သစ်တံခါးဆရာတော်ကြီးဆီမှာ ချွေးနည်းစာဖြစ်တဲ့အဖိုးတန်ပတ္တမြားလက်စွပ်(၆)ကွင်းကို လှူဒါန်းခဲ့တဲ့ ဇင်ဇင်ဇော်မြင့်တို့မိသားစု
myanmarload.com
|
2019-11-03
သရုပ်ဆောင် မင်းသမီးချော ဇင်ဇင်ဇော်မြင့်ကတော့ အနုပညာအလုပ်တွေကနေ အနားယူခဲ့ပြီး မိသားစုဘဝလေးတစ်ခုကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ မိသားစုနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဇင်ဇင်ဇော်မြင့်ကိုတော့ ပရိသတ်တွေကအခုချိန်ထိ အားပေးနေဆဲ ဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့်က '' ZZ Gems And Jewellery '' ဆိုတဲ့ရတနာဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။
အလှူအတန်းနဲ့ ပတ်သက်ရင် လက်မနှေးတဲ့ ဇင်ဇင်ဇော်မြင့်က အခုလည်း သစ်တံခါးဆရာတော်ကြီးဆီမှာ အဖိုးတန်လက်စွပ် (၆) ကွင်းကို လှူဒါန်းခဲ့ပါတယ်။ ဇင်ဇင်ဇော်မြင့်တို့မိသားစုက ကိုယ်တိုင်ရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာလေးတွေကို လှူဒါန်းပြီး ကုသိုလ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့်က ကွယ်လွန်သွားပြီဖြစ်တဲ့ မိဘတွေအတွက်ရည်စူးကာ သစ္စာပြုလှူဒါန်းပြီး ဆုတောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဇင်ဇင်ဇော်မြင့်က '' ကျေးဇူးရှင် သစ်တံခါးဆရာတော်ဘုရားကြီး မနက်ဖြန် အောင်ပွဲထွက်ပွဲ မတိုင်ခင်မိမိတို့ရဲ့ချွေးနည်းစာနဲ့ ကုသိုလ်လေးကိုသွားရောက်လှုဒါန်းပူဇော် သစ္စာပြုဆုတောင်းပါမယ်. 2014 ကကွယ်လွန်သွားတဲ့အနိူင်းမဲ့ ကျေးဇူးရှင်အဖေ ဦးဇော်မြင့်နဲ့ အမေဒေါ်ညွှနိ့ညွှန့် သန်းတို့အတွက်သစ္စာပြုလှုဒါန်းပါတယ် နောက် ၃.၆.၂၀၁၉ တနလာၤနေ့မနက် ၅.၂၅ ကကွယ်လွန်သွားတဲ့ ကိုချမ်းအမေ အတွက်လဲ သစ္စာဆိုဆုတောင်းပါတယ်ရောက်ရာဘုံဘဝက နေ သာဓု ခေါ်ဆိုနိုင်ပြီး စစ်မှန် တဲ့သစ္စာတရားကုသိုလ်ကြောင့်ထပ်တူရကြပါစေသား For Thit tagar Sayartaw ZZ Gems and Jewellery '' ဆိုပြီးတင်ထားတာပဲ ဖြစ်ပါတယ်။
#လွန်သွား
#ကုသိုလ်
#ကျေးဇူးရှင်
#ချွေး
#ဦးဇော်မြင့်
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