
Tattoo ရယ်လို့မခေတ်စားခင်ကတည်းက ကျွန်တော်တို့မြန်မာ့ရိုးရာဓလေ့မှာတောင် ထိုးကွင်းမင်ကြောင်ဆိုပြီး ဟိုးအရင်ကတည်းက တည်ရှိနေတဲ့အနုပညာတစ်ခုဖြစ်ပါတယ်။ နောက်တော့ နဂါးပုံတွေ၊ စာလုံးတွေနဲ့ tattoo ခပ်ကြီးကြီးတွေ ခေတ်စားလာခဲ့ပါတော့တယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်လို့ယူဆထားခဲ့ကြပေမယ့်လို့ ခုနောက်ပိုင်း မိန်းကလေးတွေဟာလည်း အနုပညာတစ်ခုအနေနဲ့ ထိုးလာကြတာကိုတေ့ွရပါတယ်။
မိန်းကလေးတွေရဲ့တက်တူးပုံစံကတော့ အများအားဖြင့် ချစ်စရာတက်တူးပုံစံလေးတွေ၊ ပိစိကွေးသေးလေးတွေ ထိုးလေ့ရှိပါတယ်။ နောက်တော့ အမျိုးသားတွေကလည်း minimal tattoo လေးတွေ ထိုးလာကြပါတယ်။ ဒါဆို အခုနောက်ပိုင်းခေတ်စားနေတဲ့ tattoo ပိစိကွေးသေးလေးတွေကို ကိုးကားဖို့ရအောင်ဖောပြပေးလိုက်ပါတယ်။
ဒါကတော့ ပန်းချီပညာကို ချစ်ခင်နှစ်သက်တဲ့သူတွေအတွက် Van Gogh ပုံလေး။ အကြိုက်ဆုံးပဲ။
Instagram-@
soltattoo
ကြောင်ချစ်သူတို့အတွက်
Instagram-@
ceydakoc___
Tattoo လည်း ထိုးချင်တယ်၊ မေမေဆူမှာလည်းကြောက်တယ်ဆိုတဲ့ သူတွေအတွက်
Instagram-@
small.tattoos
မထင်မှတ်ထားတဲ့နေရာမှာလည်း ထိုးလို့ရပါတယ်နော်
Instagram-@
laramaju
ရေဆေးပုံစံလေးတွေ
Instagram-@
zihee_tattoo
အမာရွတ်တွေကိုလည်း ဒီလိုတန်ဆာဆင်လို့ရသေး
Instagram-@
nandotattooer
ဘာပုံထိုးရမှန်းမသိရင် ဒီလိုသာထိုးပစ်
Instagram-@
ceydakoc___
ဒါလေးလည်းမိုက်တာပဲ
Instagram-@
laramaju
Pop Art ပုံစံမျိုး။ နောက်ပိုင်း ဘောင်မပါတဲ့ tattoo လေးတွေသိပ်မိုက်တာပဲ။
Instagram-@
ceydakoc___
ကိုယ်အချစ်ဆုံးမြို့လေးကိုလည်း ဒီလိုဆွဲနိုင်ပါတယ်။
Instagram-@
danitattoonyc
ဒီလို sketch ပုံလေးတွေလည်း မိုက်နေပြန်ရော..
Instagram-@
zaya
ဒါကတော့ မွေးရာပါအမှတ်တွေကို မသိသာစေမယ့်ပုံလေးပါ။
Instagram-@
soltattoo
Penny