ရသစာပေ ဦးမော့လာသလား....ဦးကျိုးနေသလား
ရသစာပေမှေးမှိန်သွားခဲ့သည့် ကာလများရှိခဲ့ပါ သည်။ ယနေ့ရသစာပေ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း ထုတ် ဝေဖြန့်ချိသူ၊ စာရေးဆရာ၊ဆရာမများနှင့်စာဖတ်သူများ က အသိအမှတ်ပြုကြသည်။ ထိုသို့ရသစာပေ ပြန်လည် ဦးမော့လာရခြင်းနှင့် အတက်အကျသည်ခေတ်စနစ်ကြောင့် လား စာဖတ်သူ (ပြည်သူ)များ၏ အတွေးလမ်းရေစီးကြောင်း အပြောင်းအလဲကြောင့်လား ဝေဝေဝါးဝါး ဒွိဟ အတွေးဖြင့် မှတ်ချက်ပြုခဲ့ကြပါသည်။
စာပေနယ်မှ တချို့က ရသစာပေ ကျဆင်းသွားခြင်းကို ဘယ်ပေတံနှင့်တိုင်းပြီး ဘယ်စံဖြင့် ဆုံးဖြတ်တာလဲဆိုကာ မေးခွန်းထုတ်သူများလည်း ရှိပါ သည်။ သို့သော် ထိုသို့မှတ်ချက်ပြုသည်များကို အဖြေရှာခြင်း မဟုတ်သော်လည်း ရသစာပေကျဆင်းခြင်းနှင့် ပြန်လည် ဦးမော့လာရခြင်း အကြောင်းများကို စာရေးဆရာကြီးများ အား မေးမြန်းစူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်မှာကြာပြီ ဖြစ်ပါသည်။ မေးမြန်းလိုသည့် ဆရာကြီးများမှာ ဆရာ မောင်ခင်မင်(ဓနုဖြူ)၊ ဆရာ လယ်တွင်းသားစောချစ်၊ ဆရာချစ်ဦးညို၊ ဆရာ ဦးသော်ကောင်းတို့အား အဓိကထား မေးမြန်းလိုစိတ် ဆန္ဒဖြစ်မိပါသည်။ တိုက်ဆိုင်စွာ ရေဝေး သုသာန်တွင် ဆရာမကြီးဒေါ်ကြန်၏နာရေး၌ ဆရာချစ်ဦးညိုမှ လွဲ၍ ကျွန်တော် ရသစာပေ အတက်အကျအကြောင်း မေးချင်သော ဆရာကြီးများကို တွေ့ခွင့်ရပါသည်။ ရသ စာပေအတက်အကျနှင့်ပတ်သက်၍ မေးဖြစ်ပါသည်။
ဆရာကြီးဦးသော်ကောင်းက "ဆရာက စာကြည့်တိုက် မှာလုပ်ခဲ့တော့ စာကြည့်တိုက်မှာကြည့်ရင်လည်းရသ စာပေ စာအုပ်တွေငှားပြီး ဖတ်တာတွေ ပြန်တက်လာတယ်။ အရင်တုန်းကတော့ သိပ်ပြီးမရှိဘူး။ နည်းသွားတယ်။ ကျသွားတယ်။ ကျွန်တော်သတိပြုမိတာက ရသစာပေ တော်တော်လေးကျဆင်းသွားတယ်။ စာပေဆုပေးဖို့အတွက် တောင် စာအုပ်ရှာလို့ မရဘူး။ အခုတိုးတက်လာပါပြီ"ဟု ရသစာပေ၏ ယခင်နှင့် ယခုကွာခြားမှုကိုဆရာကြီးက သုံးသပ်ပြောသည်။ ဆရာကြီးဦးသော်ကောင်း စကားဆက် ဖို့အားယူစဉ် ချောင်းဆိုးပါသည်။ ဆရာကြီးမှာ ရင်ကျပ်ရှိ သည်။ ကျွန်တော့်ကို