အစားအစာတွေကို ရွှေနဲ့တောင် လုပ်ထားတာလား
yathar.com
|
2019-12-31

ဒူဘိုင်းမှာ မယုံနိုင်စရာကောင်းလောက်အောင် ဈေးကြီးတဲ့ အရာတွေရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။ လမ်းတစ်လျှောက်မှာ လမ်းလျှောက်သွားရင်တောင် တွေ့ရတဲ့အရာတွေက ဈေးကြီးနေနိုင်ပါတယ်။ ဒူဘိုင်းမှာရှိတဲ့ အစားအသောက်ကအစ ရွှေနဲ့လုပ်ထားတဲ့ စားစရာတွေ ရှိလို့ အစားအသောက်တွေကလည်း ဈေးကြီးပါတယ်။ ဒူဘိုင်းမှာ သူတို့ရဲ့ အစားအစာကို ဖန်တီးမယ်ဆိုရင် တကယ့်ရွှေကို အသုံးပြုပြီး အစားအသောက်ကို ဖန်တီးကြပါတယ်။ ရွှေဆိုလို့ လက်ထပ်လက်စွပ်က ရွှေတွေကို ကိုက်စားလို့ရတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လက်စွပ်မှာ ပါဝင်တဲ့ ရွှေမှာက တခြားပါဝင်ပစ္စည်းတွေကြောင့် စားမိရင် အန္တရာယ်ရှိပါတယ်။


စားလို့ရတဲ့ ရွှေက ၂၃-၂၄ ကာရတ်ရှိပြီးတော့ ပုံစံအားဖြင့် sheet ပုံစံ ဒါမှမဟုတ် အမှုန်လေးတွဖြစ်ပါတယ်။ ဒူဘိုင်းက လူတွေကလည်း သူတို့စားတဲ့ အစားအစာထဲမှာ ရွှေကိုထည့်စားရတာ ကြိုက်ကြပါတယ်။ ရွှေနဲ့လုပ်ထားတဲ့ အစားအစာတွေအများကြီးထဲက ဒူဘိုင်းမှာသာ ရနိုင်တဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။




GOLD CAPPUCCINO At the Armani Hotel Dubai
ဒီရွှေနဲ့လုပ်ထားတဲ့ Cappuccino ကို ကမ္ဘာ့အမြင့်ဆုံး Tower တစ်ခုဖြစ်တဲ့ Burj Khalifa က Armani Hotel Dubai   မှာရနိုင်ပါတယ်။ lobby ထဲမှာထိုင်ပြီးတော့ 75 AED ( $20 ) တန်ဖိုးရှိတဲ့ ကော်ဖီကို အေးအေးဆေးဆေးထိုင်ပြီးသောက်နိုင်ပါတယ်။ အဲ့ကော်ဖီကို hotel signature ဖြစ်တဲ့ Arabian blend ကော်ဖီကနေပြုလုပ်ထားတာပြီးတော့ ၂၃ ကာရတ်ရှိတဲ့ ရွှေနဲ့ ထပ်ပြီးတော့ အလှဆင်ထားပါတယ်။ 



Yellow Gold Tea
Dubai Mall မှာရှိတဲ့ TWG tea ဆိုင်မှာ ၂၄ ကာရတ်ရှိတဲ့ gold tea ကို သောက်သုံးနိုင်ပါတယ်။ အဲ့ tea ကို တစ်နှစ်မှာ တစ်ခါသာ တူးဖော်ရရှိနိုင်တဲ့ အဝါရောင် ဂျင်ဆင်းကနေ ပြုလုပ်ထားပါတယ်။ Tea အရွက်ရဲ့ အကောင်းဆုံးအပိုင်းကို သေချာရွေးယူပြီးမှ  ရွှေကပ်ကြေးနဲ့ ညှပ်ပြီး ခူးယူပါထားတဲ့ Tea အရွက် တစ်မျိုးလည်း ဖြစ်ပါတယ်။ လက်ဖက်ရွက်က ခြောက်ပြီဆိုတော့မှ ရွှေအပြားလေးနဲ့ အုပ်လိုက်ပါတယ်။ TWG က Yellow Gold Tea တစ်ခွက်ကို $270 ပေးရပါတယ်။



LUSSORY 24-KARAT GOLD ALCOHOL-FREE WINE
Alcohol-free alcohol ဆိုတာ ထူးဆန်းနေပေမဲ့ ဒူဘိုင်းမှာတော့ ဒါက Popular ဖြစ်ပါတယ်။ ဒူဘိုင်းမှာ အများဆုံးနေထိုင်တဲ့သူတွေက မူစလင်တွေဖြစ်တဲ့အတွက် အရက်မသောက်ကြပါဘူး။ တစ်ချို့ကျတော့လည်း Rule တွေကို လျစ်လျူရှုပြီး အရက်သောက်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေက hangover မဖြစ်အောင် alcohol-free ဖြစ်ပြီးတော့ ရွှေ ၂၄ ကာရတ်ပါတဲ့  LUSSORY 24-KARAT GOLD ALCOHOL-FREE WINE ကိုသောက်ကြပါတယ်။ အဲ့ wine ထဲမှာဆိုရင် ရွှေအဖတ်လေးတွေပါပြီးတော့ တစ်ပုလင်းကို $150 ပေးရပါတယ်။

ကဲ….. စာဖတ်သူတွေဆိုရင်ရော ဝယ်သောက်၊ ဝယ်စားကြမှာလား။ ဘဝမှာ တစ်ခါလောက်တော့ စားကြည့်မိချင်သားနော်။ ဒါမျိုးဝယ်ကျွေးခိုင်းစေချင်တဲ့ သူငယ်ချင်းများရှိရင် သူ့ကို မန်းရှင်းခေါ်ပြီး ဝယ်ကျွေးခိုင်းလိုက်ဦးနော်။


အစားတလိုင်းနှင့်  Resturant Owner တို့အတွက် တစ်ခုတည်းသော မြန်မာနိုင်ငံ၏ Platform (

yathar.com )

Yathar Application Download Link Discount coupon အသုံးပြုနည်း Booking ပြုလုပ်နည်း

#ရွှေ
#ဈေးကြီး
#ကော်ဖီ
#လက်စွပ်
#အစားအစာ

Some text some message..