ပါမောက္ခချုပ်ဆရာတော်အား သက်တော်ကြီးရင့်လာ၍ မဟနညွှန်ကြားချက်ဖြင့် အနားပေးခဲ့ခြင်းဖြစ်ဟုဆို
mmtimes.com
|
2019-11-14

ဓာတ်ပုံ- ရွှေပြည်တော်သို့ ဆုံမှတ်

ပါမောက္ခချုပ်ဆရာတော်အား သက်တော်ကြီးရင့်လာ၍ မဟနညွှန်ကြားချက်ဖြင့် အနားပေးခဲ့ခြင်းဖြစ်ဟုဆို

ပါမောက္ခချုပ်ဆရာတော် ဒေါက် တာ နန္ဒမာလာဘိဝံသသည် သက်တော် ကြီးရင့်လာခြင်းကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြား ချက်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ရာထူးအား ဆက်လက် သက်တမ်းမတိုးဘဲ အနားပေးခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောသည်။

"ဆရာတော်ကြီးက သက်တော်က လည်း ၈၀ ဝန်းကျင်ရှိပြီ။ သာသနာ ရေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင် ခဲ့တာကြာပြီ။ ဆရာတော်ကြီးကို အသက်အရွယ်ကြီးမြင့်လာချိန်မှာ သာ သနာ့တာဝန်တွေအတင်းလုပ်ခိုင်း သလိုဖြစ်နေတယ်။ ဆရာတော်ကြီးကို ဒီတက္ကသိုလ်မှာ သက်တော် ၆၀ ကတည်းက သက်တမ်းတိုးလာခဲ့တာ အခုဆိုရင် (၁၄) ကြိမ်ရှိပြီ။ ဆရာ တော်ကြီးကလည်း သက်တော်ကြီးရင့် လာပြီဆိုတဲ့အတွက် မဟနညွှန်ကြားချက်တွေရှိတယ်။ မဟနညွှန်ကြားချက်နဲ့အညီ ကျွန်တော်တို့စီမံခန့်ခွဲရေး အဖွဲ့တွေက အစည်းအဝေးလုပ်ပြီး ဆရာတော်ကြီး အနားယူနိုင်အောင် လုပ်ပေးတဲ့သဘောပါ"ဟု သာသနာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဦးမြင့်ဇော်က ပြောသည်။

ဆရာတော်သည် ၁၉၄၄ ခုနှစ်၊ အသက်ငါးနှစ်သားအရွယ်တွင် စဉ့်ကူး မြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မူ ကျောင်းဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး)ထံတွင် မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခ ချုပ်အဖြစ် ဆောင်ရွက်ကာ Department of Language Studies ၌ English Diploma တန်းနှင့်B.A တန်များ၌ ဆိုင်ရာဘာသာရပ်များကို လည်းကောင်း၊ အမေရိက၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ် စသော နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူ များအား ပါဠိဘာသာ အဘိဓမ္မာဘာ သာရပ်များကိုလည်းကောင်း သင်ကြား ပို့ချပေးခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ်၏ သြဝါဒါစရိယ ဧည့် ပါမောက္ခအဖြစ် စာပေပို့ချပေးခဲ့ကာ ၂၀ဝ၅ ခုနှစ်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ ထေရဝါဒသာသနာပြုတက္ကသိုလ် ၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။


#ပါမောက္ခချုပ်
#ဆရာတော်
#ထေရဝါဒ
#သာသနာပြု
#ဦးမြင့်ဇော်

Some text some message..