
ဒီတစ်ခေါက်တော့ ပေါ့ပေါ့ပါးပါးနဲ့ပျော်စရာလေးဖြစ်စေမယ့် အရာလေးတစ်ခု ပြင်ဆင်ပေးထားပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် emoji လေးကို ရှာဖို့ပါ။ ပေးထားတဲ့ emoji လေး တွေထဲက သင်အကြိုက်ဆုံး emoji လေးတစ်ခုကို ရွေးချယ်လိုက်ပါ။ ရွေးချယ်လိုက်တဲ့ emoji လေးဟာ သင့်ကိုယ်ပိုင် emoji လေးဖြစ်သွားရုံတင်မကသေးဘဲ သင့်အကြောင်းကိုလည်း ပြောပြပေးသွားဦးမှာနော်။
Mr. Claret Red/Shutterstock
(၁) သင်ဟာ သိမ်မွေ့ပြီး ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်ပါ။ စကားများတတ်ပြီး ပျော်တတ်ပါတယ်တဲ့။
Arizzona Design/Shutterstock
(၂) ရင့်ကျက်ပေမယ့် ပျော်ပျော်နေတတ်တယ်။ တစ်စုံတစ်ယောက်ကို ချစ်ပြီဟေ့ဆိုတာနဲ့ နက်နက်နဲနဲ စွဲစွဲမြဲမြဲချစ်တတ်ပါတယ်။
Vladimirkarp/Shutterstock
(၃) တစ်နေရာတည်းမှာအငြိမ်နေတတ်သလို ဆုံးဖြတ်ချက်လည်း မပြတ်သားဘူး၊ စိတ်ကူးယဉ်တတ်ပြီး ကိုယ့်ကိုယ်ကိုတော့ သိပ်ချစ်တတ်တဲ့လူတစ်ယောက်။
JosepPerianes/Shutterstock
(၄) သဘောကောင်းတယ်၊ ကိုယ်ချင်းစာစိတ်ရှိတယ်။ အတွင်းစိတ်ကို လှစ်ပြလေ့မရှိသလို ကိုယ့်ဖြစ်တည်မှုကို ရောင့်ရဲတင်းတိမ်တတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။
Aratehortua/Shutterstock
(၅) ကိုယ်၊ နှုတ်၊ အမူအယာ၊ စိတ်ဓာတ် စတဲ့ အရာတွေကြောင့် တခြားလူတွေဟာ သင့်ကိုမချီးကျူး၊ မလေးစားဘဲ မနေနိုင်ကြပါဘူးတဲ့။
Aratehortua/Shutterstock
(၆) ဘဝကို ဘယ်လိုပျော်အောင်နေရမလဲဆိုတာ အမြဲစဉ်းစားနေသူတစ်ယောက်။ ကိုယ်၊ စိတ်နှလုံးပင်ပမ်း ဆင်းရဲမယ့်ကိစ္စတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီးနေပေမယ့် တကယ်တမ်းသင်ဟာ သိပ်ကို ထိလွယ်ရှလွယ်တဲ့လူတစ်ယောက်ပါ။
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။