ဗောဓိတစ်ထောင်ရပ်တော်မူဘုရားကြီး ကြိုးဆိုင်းများဖြင့် ရွှေဆေးသင်္ကန်းကပ်လှူ
mmtimes.com
|
2019-10-22



ဗောဓိတစ်ထောင်ရပ်တော်မူဘုရားကြီး ကြိုးဆိုင်းများဖြင့် ရွှေဆေးသင်္ကန်းကပ်လှူ

ကောင်းမှုတော်စေတီတော်ကြီး အဖြူရောင်ဆေးသင်္ကန်းသုတ်သည့်အဖွဲ့က ဗောဓိ တစ်ထောင် ရပ်တော်မူဘုရားကြီးအား ကြိုးဆိုင်းများအသုံးပြု၍ ရွှေဆေးသင်္ကန်းပြန်ကပ်လှူရန် စတင်လုပ်ဆောင်လျက်ရှိသည်။စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ဗောဓိတစ်ထောင်သာသနာ့နယ်မြေအတွင်း ဉာဏ်တော်အမြင့် ၄၂၄ ပေရှိသော လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ရောင်တော်ဖွင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများလုပ်ဆောင်နေခြင်းဖြစ်သည်။

ရောင်တော်ဖွင့်ပြန် လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းကို ယခုနှစ် သြဂုတ် ၂ ရက်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လေးပုံတစ်ပုံ ရွှေဆေးသင်္ကန်းအဟောင်းချွတ်ပြီးနေပြီဖြစ်သည်။


အကုန်အကျခံ

(၁၃)နှစ်ကျော်ကြာပြီဖြစ်သော ဗောဓိတစ်ထောင်ရပ်တော်မူဘုရားကြီး၏ သင်္ကန်း အရောင်ဟောင်းနွမ်းနေပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်းများကို ခန့်မှန်းငွေ ကျပ်သိန်း ၃၀ဝ၀ ကျော် အကုန်အကျခံပြုပြင်မည်ဖြစ်သည်။


လှူဒါန်းနိုင်

စေတနာရှင်၊ အလှူရှင်များအနေဖြင့် ရွှေဆေးသင်္ကန်း ၁၀ ပေပတ်လည် တစ်ကျင်း လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားသည်။


ဗောဓိတစ်ထောင်

လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကို ၁၉၉၅ ခုနှစ် မေ ၅ ရက်က စတင်တည်ထားတော် မူခဲ့ရာ ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က အနေကဇာတင်ပူဇော်ခဲ့သည်။ လေးကျွန်း စကြာရပ်တော်မူဘုရားကြီးမှာ Óဏ်တော်အမြင့် ၄၂၄ ပေရှိပြီး အထပ်ပေါင်း ၃၃ ထပ် ရှိသည်။


#ရပ်တော်မူ
#ဗော
#သင်္ကန်း
#စကြာ
#ထောင်

Some text some message..