အားနာသည့်ဟန်ဖြင့် ပြောသည်။ ဆရာကြီး၏အသက်သည် (၉၀) ကျော်ပြီဖြစ်သည်။ ကျွန် တော်ဆရာကြီးကို အလွန်အားနာ သနားသွားပြီး မမေး တော့ဟု ဆုံးဖြတ်ကာအသံဖမ်းစက်ကို သိမ်းရန်ဟန် ပြင် ပါသည်။ နောက်ဆုတ်သွားသော ကျွန်တော့်လက်ကို လှမ်းဆွဲပြီး စကားဆက်ပါသည်။ "ရသစာပေဖတ်မှလည်း နှလုံးသားပြည့်ဝမယ်။ နောက်ပြီးတော့ တိုင်းပြည်အတွက် လည်း အကျိုးရှိမယ်။ သုတကတော့ အကြောင်းအချက် များတယ်။ နှလုံးသားနဲ့ပတ်သက်တာကတော့ ရသစာပေ ဖတ်မှ အများကြီးတိုးတက်နိုင်တာပေါ့။ ကိုယ် စိတ်နှလုံး ထဲကို ဝင်သွားနိုင်တယ်။ ရသစာပေများများဖတ်ဖို့ ဆရာ တိုက်တွန်းချင်တယ်။ ဒီနှစ်အမျိုးသားစာပေဆုရသွားတဲ့ ဂျူးရဲ့ဝတ္ထုဆိုရင် အင်မတန်ကောင်းတယ်။ ရက်ကန်းနဲ့ ပတ်သက်ပြီး ဖော်ထုတ်ရေးသားထားတာ အရမ်းကောင်း တယ်။ အခုအတော်လေး တိုးတက်လာပါပြီ။ စာကြည့်တိုက် မှာကြည့်ရင်လည်း ရသစာပေကို ကလေးတွေငှားဖတ်တာ ပြန်တက်လာတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်လာပြီးတော့ ရသစာပေနဲ့ ပတ်သက်တဲ့ဆွေးနွေး မှုတွေ၊ ဘာတွေ တက္ကသိုလ်မှာ လုပ်တယ်လေ။ အဲဒါတွေ လည်းပါမယ်ထင်တယ်။ လူကြီးတွေရဲ့ အားပေးမှုဆိုတော့ တိုးတက်လာတယ်လို့ယူဆရတယ်"ဟု ဆရာကြီးက သုံးသပ် ပါသည်။ ဆရာကြီးချောင်းဆိုးပြန်ပါသည်။ နာရေးခန်းမ ဆောင်အတွင်း စီးကရက်အနံ့၊ အမွှေးတိုင်အနံ့များကြောင့် ဖြစ်မည်ထင်ပါသည်။ ဆရာကြီးကို အလွန်အားနာသွားသော ကြောင့် ဆက်မမေးတော့ပါ။ ဆရာမကြီးဒေါ်ကြန်၏ ရုပ်အလောင်း ခြေရင်းဘက်ရှေ့ဆုံးတန်း၌ ဆရာကြီး ဦးသော်ကောင်း၊ ဆရာမောင်ခင်မင်(ဓနုဖြူ)၊ ဆရာမောင်သန်း ဆွေ (ထားဝယ်)၊ ဘေးဘက်တွင် ဆရာလယ်တွင်းသား စောချစ်၊ ဆရာအဏ္ဏဝါစိုးမိုးနှင့် အခြားစာရေးဆရာ ဆရာမ များလည်း ထိုင်နေကြသည်။
ရသစာပေကိုစိတ်ဝင်စားဖို့ဆိုတာ စိတ်ရှည်ဖို့လိုတယ်။ ရသစာပေဆိုတာ စိတ်ရှည်ရှည်နဲ့ဖတ်မှ ဘယ်လိုဖွဲ့နွဲ့ထားတယ်၊ ဘယ်လိုရသပေါ်တယ်ဆိုတာ တစိမ့်စိမ့်ခံစားရတာ။ ကနေ့လူငယ်အများစုက ယေဘုယျပြောရရင် စိတ်ရှည်တဲ့ဘက်မှာ အားနည်းသွားတယ်။ကနေ့လူငယ်တွေ သိပ်စိတ်မရှည်ကြဘူးလားမသိဘူး။ ခေတ်အခြေအနေအရ ဒိုးခနဲဒေါက်ခနဲ ချက်ချင်းသိချင်တဲ့အဖြေရချင်တဲ့စိတ်မျိုးက ပိုအားကောင်းနေတဲ့ကာလမှာ ရသစာပေလို ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားတဲ့စာမျိုး သူတို့ဖတ်ဖို့ စိတ်မရှည်တာမျိုးလည်း တစ်ဖက်က ပါမယ်ထင်တယ်။
