ကျိုက္ကစံဆံတော်ရှင်ဘုရား၌ ရွှေကြာသင်္ကန်းများဆက်ကပ်
mmtimes.com
|
2019-10-21



ကျိုက္ကစံဆံတော်ရှင်ဘုရား၌ ရွှေကြာသင်္ကန်းများဆက်ကပ်

ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံလယ်တီဝိပဿနာကျောင်းတိုက်ကြီး၏ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဓမ္မာ လောကအရှင်သူမြတ်နှင့် ဆရာတော်၊ သံဃာ တော်များ၊ ဆရာကြီးဆရာလေး သီလရှင်များ၊ ယောဂီများ၊ ရဟန်းဒါယကာ ဒါယိကာမအလှူ ရှင်များ၏ပေါင်းစုကောင်းမှု ကုသိုလ်တော်အဖြစ် ရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာ ၁၉ ရက် နံနက် ၈ နာရီက သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော် ရင်ပြင်ပေါ်၌ ကျင်းပ ခဲ့သည်။


လှည့်လည်ပူဇော်

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ ကြပြီး လယ်တီဝိပဿနာကျောင်းတိုက်ဆရာ တော်ဘဒ္ဒန္တဓမ္မာလောကအမှူးပြုသော ဆရာ တော်သံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ ယောဂီများနှင့် ဒါယကာ ဒါယိ ကာမအလှူရှင်များက ဗုဒ္ဓမြတ်စွာဘုရားများ အား ကပ်လှူပူဇော်မည့်ရွှေကြာသင်္ကန်းများကို ပင့်ဆောင်၍ ဇယံန္တောဗောဓိယာမူလေဂါထာ ရွတ်ဆိုပူဇော်ကာ စေတီတော်ကို လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြသည်။


ကပ်လှူပူဇော်

ဆက်လက်၍ စေတီတော်မြတ်ကြီး၏မုခ် လေးမုခ်တို့၌ ကိန်းဝပ်စံပယ်တော်မူကြသော ဗုဒ္ဓရုပ်ပွားတော်လေးဆူတို့အား ကျိုက္ကစံ လယ်တီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မာ လောကအမှူးပြုသောသံဃာတော်များ၊ သီလ ရှင်ဆရာကြီးဆရာလေးများ၊ ယောဂီများနှင့် ဒါယကာ ဒါယိကာမအလှူရှင်များက ရွှေကြာ သင်္ကန်းတော်များ ကပ်လှူပူဇော်ခဲ့ကြသည်။


#ကြာသင်္ကန်း
#ဒါယိကာမ
#လယ်တီ
#ဓမ္မာ
#ဒါယကာ

Some text some message..