လူ (၁၀၀) မှာ (၉၉) ယောက် မဖြေနိုင်တဲ့ ဉာဏ်စမ်းမေးခွန်းလေးတစ်ခု
lotaya.mpt.com.mm
|
2020-03-17

Freepik/macrovector

ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးမှာ အလွန်ချောမောလှပတဲ့ သမီးတော်လေးတစ်ပါးရှိလေသတဲ့။ ချောမောလှပတဲ့ မင်းသမီးလေးဖြစ်တဲ့အလျှောက် မင်းသမီးလေးကို လက်ဆက်ချင်နေတဲ့ မင်းသား (၃)ပါးလည်း ရှိလို့နေပါတယ်။ ဘုရင်ကြီးက သမီးတော်လေးကို ငယ်သေးတဲ့အတွက် မင်းသားတွေနဲ့လက်ဆက်မပေးချင်ပေမယ့် တိုင်းရေးပြည်ရေးအရ လက်ဆက်ပေးရမယ့် တာဝန်ကလည်း ရှိနေပြန်ပါတယ်။ ဒီတော့ ဘုရင်ကြီးက သမီးတော်လေးကိုလည်း မလက်ဆက်ရလေအောင်၊ မင်းသား (၃) ပါးနဲ့လည်း ချစ်ကြည်ရေးမပျက်ရလေအောင် ကြံစည်ပါတော့တယ်။ အဲ့တာကတော့ မင်းသမီးလေးကို ရဖို့အတွက်ဆိုရင် မင်းသား (၃) ပါးက ဘုရင်ကြီးမေးမဲ့မေးခွန်းကို မှန်အောင်ဖြေနိုင်ရမှာဖြစ်ပါတယ်။

ဘုရင်ကြီးရဲ့ မေးခွန်းကို ဘယ်မင်းသားက မှန်အောင်ဖြေနိုင်ပြီး မင်းသမီးလေးနဲ့ လက်ဆက်ခွင့်ရမလဲဆိုတာ ဖြေပေးခဲ့ပါဦးနော်။ ဒီနေရာမှာ သေချာစဉ်းစားပြီး မှန်အောင်ဖြေနိုင်ခဲ့မယ်ဆိုရင် သင်ဟာ အရာရာကို ကျိုးကြောင်းစီလျှော်စွာ စဉ်းစားတွေးခေါ်တက်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ အသေအချာပါပဲ။ ကဲ စလိုက်ရအောင်နော်…..

ဘုရင်ကြီးက မင်းသား (၃) ပါးရဲ့ မျက်လုံးကို ပထမဆုံး အဝတ်နဲ့စည်းပါတယ်။ ပြီးတော့ တစ်ယောက်တစ်နေရာစီခေါ်သွားပြီး တူညီတဲ့မေးခွန်း (၁)ခုကိုမေးမြန်းခဲ့ပါတယ်။ မင်းသားတွေက မေးခွန်းဖြေဆိုတဲ့နေရာမှာလည်း ဘယ်သူ့ကိုမှ အကူအညီတောင်းခွင့် မရှိတဲ့အပြင် မျက်လုံးစည်းကိုလည်း မချွတ်ဖို့ တားမြစ်ခဲ့ပါတယ်။

(က) ပထမ မင်းသား

ပထမ မင်းသားကို တောင်ပေါ်က နေရောင်အောက်မှာတောက်ပနေတဲ့ သစ်သားတံခါး (၁၀) ချပ်ရှိတဲ့နေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သစ်သားတံတား (၁၀)ချပ်မှာ (၉) ချပ်က အဖြူရောင်ဖြစ်ပြီး (၁)ချပ်သာလျှင် အမည်းရောင်ဖြစ်ကြောင်းနဲ့ ဒီအမည်းရောင် သစ်သားတံခါးကို (၁၀) မိနစ်အတွင်း ရှာပြီးပြနိုင်ခဲ့မယ်ဆိုရင် မင်းသမီးလေးနဲ့ လက်ဆက်ခွင့်ရမှာဖြစ်ကြောင်း ဘုရင်ကြီးက မိန့်တော်မူခဲ့ပါတယ်။

