တိမ်မြုပ်လု ပေထုပ်ကြိုး ခေါ် စာစည်းကြိုးကို ဖော်ထုတ်သူ စင်ကာပူ သံအမတ်ကြီး
mmtimes.com
|
2020-01-01



စာစည်းကြိုး ရက်လုပ်တဲ့ပညာဟာ အခုအခါ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ-။ ဓာတ်ပုံများ - မြန်မာတိုင်းမ်

တိမ်မြုပ်လု ပေထုပ်ကြိုး ခေါ် စာစည်းကြိုးကို ဖော်ထုတ်သူ စင်ကာပူ သံအမတ်ကြီး


ဗုဒ္ဓဘာသာ ရိုးရာရက်ကန်းထွက် လက်မှုပစ္စည်းတစ်ခုဖြစ်တဲ့စာစည်းကြိုး ကို စင်ကာပူသံအမတ်ကြီး Vanessa Chan က မြင်မြင်ချင်း စိတ်ဝင်စားသွားခဲ့တာပါ။

သံအမတ်ကြီးကို ပထမဆုံး ဖမ်းစားနိုင်ခဲ့တာကတော့ ဒေါ်ရွှေဘိုမိမိကြီး ရေးသားထားတဲ့ စာစည်းကြိုးအကြောင်း စာအုပ်ပါ။ ပုံနိုပ်ထုတ်ဝေခြင်း မပြုရသေးတဲ့ အင်္ဂလိပ်ဘာသာပြန်စာအုပ်ကို၂၀ဝ၉ ခုနှစ် ဝန်းကျင်လောက်က သူ ဖတ်ခွင့်ရခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ သံအမတ်ကြီးဟာ သူအားလပ်တဲ့ အချိန်တိုင်း၊ အခွင့်သာတိုင်း ဒီ လက်မှုပညာအကြောင်းကို ထဲထဲဝင်ဝင် သုတေသန ပြုတော့တာပါပဲ။

ဆယ်စုနှစ် တစ်ခုအကြာမှာတော့ သူ့ရဲ့ လေ့လာမှုဟာ စာအုပ်တစ်အုပ်အဖြစ် အရာထင်လာခဲ့ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာတော့Sarsikyo: Woven Buddhist Ribbons of Myanmar စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။

m_32a6.jpg


စာရေးသူ စင်ကာပူသံအမတ်ကြီး Vanessa Chan။ - ဓာတ်ပုံ -သိမ့်မွန်စိုး (ဂျေ)

ဒီ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ထင်ရှားတဲ့ ပညာရှင်တွေနဲ့ သံတမန်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

"Sarsikyo: Woven Buddhist Ribbons of Myanmar" စာအုပ်ဟာရှေးခေတ် မြန်မာ့လက်မှုအနုလက်ရာတစ်ခုနဲ့ ရှေးဟောင်း ရက်ကန်းရက်လုပ်ခြင်း နည်းနိဿယ အကြောင်းကို ဗဟုသုတများစွာ ပေးစွမ်းတဲ့ စာအုပ်ဖြစ်တယ်လို့Chan က မိတ်ဆက်ပါတယ်။

မြန်မာလူငယ် မျိုးဆက်သစ်တွေနဲ့ ကမ္ဘာတစ်ဝန်းအတွက် စာစည်းကြိုးကို ပြန်လည်ဖော်ထုတ်ဖို့နဲ့ ရေရှည်တည်တံ့အောင် လုပ်ဖို့လိုအပ်ကြောင်း သူက အလေးအနက်ပြောပါတယ်။

အစောဆုံး မှတ်တမ်းဝင် စာစည်းကြိုးကို သာလွန်မင်းတရားကြီးလက်ထက် (၁၆၂၉ • ၁၆၄၈) မှာ တွေ့ရပါတယ်။ အဲဒီအချိန်က တော်ဝင်မင်းသမီးတွေဟာ ရဟန်းတွေအတွက် ပေစာတွေ လ·ဒါန်းတဲ့အခါ အဲဒီပေစာတွေကို စည်းဖို့အတွက် အနုစိတ်လှပတဲ့ ပေထုပ်ကြိုး ခေါ် စာချည်ကြိုးကို သူတို့ကိုယ်တိုင် ရက်လုပ်ကြပါတယ်။ ဒီလို စာစည်းကြိုး ရက်လုပ်တဲ့ပညာဟာ အခုအခါ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်နေပါပြီ။