ဆရာကြီးဦးသော်ကောင်းနှင့် ကပ်လျက် ထိုင်နေသည့် ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ကို ဆက်၍မေးပါရာ"တစ်ချိန်တုန်းကရသစာပေ တော်တော်အားနည်းသွား တယ်လို့ ပြောကြပါတယ်။ ပြောတဲ့အတိုင်းလည်း ဟုတ်ပါ တယ်။ ဘာလို့ဆိုတော့ ဝတ္ထုကောင်းရေးတဲ့ ပုဂ္ဂိုလ်တွေ လည်း လူနည်းစုလောက်ပဲရှိတယ်။ ထွက်တဲ့ဝတ္ထုလည်း နည်းတယ်။ ကျွန်တော်ထင်တာပေါ့နော် လူငယ်တွေရဲ့ တုံ့ပြန်မှုက ဒီကာလအတွင်းမှာ သုတစာပေခေတ် အား ကောင်းတဲ့ကာလ၊ လူငယ်တွေက အသိအမြင် ဗဟုသုတ သိစရာမှတ်စရာသုတဘက်ကို ဇောင်းပေး အာရုံစိုက်တာ ကြောင့်ဖြစ်တယ်"
ရသစာပေအားနည်းခဲ့ရသည့်အချိန်က အခြေအနေကို ဆရာမောင်ခင်မင်(ဓနုဖြူ)က အထက်ပါအတိုင်း သုံးသပ် ပြောကြားပြီး ရသစာပေနှင့်ပတ်သက်၍ "ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ ရသစာပေကို စိတ်ဝင်စားဖို့ဆိုတာ စိတ် ရှည်ဖို့လိုတယ်။ ရသစာပေဆိုတာ စိတ်ရှည်ရှည်နဲ့ဖတ်မှ ဘယ်လိုဖွဲ့နွဲ့ထားတယ်၊ ဘယ်လိုရသပေါ်တယ်ဆိုတာ တစိမ့်စိမ့်ခံစားရတာ။ ကနေ့လူငယ်အများစုက ယေဘုယျ ပြောရရင် စိတ်ရှည်တဲ့ဘက်မှာ အားနည်းသွားတယ်။ကနေ့ လူငယ်တွေ သိပ်စိတ်မရှည်ကြဘူးလား မသိဘူး။ ခေတ်အခြေအနေအရ ဒိုးခနဲဒေါက်ခနဲ ချက်ချင်းသိချင်တဲ့ အဖြေရချင်တဲ့ စိတ်မျိုးက ပိုအားကောင်းနေတဲ့ကာလမှာ ရသစာပေလို ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားတဲ့စာမျိုး သူတို့ဖတ်ဖို့ စိတ်မရှည်တာမျိုးလည်း တစ်ဖက်က ပါမယ်ထင်တယ်။ တစ်ဖက်က စာပေမြတ်နိုးမှုဆိုတာနဲ့ ပတ်သက်လို့ကတော့ ဒီဘူတာပဲ ပြန်ဆိုက်တာပဲ"ဟု ပြောလက်စစကားကိုရပ်ပြီး ဆရာကြီးအနားတွင် ရပ်စောင့်နေတာကြာပြီဖြစ်သည့် စာပေမိတ်ဆွေတစ်ဦးကို လက်ခံစကားပြောသည်။ နှုတ် ဆက်စကားဆိုပြီး သာကြောင်း မာကြောင်းနှင့် စာပေရေး