ယခုလအတွင်း ထုတ်ပြန်မည့် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်
edge.com.mm
|
2020-01-16

** Unicode **

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လျှောက်လွှာများကို တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးရုံးများက ၂၀၁၉ ဒီဇင်ဘာ ပထမအပတ်မှ စတင်လျှောက်ထားခွင့်ပြုခဲ့ပြီး လျှောက်ထားသူများအား ဇန်နဝါရီ ဒုတိယအပတ်တွင် လူတွေ့စစ်ဆေးခဲ့ပါတယ်။

သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ရရှိသူများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများတွင် ကြေညာမည်ဖြစ်ပါတယ်။

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်သတ်မှတ်ချက်သည် အရင်နှစ်များနှင့်အတူဖြစ်ပါတယ်။ တိုင်းပညာရေးမှူးရုံးများက လူတွေ့စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိလျှင် လက်မှတ်ပေးသွားမည်ဖြစ်သည်ဟု အခြေခံပညာရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးမှ ရှင်းပြပါတယ်။

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေတွင် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားသောဆရာသည် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိထားရမည်ပြီး ဘာသာရပ်အလိုက် သင်ကြားမည့် ကျောင်းဆရာဦးရေ လုံလောက်မှသာ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်း၊ သက်တမ်းတိုးခြင်း၊ ကျောင်းအဆင့်တိုးခြင်းများ ဆောင်ရွက်ပေးမည်ဟု ဖော်ပြထားပါတယ်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခွင့် လျှောက်ထားခြင်း၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းများကို ယခင်ပညာသင်နှစ်များက ကျောင်းဖွင့်ရန် သုံးလခန့်အလိုမှသာ ဆောင်ရွက်ပေးသော်လည်း ယခုနှစ်တွင် ပညာသင်နှစ် မစတင်မီခြောက်လခန့်အလိုကပင် စတင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ပညာရေးဘွဲ့၊ သင်ကြားမည့် ဘာသာရပ်နှင့် သက်ဆိုင်သည့်ဘွဲ့ရရှိသူများသည် အထက်တန်းအဆင့်သင့် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားနိုင်ပြီး အလယ်တန်းနှင့် မူလတန်းအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာ လက်မှတ်လျှောက်ထားသူများအနေဖြင့် ယင်းသတ်မှတ်ချက်အပြင် ဆရာအတတ်ပညာဒီပလိုမာ (သို့) လက်မှတ်ရရှိထားရမည်ဖြစ်ပါတယ်။

ထို့အပြင်ဘွဲ့ရရှိထားပြီး တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ဆရာအဖြစ်အနည်းဆုံးလုပ်သက် (၅) နှစ်ရှိသူများလည်း လျှောက်ထားနိုင်သည်ဟု သတ်မှတ်ထားပါတယ်။

ယင်းမှတ်ပုံတင်ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘွဲ့လက်မှတ်၊ ဒီပလိုမာလက်မှတ်မူရင်းနှင့်မိတ္တူ (၃)စုံ၊ ဓာတ်ပုံ (၅) ပုံဖြင့် လျှောက်ထားရမည်ဖြစ်ပါတယ်။

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများကို ၂၀၁၂-၁၃ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခွင့်ပြုပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း (၁၀၀၀) ကျော်ဖွင့်ခွင့်ပြုထားပါတယ်။
Credit: 7Day News

** Zawgyi **

#ကိုယ်ပိုင်ကျောင်းဆရာ
#ကိုယ်ပိုင်ကျောင်း
#ကြော
#မှတ်ပုံတင်
#ဆရာ

Some text some message..