သင်ဟာ ဘဝမှာ ဘယ်လိုအရာမျိုးကို ဖုံးကွယ်လေ့ရှိနေသလဲ
lotaya.mpt.com.mm
|
2020-04-04

Shutterstock

ဘယ်လောက်ပဲ ရိုးသားတဲ့လူဖြစ်စေဦးတော့ ဘဝမှာ တစ်ခုမဟုတ် တစ်ခုကိုတော့ ဖုံးကွယ်လေ့ရှိမှာပါပဲ။ သင့်ရဲ့ ဘဝတစ်လျှာက်လုံး အကျင့်ဖြစ်နေတဲ့ ဖုံးကွယ်ထားတဲ့အရာကရော ဘာလဲ.. ဒါကိုသိရဖို့အတွက် ပေးထားတဲ့ မျက်နှာဖုံးလေး ၄ ခုထဲကနေ သင့်စိတ်အာရုံကို မြင်မြင်ချင်းဖမ်းစားခဲ့တဲ့ ၁ ခုကိုရွေးချယ်ပြီး စမ်းစစ်ကြည့်လိုက်ပါ။




POZNANINA/Shutterstock


(၁) ကျားသစ်မျက်နှာဖုံး

ကျားသစ်မျက်နှာဖုံးကို ရွေးချယ်လိုက်တဲ့သင်ဟာ အနာဂတ်အစီအစဉ်တွေ၊ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေ၊ ပြဿနာရဲ့အဖြေတွေ စတာတွေကို အရင်းနှီးဆုံးလူတောင် မသိအောင် ဖုံးကွယ်တတ်တဲ့သူပါတဲ့။




Jemastock/Shutterstock


(၂) ဂျိုကာမျက်နှာဖုံး

ဒီမျက်နှာဖုံးကပြောပြတဲ့ သင်ဖုံးကွယ်ထားတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ သင့်ရဲ့မွေးရာပါ ပါရမီလို့ခေါ်မလား၊ အရည်အချင်းလို့ခေါ်မလားပဲ။ သင်ဟာ တစ်စုံတစ်ခုကို အမြဲတမ်း ကြိုမြင်လေ့ရှိတယ်၊ ကြိုသိလေ့ရှိတယ်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောတာပါ။




POZNANINA/Shutterstock


(၃) ခွေးမျက်နှာဖုံး

မိသားစုဝင်တွေကိုတောင် ပေးမသိတဲ့ သင့်ရဲ့လျိှု့ဝှက်ချက်ကတော့ သင့်ရဲ့စိတ်ခံစားချက်တွေပါပဲ။ ဘာကြောင့်ဆို အပြင်ပမ်းကြည့်ရင် စိတ်မာသလိုထင်နေရပေမယ့် တကယ်တမ်း နှလုံးသားကနူးညံ့ပြီး စိတ်ထိခိုက်လွယ်တာကိုပြရမှာ ရှက်လို့ပါတဲ့။




Q109-05

robuart/Shutterstock


(၄) ကြောင်မျက်နှာဖုံး

နောက်ဆုံးမျက်နှာဖုံးက သင့်အနေနဲ့ ဖုံးကွယ်ထားတဲ့အရာကို ပြောပြနေတာကတော့ ဒီလိုပါ။ သင်ဟာ ပြဿနာအခက်အခဲကြုံလာတိုင်း ဘယ်သူ့ကိုမှ ဖွင့်ပြောပြလေ့မရှိပါဘူးတဲ့။ ကိုယ့်ဟာကိုယ် ကြိတ်ပြီး ရအောင်ဖြေရှင်းကာ ဖြစ်သမျှတွေကနေ သင်ခန်းစာယူတတ်တဲ့လူမျိုးပေါ့။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#မျက်နှာဖုံး
#ကျားသစ်
#ဂျိုကာ
#အရာ
#စိတ်ကူးစိတ်သန်း

Some text some message..