ညောင်တုန်း အတုလမာရဇိန်သွန်းဘုရားကြီး သီတင်းကျွတ်မီးထွန်းပွဲ ဆီမီး ၉၀ဝ၀ ထွန်းညှိပူဇော်
mmtimes.com
|
2019-10-16



ညောင်တုန်း အတုလမာရဇိန်သွန်းဘုရားကြီး သီတင်းကျွတ်မီးထွန်းပွဲ ဆီမီး ၉၀ဝ၀ ထွန်းညှိပူဇော်

ညောင်တုန်းမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော သီတင်းကျွတ် မီးထွန်း ပွဲတော်ဖြစ်သည့် အမှတ်(၂)ရပ်ကွက် လမ်းမတော်လမ်းရှိ အတုလမာ ရဇိန်သွန်းဘုရားရုပ်ပွားတော်မြတ်ကြီးကို ၁၂၅၃ ခုနှစ်က စတင်တည် ထောင်ခဲ့ရာ နှစ် ပေါင်း ၁၂၈ ကျော်တိုင်ရှိခဲ့သည်။

နှစ်စဉ် အဆိုပါ သွန်းဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့် ကျော်(၁)ရက်တို့က ပရဟိတအမျိုးသားလူငယ်များနှင့် ဘုရားဂေါပက အဖွဲ့တို့က ကြီးမှူး၍ ဆီးမီး၊ ပန်းရေချမ်းနှင့် သီတင်းကျွတ် မီးထွန်း ပွဲတော် ဆီမီး ၉၀ဝဝ၊ ပန်း ၉၀ဝ၀ အား ပူဇော်ကန်တော့ပွဲကို အစဉ် အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ညစဉ်ဗုဒ္ဓဒေသနာတော်ဝတ်ရွတ်စဉ်များဖြင့် ဝတ်ရွတ်ပူဇော်လျက် ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင်လည်း တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လညြွ်ကချီလာသည့် မြတ်စွာဘုရားအား ဆီမီးရောင်စုံများ ထွန်း ညှိလျက် ကြိုဆိုပူဇော်ကြသည်။ ထို့ပြင် မိုးဟုတ်ဘုရားကြီးတွင် ဆီမီး ၉၀ဝဝ၊ ပန်း ၉၀ဝ၀ နှင့် နိုင်ငံအေးဘုရားကြီးတွင်လည်း ဆီမီး၊ ပန်း များ ဆက်ကပ်လှူဒါန်းပူဇော်ကြသူများနှင့် စည်ကားလျက်ရှိသည်။


တိုးမပေါက်အောင်စည်ကား

ဥသျှစ်လျှစေတီများတွင် ဆီမီး၊ ပန်းများဖြင့် ထွန်းညှိပူဇော်ကန် တော့ကြမည်ဖြစ်ပြီး စတုဒိသာအကျွေးအမွေးပေါင်းစုံဖြင့် ဘုရားဖူးလာ ဧည့်ပရိသတ်များအား ကျွေးမွေးလှူဒါန်း သည်။ ထို့ပြင် အောင်ရတနာ လမ်း၊ မိုးဟုတ်ဘုရားကြီးလမ်းတစ်လျှောက် တောရကျောင်းလမ်း Óဏဗလလမ်းနှင့် မြို့မလမ်းမတော် လမ်းတစ်လျှောက်တို့တွင် မြတ်စွာ ဘုရားအား ဆီမီးရောင်စုံများ ထွန်းညှိပူဇော်ခြင်းများ၊ စတုဒိသာ အကျွေးအမွေးများ၊ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်များ လှူဒါန်း ပေးကမ်းခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက် ရောင်းချသော ဈေးသည်များ ဘုရားဖူးလာ ဧည့်သည်များနှင့် တိုးမ ပေါက်အောင် စည်ကားလျက်ရှိသည်။


#ဆီမီး
#သွန်းဘုရား
#မီးထွန်းပွဲ
#သီတင်းကျွတ်
#အကျွေးအမွေး

Some text some message..