံတော်ရှင်စေတီတော်များ ပဝါရဏာ အုပ်စု၏ သံဃာတော်ပါး ၁၅၀တို့အား အလှူ ရှင်များနှင့် ကျေးရွာသူ ကျေးရွာသားများ က ပဝါရဏာသိမ်ဆွမ်းများလောင်းလှူခဲ့ကြ သည်။


#ပဝါရဏာ
#ထီးဆောင်း
#သုဝဏ္ဏ
#ပန္နက်
#ဆံတော်

Some text some message..