m_33b2.jpg


"ဒီသုတေသန လုပ်ငန်းကို ၂၀ဝ၉ ခုနှစ်မှာ စတင်ခဲ့တာပါ။ ကျွန်မ မြန်မာနိုင်ငံကို ၂၀ဝ၇ ခုနှစ်က ရောက်ပါတယ်။ ထင်ရှားတဲ့ စာကြည့်တိုက်မ·း ဦးသော်ကောင်းက ဒေါ်ရွှေဘိုမိမိကြီးရဲ့စာအုပ်နဲ့ ကျွန်မကို မိတ်ဆက်ပေးခဲ့တဲ့ ၂၀ဝ၉ ခုနှစ်ကတည်းက စာစည်းကြိုး စာအုပ်အတွက် စပြီး ထဲထဲဝင်ဝင်လေ့လာဖြစ်ခဲ့တာပါ" လို့ သူက ပြောပါတယ်။

စာအုပ်ထဲမှာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း စာစည်းကြိုးနဲ့ပတ်သက်လို့ သုတေသနပြုထားတာတွေနဲ့ သူ့ကိုယ်ပိုင်စုဆောင်းထားတဲ့ စာစည်းကြိုး ၁၉၀ ရဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။

စာစီးကြိုးပေါ်က စာတွေကိုတော့ ဦးကျော်ညွန့်၊ ဒေါက်တာရဲနဲ့တခြားပညာရှင်တွေက ယနေ့ခေတ် မြန်မာစာနဲ့ အင်္ဂလိပ်စာအသုံးအနှုန်းတွေအဖြစ် ဘာသာပြန်ဆိုထားပြီး အင်္ဂလိပ်ပိုင်းအတွက် Chan ကိုယ်တိုင် တည်းဖြတ်ခဲ့ပါတယ်။

စာစည်းကြိုးဆိုတာ ဘာသာရေးလှူ·ဒါန်းမှုတွေကို မှတ်တမ်းတင်ထားတဲ့ ဖဲကြိုးရစ်လုံးတွေလည်း ဖြစ်တယ်လို့Chan က ဆိုပါတယ်။

m_33c4.jpg


Sarsikyo: Woven Buddhist Ribbons of Myanmar စာအုပ်။ - ဓာတ်ပုံ- ဆန်းလင်းထွန်း

"အများအားဖြင့် ပိဋကတ်စာပေပါတဲ့ ပေစာထုပ်တွေကို လ·တန်းဖို့ ချည်ရာမှာ စာစည်းကြိုးတွေကို သုံးကြတယ်။ ယွန်းနဲ့ ပြုလုပ်ထားတဲ့ ကမ္မဝါအချပ်တွေကို ချည်ရာမှာလည်း သုံးပါတယ်။ သမိုင်းမှတ်တမ်းအရ ပိဋကတ် အစုံလိုက်နဲ့ ကမ္မဝါ ပေစာကောက်နုတ်ချက်တွေကို လ·တဲ့ပုံစံမျိုးက အတော် ကုန်ကျစရိတ်ကြီးပါတယ်။ အလ·အများအပြားကို ဘုရင်တွေ၊ မ·းမတ်တွေနဲ့ သူဌေးသြွူကယ်တွေက ပြုလုပ်ကြပါတယ်။ သာမန်ပြည်သူတွေကလည်း သူတို့ မိသားစုတွေ၊ ဒါမှမဟုတ် ဓမ္မအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မကြာခဏဆိုသလို စုပေါင်းလှူ·ဒါန်းမှုတွေ ပြုလုပ်ကြပါတယ်"လို့ သူက ပြောတယ်။

စာစည်းကြိုးတွေဟာ မီတာ အများအပြား ရှည်တတ်ပြီး အလှူ·ရှင်အမည်၊ လှူ·ဒါန်းတဲ့ ပစ္စည်းစာရင်း၊ တစ်ခါတလေ အလှူ·ကျင်းပတဲ့ နေရာ၊ ဘုရားရှိခိုးစာနဲ့ နိဗ္ဗာန်ရောက်ကြောင်း တောင်းဆုချွေတာတွေလည်း ရေးထိုးထားတယ်လို့ သံအမတ်ကြီးက ရှင်းပြပါတယ်။

"စာသားအားလုံးက ကဗျာလင်္ကာပုံစံမျိုးဖြစ်ပြီး ဒီစာ အများအပြားမှာ အင်မတန်အရေးပါတဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေ ပါဝင်နေတယ်"လို့ စာစည်းကြိုးတွေရဲ့ အရေးပါပုံကို ဆက်ပြောပါတယ်။

m_32c5.jpg


ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား စာအုပ်လက်ဆောင်ပေးနေစဉ်။ - ဓာတ်ပုံ -ဆန်းလင်းထွန်း

ဒီပညာရပ်ကို အာရုံစိုက်လာကြဖို့နဲ့ သုတေသနလုပ်ငန်းတွေ လုပ်လာဖို့ အားပေးတဲ့ ရည်ရွယ်ချက်နဲ့ စာအုပ်တစ်အုပ် ဖြစ်မြောက်အောင် ပြုစုရေးသားဖြစ်ခဲ့တာလို့ သူ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။

"အခု စာစည်းကြိုးအကြောင်းကို သုတေသနတွေစနေပြီဆိုတာ သိရလို့ ဝမ်းသာပါတယ်။ ခေါင်းလောင်းစာ၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာတွေလိုပဲ စာစည်းကြိုးတွေကလည်း အရေးပါတဲ့အတွက် နက်နက်နဲနဲ လေ့လာသင့်ကြတယ်"လို့ သူက ဆိုပါတယ်။

m_32b6.jpg


"စာစည်းကြိုးတွေဟာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေအတွက် အမှတ်တရလက်ဆောင်ပေးဖို့ သက်သက် မဟုတ်ဘဲ စာအုပ်ကိုဖတ်ပြီး မြန်မာပြည်တွင်းနဲ့ ပြည်ပက ပညာရှင်တွေအနေနဲ့ စာစည်းကြိုးကို တကယ် အလေးအနက်ထား လေ့လာရမယ့် မှတ်တမ်းတွေအဖြစ် ရှုမြင်လာကြပါစေလို့ကျွန်မ မျှော်လင့်မိပါတယ်"လို့ Chan သူ့ မျှော်မှန်းချက်ကိုပြောပြပါတယ်။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲမှု လမ်းကြောင်းပေါ်ကို မဖြစ်မနေ ချီတက်နေစဉ်မှာပဲ မိမိတို့ လူမျိုးရဲ့ ကိုယ်ပိုင် ဝိသေသ အမှတ်လက္ခဏာနဲ့ ဂုဏ်ယူဖွယ် သမိုင်းကြောင်းတွေကိုထိန်းသိမ်းဖို့အတွက် ရိုးရာ၊ လက်မှုလုပ်ငန်းနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေကို အခြေခိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး အခု စာစည်းကြိုးဟာ ရိုးရာအမွေအနှစ်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

စာရေးသူအကြောင်း

Ms Vanessa Elizabeth Chan Yuen Ying ဟာ ၂၀၁၇ မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလက ၂၀၁၇၊ ဇွန်လအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာအဖွဲ့အစည်းများ ညွှန်ကြားမှုဌာနရဲ့ ညွှန်ကြားရေးမ·းချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။Ms Chan ဟာ ၁၉၈၈ မှာ Cambridge တက္ကသိုလ်က ဥပဒေ (ဂုဏ်ထူးတန်း) ဘွဲ့ရခဲ့ပြီး ၂၀၁၁ ခုနှစ်မှာYusof Ishak Institute ရဲ့NSC, ISEAS မှာ Visiting Research Fellow အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဒီစာအုပ်ကို ဗဟိုလမ်းနဲ့ အလုံလမ်းထောင့်မှာ ရှိတဲ့Myanmar Book Center မှာ အမေရိကန်ဒေါ်လာ ၇၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ ါ ဝင်းသော်တာ၊ ဇာဇာစိုး ဘာသာပြန်သည်။

(ဆန်းလင်းထွန်းသည် အက်ဆေး၊ ကဗျာ၊ ဝတ္ထုတိုနှင့် ဝတ္ထုရှည်များကို မြန်မာ၊ အင်္ဂလိပ်

အနှစ်ဘာသာဖြင့် ရေးသားသော အလွတ်တန်းစာရေးဆရာ ဖြစ်သည်။)

Read More

#စည်းကြိုး
#ပေစာ
#စာအုပ်
#သံအမတ်ကြီး
#စာ

Some text some message..