
Shutterstock/By Francesco Abrignani
ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် နောက် (၃) ရက်အကြာမှာဖြစ်လာမယ့် ကံကြမ္မာအပြောင်းအလဲနဲ့ပတ်သတ်တဲ့ Quiz လေးတစ်ခုကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ကံကြမ္မာဟာ နောက် (၃) ရက်အကြာမှာ ဘယ်လိုရှိမလဲဆိုတာ Quiz လေးဆော့ပြီး ကြည့်ကြည့်လိုက်ရအောင်နော်။ သင်လုပ်ပေးရမှာက သင့်အကြိုက်ဆုံးဖဲချပ်လေးတစ်ခုကို ရွေးပြီးအဖြေကြည့်ရုံပါပဲ။ ကဲ…စလိုက်ရအောင်
ပထမဖဲချပ်
Shutterstock/By Francesco Abrignani
ပထမဖဲချပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ နောက် (၃) ရက်အကြာမှာ သင့်ရဲ့ကံကြမ္မာက ထိပ်ဆုံးကို ရောက်ရှိနေပါလိမ့်မယ်။ သင်လုပ်ဆောင်တဲ့ ကိစ္စတိုင်းဟာ အထစ်အငေါ့မရှိ အဆင်ပြေချောမွေ့နေမှာဖြစ်ပြီး သင်ဆန္ဒရှိတဲ့အရာတွေဟာ လက်တွေ့ဖြစ်မြောက်လာပြီလို့ ကိုယ့်ကိုယ်ကို ခံစားနေရမဲ့ အချိန်ဖြစ်နေမှာပါ။ ဒါကြောင့် သင်ဟာ အခုချိန်မှာ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိရှိ ပြုမူနေထိုင်ရမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း အနားပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်။
ဒုတိယဖဲချပ်
Shutterstock/By Francesco Abrignani
ဒုတိယဖဲချပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ နောက် (၃) ရက်အကြာမှာ သင်ဟာ အတိတ်က သင်လိုချင်ခဲ့တဲ့အရာတွေနဲ့ လက်ရှိ သင်လိုချင်နေတဲ့အရာတွေကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မူလွန်နေတဲ့ အပြုအမူ၊အပြောအဆိုတွေကို ရှောင်ရှားသင့်ပါတယ်။ သင့်ကိုကူညီနိုင်မဲ့ အရည်အချင်းပြည့်ဝတဲ့လူတစ်ဦးတစ်ယောက်စီက အကူအညီတောင်းခံရမယ်ဆိုရင်တောင် သင့်အနေနဲ့ သူ့အကူအညီတွေကိုယူဖို့ မတွန့်ဆုတ်ပါနဲ့လို့ အကြံပေးချင်ပါတယ်။
တတိယဖဲချပ်
Shutterstock/By Francesco Abrignani
တတိယဖဲချပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ နောက် (၃) ရက်အကြာမှာ သင့်ဆီကို မယုံနိုင်လောက်တဲ့ ကံကောင်းခြင်းတွေ ရောက်ရှိလာပါလိမ့်မယ်။ ဒီအတောအတွင်းမှာလည်း သင့်အနေနဲ့ အခက်အခဲ၊အတားအဆီးတွေကို ရင်ဆိုင်ကြုံတွေ့ရမှာမဟုတ်ပဲ သင်လုပ်ဆောင်သမျှကိစ္စတိုင်းက အဆင်ပြေချောမွေ့နေမှာဖြစ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ အရာရာတိုင်းကို အကောင်းဖက်က မြင်အောင်ကြည့်ပေးဖို့နဲ့ ကိုယ်လုပ်ဆောင်သမျှကိစ္စတိုင်းကို အကောင်းဆုံးကြိုးစားလုပ်ကိုင်ဖို့ လိုအပ်တယ်လို့ အကြံပေးချင်ပါတယ်။
စတုတ်ထဖဲခပြ
Shutterstock/By Francesco Abrignani
စတုတ္ထဖဲချပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ နောက် (၃) ရက်အကြာမှာ သင်လုပ်ဆောင်သမျှ ကိစ္စတိုင်းဟာ ဒီနှစ်ကုန်မှာ အောင်မြင်မူကိုရရှိပါလိမ့်မယ်။ ဒါ့အပြင် သင့်အနေနဲ့ များစွားသော အခွင့်အလမ်းကောင်းတွေနဲ့အကူအညီကောင်းတွေကို ထပ်တလဲလဲ ရရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စိတ်ထဲရှိတဲ့ ကိစ္စရပ်တိုင်းကို လက်တွေ့အကောင်အထည်ဖော်မယ်ဆိုရင် ကျိန်းသေပေါက် အောင်မြင်မူကို ရရှိမှာဖြစ်ပါတယ်။ သတိထားရမယ့် အချက်တွေကတော့ သင်လုပ်ဆောင်သမျှကိစ္စရပ်တိုင်းကို တစ်ဖက်လူကဝင်ရောက်စွက်ဖက်ပြီး အကြံပေးလုပ်ဆောင်တာမျိုး မခံရအောင် ဂရုစိုက်သင့်ပါတယ်။ အရာရာကို အေးအေးဆေးဆေးနဲ့ ကိုယ့်စိတ်ထဲက လုပ်ချင်တဲ့အတိုင်း လုပ်ဆောင်သင့်တယ်လို့ အကြံပေးချင်ပါတယ်။