
အင်္ဂလိပ်အခေါ်အားဖြင့်albinoခေါ်ပြီး တစ်ကိုယ်လုံး ဖြူဆွတ်နေတဲ့ သတ္တဝါလေးတွေဟာ တိရစ္ဆာန်လောကမှာလည်း ရှိပါတယ်။ ဖြူကောင်တွေ၊ မြင်းကျားတွေ၊ ခြင်္သေ့တွေနဲ့ သတ္တဝါမျိုးစိတ် တော်တော်များများမှာalbinoဖြစ်နေတဲ့ သတ္တဝါလေးတွေ ရှိကြပါတယ်။ သူတို့လေးတွေဟာ ရောဂါကြောင့် အခုလို ဖြူဖွေးဆွတ်နေပေမယ့် သူတို့ကို ကြည့်လိုက်ရင်တော့ မျိုးနွယ်တူတိရစ္ဆာန်တွေထဲမှာ အမြဲတမ်းဖက်ရှင်ကျနေတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်းalbinoသတ္တဝါလေးတွေက သနားစရာကောင်းပါတယ်။ သူတို့ရဲ့အရောင်က အမြဲတမ်းအုပ်စုထဲကနေ ကွဲထွက်နေတဲ့အတွက် သူတို့ကိုအာဟာရအဖြစ်နဲ့ မှီဝဲစားသောက်တဲ့ သတ္တဝါတွေအတွက်တော့ မျက်စိကျလွယ်တာကြောင့်ပါ။
Albinoturtles.com
Albinoလိပ်ကလေးတွေလို့ ဆိုတော့ စာဖတ်သူခေါင်းထဲမှာ ဘယ်အရောင်ကိုများ တွေးနေမိပါသလဲ။ အဖြူရောင်ပဲ တွေးမိနေမယ် ထင်ပါတယ်။ ဒါပေမယ့် ထူးထူးဆန်းဆန်းပဲalbinoလိပ်ကလေးတွေမှာတော့ သူတို့ကို အမြဲတမ်း အဖြူရောင်ပဲ တွေ့ရတာ မဟုတ်ပါဘူး။ အဖြူရောင်အပြင် အနီရောင်လိပ်ကလေးတွေအဖြစ်ပါ တွေ့မြင်ရတာကိုboredpandaကနေတဆင့် သိရပါတယ်။
Albinoturtles.com
ဒီလိပ်ကလေးတွေကို အမှတ်တမဲ့ကြည့်လိုက်ရင်ပဲ မီးမှူတ်ထုတ်နိုင်တဲ့ နဂါးအသေးစားလေးတွေလို့တောင် ထင်စရာ ရှိပါတယ်။ လူတွေနေထိုင်တဲ့ ကမ္ဘာကြီးကတော့ အတော့်ကို ထူးဆန်းပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ သေချာစောင့်ကြည့်ရင် အခုလို ဆန်းပြားတဲ့albinoလိပ်ကလေးလို သတ္တဝါဆန်းလေးတွေ တွေ့နိုင်ပါတယ်။
Aqua Mikeဆိုသူ အမျိုးသားရဲ့ပြောပြချက်အရalbinoလိပ်ကလေးတွေဟာ ထူးခြားတဲ့သတ္တဝါလေးတွေလို့ သိရပါတယ်။ သူတို့တွေဟာ အိမ်မှာ မွေးမြူလို့ကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ပြီး ကြောင်တွေ၊ ခွေးတွေနဲ့ မတူပါဘူး။“ဒီလိပ်ကလေးတွေက သခင်နဲ့ အပြန်အလှန်တုံ့ပြန်နိုင်စွမ်းရှိကြတယ်။ သူတို့က အစာတောင်းတတ်တယ်။ ကင်မရာရှေ့ဆိုလည်း ပို့စ်ပေးတတ်တယ်။ ဒါပေမယ့် အကောင်လေးတွေကို လက်နဲ့ ကိုင်တွယ်ဖို့ကတော့ သိပ်အဆင်မပြေလှဘူး။ လိပ်ကလေးတွေက သူတို့ကို လူကိုင်ထားတာထက်စာရင် သူတို့ဘာသာသူတို့ သီးသန့်နေရတာကို ပိုသဘောကျတယ်..”
Albinoturtles.com
“Albinoလိပ်ကလေးတွေက ထူးခြားတဲ့သတ္တဝါလေးတွေပါ။ အကောင်ငယ်သေးရင်တော့ မွေးတဲ့သူအနေနဲ့ အရမ်းဂရုစိုက်ရပါတယ်။ သူတို့က အမြင်အာရုံမကောင်းဘူး။ လိပ်ပေါက်ကလေးတွေက အမြင်အာရုံမကောင်းလို့ သူတို့နေတဲ့ မှန်အိမ်ထဲ အစာထည့်ထားရင်တောင် မစားတတ်ကြဘူး။ ဒါကြောင့် မွေးတဲ့သူတွေကalbinoလိပ်ပေါက်လေးတွေဆိုရင် အပြင်ကို ခေါ်ထုတ်ပြီး သေချာအစာကျွေးရတယ်။ ဒါမှမဟုတ်လည်း သူတို့နဲ့ နီးနီးနားနားမှာ အစာထားပေးရတယ်။ လိပ်လေးတွေက ၃–၄ လက်မအရွယ်ရောက်လာပြီဆိုရင်တော့ သူတို့ရှိတဲ့ မှန်ပုံး မှန်အိမ်လေးထဲက တစ်နေရာမှာ ဒီတိုင်း အစာထည့်ထားပေးလို့ရပြီ။ အဲ့ဒီအရွယ်ရောက်ရင် အမြင်အာရုံလည်း နည်းနည်းတိုးတက်လာပြီဖြစ်လို့ သူတို့ဘာသာ သူတို့ အစာရှိတဲ့နေရာဆီ သွားစားနေနိုင်ပြီ…”လို့လည်းalbinoလိပ်ကလေးတွေအကြောင်း ဗဟုသုတဖြစ်ဖွယ် သိရပါတယ်။
လင်းလင်း (ShweMom)