ရာများဆွေးနွေးပြီး ဧည့်သည်ပြန်ထွက်သွားသည့်အခါ ဆရာကြီးက ဒီဘူတာပဲ ပြန်ဆိုက်တာပါပဲ။ ရပ်ထားသည့် စကားကို ပြန်စပြီးဆက်ပြောသည်။ ဧည့်သည်နှင့် စကား ပြောသည်မှာ ဆယ်မိနစ်ခန့်ရှိမည်ဟု ထင်ပါသည်။ ရပ်ထား သည့်စကားဆက်ကို ချက်ချင်းပြောသောကြောင့် အံ့သြမိ ပါသည်။ အချို့ဆရာများဆိုလျှင် စကားဘယ်မှာဆုံးသလဲ ဆိုသည်ကို မေးတတ်သောကြောင့် ဖြစ်ပါသည်။ ဆရာက "ဒီဘူတာပဲ ပြန်ဆိုက်တာပဲ။ အလွတ်ကျက်ပြီး ကျက်ထား တာပြန်ရေးတဲ့ပညာရေးနဲ့ကြီးလာတဲ့အခါကျတော့ လူငယ် အတော်များများက ကျွန်တော်ထင်တာ စာဆိုတာ အလွတ် ကျက်ရတဲ့ဟာဆိုတာနဲ့ ရထားတဲ့ လူငယ်အတော်များများ ရှိမယ်ထင်တယ်။ ကျောင်းစာဘာသင်သင် အလွတ်ကျက် မှာပဲ မြန်မာစာဖြစ်ဖြစ်၊ သမိုင်းဖြစ်ဖြစ်၊ သိပ္ပံဖြစ်ဖြစ် ဒါကို ရအောင်အလွတ်ကျက် စာမေးပွဲဖြေ ဖြေပြီးရင် စာမေးပွဲ အောင်ဆိုတော့ ဒီစာတွေထဲမှာပါတဲ့ရသ အရသာ၊ အနှစ် သာရကို သိမြင်တွေးခေါ်ဖို့ ကိစ္စမျိုးတွေ နောက်တန်းရောက် သွားပြီးတော့ စာကိုအလွတ်ကျက်ပြီး လေ့လာတဲ့ အား ကောင်းလာတဲ့အခါ ရသစာပေကို သိပ်မယဉ်ပါးဘူးပေါ့။ မယဉ်ပါးတဲ့အတွက်ကြောင့် ရသစာပေကို စိတ်ရှည်လက်ရှည် ဖတ်ချင်တဲ့ ဆန္ဒမရှိဘူး။ ဝတ္ထုတစ်ပုဒ်ဖတ်လိုက်တာနဲ့ပြီး ရင် ဘာဖြစ်မလဲဘယ်ကောင်လေးနဲ့ ဘယ်ကောင်မလေး ရမလား၊ ညားမလား ဒါသိရင်သူတို့ကျေနပ်ပြီ"ဟု ဆရာကြီး သုံးသပ်ချက်များအပေါ် ကျွန်တော်စီးမျောနေသည်။ ဆရာကြီးက နာရေးခန်းမအတွင်းမှ အသံများကျယ်သော ကြောင့် တစ်ခါတစ်ရံ အသံဖမ်းစက်ကို အနားတိုးပြီးလက် ဖြင့်ကိုင်၍ ပြောသည်။ ဆရာကြီးနှင့်ကျွန်တော့်ပတ်ဝန်းကျင်ကို အာရုံ စိုက်မှု အားနည်းနေသည့်အချိန် စာရွက်ခေါက် ကိုကိုင်ထားသည့် မိန်းကလေးလက်တစ်စုံ ကျွန်တော်တို့ နှစ်ဦးအကြား ဝင်လာသည်။သမီး ဆရာတို့အနားရောက်နေ တာ ငါးမိနစ်လောက်ရှိပြီဟုဆိုကာ ဆရာမကြီးဒေါ်ကြန်၏ ကိုယ်ရေးအကျဉ်းစာရွက် တစ်ယောက်တစ်ရွက်ကမ်းသွား သည်။ ဆရာကြီးက စကားစပြန်ဆက်သည် ရသစာပေ စိတ်ဝင်စားသူများသည် စာတစ်ပုဒ် တစိမ့်စိမ့်ဖတ်ပြီးသော် လည်းနောက် တစ်ကြိမ်ပြန်ဖတ်ဖို့ ဆန္ဒရှိကြောင်း