(ခ) ဒုတိယ မင်းသား

ဒုတိယ မင်းသားကို တောင်စောင်းအောက်မှာရှိတဲ့ အဆောက်အအုံ (၁၀) ခုရှိတဲ့နေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီနောက် အဆောက်အအုံ (၁၀) ခုမှာ (၉)ခုက အဖြူရောင်ဖြစ်ပြီး (၁) ခုသာလျှင် အမည်းရောင်ဖြစ်ကြောင်းနဲ့ ဒီအမည်းရောင်အအောက်အအုံကို (၁၀) မိနစ်အတွင်း ရှာပြီးပြနိုင်ခဲ့မယ်ဆိုရင် မင်းသမီးလေးနဲ့ လက်ဆက်ခွင့်ရမှာဖြစ်ကြောင်း ဘုရင်ကြီးက မိန့်တော်မူခဲ့ပါတယ်။

(ဂ) တတိယ မင်းသား

တတိယ မင်းသားကိုတော့ ခမ်းနားတဲ့ စားပွဲကြီး (၁၀) လုံးပြင်ဆင်ထားတဲ့နေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီနောက် စားပွဲကြီး (၁၀) ခုမှာ (၉)ခုကို အဖြူရောင်အခင်းခင်းထားပြီး (၁)ခုကိုသာ အမည်းရောင်အခင်းခင်းထားကြောင်းနဲ့ ဒီအမဲရောင်အခင်းခင်းထားတဲ့ စားပွဲကို (၁၀) မိနစ်အတွင်း ရှာပြီးပြနိုင်ခဲ့မယ်ဆိုရင် မင်းသမီးလေးနဲ့ လက်ဆက်ခွင့်ရမှာဖြစ်ကြောင်း ဘုရင်ကြီးက မိန့်တော်မူခဲ့ပါတယ်။

ကဲ အခုဆိုရင် သင်လည်း မင်းသားတွေကို မေးမြန်းတဲ့ ဘုရင်ကြီးရဲ့မေးခွန်းတွေကို သိပြီးပြီထင်ပါတယ်။

တကယ်တော့ မျက်လုံးစည်းထားတဲ့ကြားက ဘယ်တစ်ခုက အမည်းရောင်လဲဆိုတာ သိဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ ဒီထဲက သိပ္ပံနည်းပညာတွေ လိုက်စားတတ်တဲ့ မင်းသားတစ်ပါးက

အဖြေမှန်ကို ဖော်ထုတ်သွားနိုင်ပါတယ်။ အဲ့ဒါ မင်းသား နံပါတ်ဘယ်လောက်ဖြစ်မယ်ထင်လဲ တွေးကြည့်ပါဦး။

သူ့အဖြေထုတ်နည်းကလည်း အားလုံးနဲ့ ရင်းနှီးပြီးသားပါနော်..။

အဖြေမှန်ကို အောက်မှာ ပေးထားပါတယ်။ စဉ်းစားလို့ ဝရင် တိုက်ကြည့်လိုက်ပါနော်။

..





..

..

အဖြေမှန်

(က) ပထမ မင်းသား

ပထမ မင်းသားက မေးခွန်းကို အောင်မြင်စွာဖြေဆိုသွားနိုင်ခဲ့တာပါ။ ဘာလို့လဲဆိုတာ အမည်းရောင်က တခြားအရောင်တွေထက် အပူကို ပိုစုပ်နိုင်တဲ့ အားရှိပါတယ်။ ပထမ မင်းသားက တောင်ပေါ်က နေရောင်အောက်မှာရှိနေတဲ့ အမဲရောင်သစ်သားတံခါးကို ရွေးချယ်ရတာဆိုတော့ အမဲရောင်သစ်သားတံခါးက အဖြူရောင်သစ်သားတံခါးတွေထက် ပိုပြီး ပူနေတဲ့အတွက် လိုက်စမ်းကြည့်ရင်း အဖြေထုတ်နိုင်သွားတာဖြစ်ပါတယ်။

#lotaya_funny

နေ့စဉ် အသစ်သစ်သော ဟာသ လေးတွေကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#မင်းသား
#မင်းသမီးလေး
#ဘုရင်
#အမည်း
#သစ်သား

Some text some message..