မည်သည့် စာအုပ်သည် မည်သို့ဖွဲ့နွဲ့ထားသည်မှာ မည်သို့ရသမြောက် ကြောင်း ထိုရသအရသာကိုပြန်ဖတ်၍ ခံစားကြောင်း၊ ဝတ္ထုသော်လည်းကောင်း၊ ကဗျာသော်လည်းကောင်း၊ ရသ စာပေနှင့် မွေ့ပျော်သူတိုင်းသည် ထိုသို့ခံ့စားချက်ရှိကြောင်း ဆိုသည်။ ဆရာကြီးလက်ထဲတွင် ကိုင်ထားသော ဆရာ မကြီးဒေါ်ကြန်၏ ကိုယ်ရေးအကျဉ်း စာရွက်ခေါက်ကို လွယ်အိတ်အတွင်းထည့်၍ ဆက်ပြောသည် "ကနေ့ လူငယ်တချို့မှာ ရသခံစားမှုတွေ ပျောက်ဆုံးနေတယ် သူတို့က သုတဦးတည်တဲ့ သတင်းသိပြီးရင် ကျေနပ်ပြီ၊ အဲဒါကြောင့် ရသစာပေ မထွန်းကားရတဲ့အချိန်တစ်ချိန် ရှိခဲ့တယ်လို့ ထင်ပါတယ်။ ရသစာပေအားနည်းခဲ့ရခြင်း အကြောင်းကို ထောက်ပြပြီး ထိုအခြေအနေသည် ကြာ ရှည်ခံမည်မဟုတ်ကြောင်း" ဖြည့်စွက်ပြောသည်။
နာရေးခန်းမအပေါက်ဝမှ ကြေးစည်သံကြောင့် နာရေး ခန်းမဆောင်အတွင်းရှိ ဧည့်သည်များ လှုပ်လှုပ်ရှားရှားဖြစ် သွားသည်။ဆရာကြီးက "စာပေပွဲတော်တို့၊ ဘာတို့သွားရင် လူငယ်အတော်များများက ပြန်ထုတ်ထားတဲ့ အရင်တုန်းက ဝတ္ထုကောင်းတွေ တစ်ပွေ့တစ်ပိုက်ကြီးဝယ်ပြီး မိန်းကလေး တွေ၊ ယောကျာ်းလေးတွေ ဒီစာအုပ်တွေဖတ်မယ်ဆိုပြီး ဝယ်သွားတာကိုကြည့်ရတာကိုပဲ အားရစရာပါ။ ဒီစာအုပ် မျိုးတွေ ဖတ်ရမယ်ဆိုတာကို သူတို့ စိတ်ထဲက တောင့်တ လာပြီ ချင်ခြင်းဖြစ်လာပြီး ဖတ်ချင်တဲ့စိတ်ပေါ်လာတာ ဆိုတာ ရသစာပေ ပြန်လည်ဖွံ့ဖြိုးဖို့အတွက် အင်မတန် အားကောင်းတဲ့ အထောက်အပံ့ဖြစ်တယ်လို့ ထင်ပါတယ်။ ရသစာပေကို လူငယ်များစိတ်ဝင်စားလာတယ်"ဟု အားရ ဝမ်းသာစွာ ပြောသည်။
ထို့ပြင် ရသစာပေ ပြန်လည်ထွန်းကားရန် ဆောင်ရွက် နေကြောင်း ကလေးစာပေပွဲတော်ကစ၍ စာပေဟောပြော ပွဲများ၊ ဆွေးနွေးပွဲများ စာပေကိစ္စနှင့်ပတ်သက်ပြီး စကားဝိုင်း များ၊ စာဖတ်ပွဲများ လုပ်နေခြင်းများရှိကြောင်း၊ ထို့ကြောင့် ရသစာပေ၏အရသာကို ဖြည်းဖြည်းချင်း ခံစားတတ်လာ သည့် အလေ့အကျင့်ရရှိလာခဲ့လျှင် ရသစာပေ ပြန်လည် ထွန်းကားလာမှာဖြစ်ကြောင်း၊ ထို့ကဲ့သို့ဖြစ်ရန် အလွတ် ကျက်ပြီးပြန်ဖြေသည့် ပညာရေးစနစ်မှရုန်းထွက်ရန်ကြိုးစား နေကြောင်း၊ လက်ရှိအခြေအနေတွင် စိတ်တိုင်းကျမဖြစ် သေးဟု ယူဆကြောင်း ပြောသည်။ ဆရာမကြီး ဒေါ်ကြန်၏ ရုပ်အလောင်းခန်းမအတွင်းမှသယ်ထုတ်ရန် အချိန်နီးလာ သောကြောင့် လိုက်ပါပို့ဆောင်သည့် ဧည့်သည်များထိုင်ခုံမှ ထသူထကြသည်။ ဆရာမကြီး၏တပည့်များ ဆရာမကြီး ရုပ်အလောင်းကို ကန်တော့သူ ကန်တော့နေကြသည်။ ထိုအခြေအနေကြောင့် ဆက်မမေးတော့ဟု ဆုံးဖြတ်ပြီး အသံဖမ်းစက်ကို ပိတ်လိုက်သည်။ ဆရာကြီးက "ရသေး တယ်ဆိုကာ တာဝန်ရှိသူ မိဘများက ကလေးများအတွက် အချိန်ပေးပြီး ကလေးတွေဖတ်ချင်တဲ့စာအုပ်တွေဝယ်ပေးပြီး စာဖတ်ချင်စိတ်ဖွံ့ဖြိုးလာအောင်လုပ်ပေးခြင်းက ရသစာပေ ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်ပါတယ်။ ရသ စာပေကို မက်မက်မောမော ဖတ်တဲ့လူငယ်တွေ ပြန်လည် ပေါ်ပေါက်လာပြီး ရသစာပေဖွံ့ဖြိုးတဲ့အနေအထား ပြန် ရောက်လာမှာ ဖြစ်ပါတယ်။ အလေးအနက်လည်း မျှော်လင့် ပါတယ်" ဟု ဆရာမောင်ခင်မင်(ဓနုဖြူ)က သုံးသပ်စကား ပြောပြီး စကားကိုအဆုံးသတ်သည်။ ဆက်ပြီးအချိန်လုကာ ဆရာကြီး လယ်တွင်းသားစောချစ်ကို မေးပါသည်။ "ကျွန် တော့်အထင်ပြောရရင် ရသစာပေက ဘယ်တော့မှ တိမ် ကောမှာ မဟုတ်ဘူး။ ရသကို နှစ်သက်တယ်။ ချစ်၊ ရွှင်၊ သနား၊ ကြင်နာ၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ရဲဝံ့၊ ကြောက်ရွံ့၊ အံ့သြ၊ အဲဒါတွေသိင်္ဂါရရသ၊ ဟာသရသ၊ ရယ်ရတယ်။ သဘောကျတယ်။ ကရုဏာရသ မျက်ရည်ပေါက်ပေါက်ကျ အဲဒါကိုပဲ မြတ်မြတ်နိုးနိုးနဲ့ ကျွန်တော်တို့ ရသစာပေ ဖတ်ခဲ့ကြတယ်။ ရသကိုးမျိုးစလုံး ကြိုက်တာပါပဲ။ အဲဒီမှာ ရသစာပေက လူတွေရဲ့နှလုံးသားကို မျှတစေတယ်။ လူတွေ ကိုကောင်းတဲ့ အသိပေးစေတယ်။ ပေးတာက နှလုံးသား ကိုပေးတာ၊ ခံစားမှုနဲ့ပေးတာ မြဲစွဲတယ်။ တစ်သက်လုံးမှာ ပါလာတယ်။ မဟတ္တမဂန္ဓီကြီးဆိုရင် အင်္ဂလန်က ဝတ်လုံ ဘွဲ့ရ ဥပဒေပညာရှင် ယူရိုပီယံဆုတွေရတယ်။ သူ ရသ စာပေတစ်အုပ် ဖတ်လိုက်ရတယ်။ (အန်ဒူးသည်လိုက်)လား မသိဘူး။ အဲဒီစာအုပ်ဖတ်ပြီးတော့ အိန္ဒိယနိုင်ငံကြီးကိုချစ်တဲ့ မဟတ္တမဂန္ဓီကြီး ဖြစ်သွားတယ်။ သူကိုအဝတ်အစားကအစ ပြောင်းသွားတယ်။ ဒီကနေ့အထိ တစ်ကမ္ဘာလုံးက လေးစား ရတဲ့ မဟတ္တမဂန္ဓီကြီးဖြစ်သွားတယ်။ ရသစာအုပ်ကောင်း တစ်အုပ်က ပြုစုလိုက်တာပဲ"ဟု ဆရာကြီးက ရသစာအုပ် တစ်အုပ်ကြောင့် ပြောင်းလဲသွားသည့် မဟတ္တမဂန္ဓီကြီး အကြောင်း ရှင်းပြပြီးနာရေးခန်းမဆောင်အတွင်းမှ လှုပ်လှုပ် ရှားရှားဖြစ်နေသည့် လူများကိုကြည့်သည်။ ကျွန်တော် အသံဖမ်းစက်ကိုပိတ်ပြီး ရသစာပေအကြောင်း မေးမြန်း ခြင်းကို ရပ်လိုက်ပါသည်။
သို့သော် "ဆရာကြီးက အချိန်ရသေးတယ်ဟုဆိုကာ ရသစာပေကို ဒီနေ့အထိ လူတွေ မပစ်ပယ်ပါဘူး။ ဆိုပါစို့ဗျာ ဟယ်ရီပေါ်တာစာအုပ်အသစ်ထွက်လို့ရှိရင် စာဖတ်သူတွေ နှစ်မိုင်လောက်တန်းစီဝယ်ရတယ်။ ဒီဝတ္ထုမှာ ဘယာနကရသ ကြောက်စရာတွေပါတယ်။ အံ့သြစရာတွေပါတယ်။ အဗ္ဘုတ ရသ အဲဒါတွေကိုနှစ်သက်ပြီးတော့ တစိုက်မတ်မတ်လိုက် ဖတ်ကြတာ။ အဲဒီအထဲမှာ စာရေးဆရာက ဘာပေးထား သလဲဆိုတော့ ဇာတ်ကောင်တွေမှာ ကောင်းတဲ့လူကောင်း၊ သူကောင်း၊ သဘောမနော စရိုက်ကောင်းသူက အဓိက ဇာတ်လိုက်။ သူ့ရဲ့ရန်သူတွေ မကောင်းတဲ့စရိုက်ရှိသူတွေကို ဖတ်သူကဖတ်ရင်း မုန်းသွားတယ်။ သူတို့အပြုအမူတွေကို ကျဆုံးပါစေဗျာ၊ ကောင်းတဲ့သူနိုင်ပါစေ လူ့လောကကြီးကို ကောင်းတဲ့စိတ်ဓာတ်တွေနဲ့ စောင့်ရှောက်ပေးတယ်။ ရသ စာပေမှ မဟုတ်ဘူး စာများများဖတ်ဖို့ တိုက်တွန်းချင်တယ်။ သိုင်းဝတ္ထုမှာ အဖြူရောင်သိုင်းသမားနဲ့ အမည်းရောင်သိုင်း သမား အဖြူရောင်သမားဘက်က လက်ခုပ်တီးပေးတယ်။ဇာတ်သိမ်းရင် အမည်းရောင်ရှုံးမှာ သိုင်းဝတ္ထုပေမယ့် ဘာရတုန်းဆိုတော့ ကောင်းတဲ့စိတ်ရတယ်။ စာပေကပေးတာ ခံစားရင်းနဲ့ ရသစာပေကပေးတဲ့ အသိအလိမ္မာ ဥဏ်ပညာ တို့ကိုလည်းယူပါလို့ လူငယ်တွေကို ပြောချင်တယ်" ဟု ဆရာကြီးလယ်တွင်းသားစောချစ်က အမှာစကားပါးသည်။ ဆရာကြီးများကို ရသစာပေအကြောင်း၊ စာပေဖွံ့ဖြိုးရေး အကြာင်းမေးမြန်းပြီးချိန်တွင် ဆရာမကြီးဒေါ်ကြန် ရုပ် အလောင်းကို မီးသင်္ဂြိုဟ်စက်ရှိရာ သယ်ယူဖို့ ပြင်ဆင်နေ ကြသည်။ ဆရာကြီးများအားလက်အုပ်ချီ နှုတ်ဆက်ပြီး ပြန်ခဲ့သည်။ ဖြေကြားပေးသော ဆရာကြီးများအား ဂါရဝ တရားရှေ့ထားပြီး ကျေးဇူးတင်တင်ပါသည်။
Read More