သင်ရွေးချယ်လိုက်တဲ့ ဖိနပ်အမျိုးအစားကပြောပြပေးမယ့် သင်နဲ့အသင့်တော်ဆုံး အသက်မွေးဝမ်းကြောင်းအလုပ်
lotaya.mpt.com.mm
|
2020-04-25

Shutterstock/ Anton Starikov & Nadiia Korol & Michael Kraus & Krakenimages.com

လူတိုင်းမှာ ကိုယ်ဝါသနာပါတဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဆိုတာ ရှိကြမှာပါ။ ဒါပေမဲ့ တစ်ချို့ကျတော့လည်း ဝါသနာပါတဲ့အသက်မွေးဝမ်းကြောင်းကို အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ခဲ့ရပြီး တစ်ခြားအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုနဲ့ ဘဝကိုရှေ့ဆက်နေရတာမျိုးလည်းရှိမှာပါ။ ဒီလိုအချိန်မျိုးမှာ ကိုယ်လုပ်နေတဲ့အသက်မွေးဝမ်းကြောင်းအလုပ်က ကိုယ်နဲ့သင့်တော်နေမှဖြစ်မှာပါ။ ဒီဖိနပ်လေးတွေထဲက သင့်စိတ်ကိုအဆွဲဆောင်ဆုံးဖိနပ်တစ်စုံကို ရွေးချယ်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးအသက်မွေးဝမ်းကြောင်းအလုပ်က ဘယ်ဟာဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်….

နံပါတ် (၁) ဖိနပ်




Shutterstock/ By Anton Starikov

နံပါတ် (၁) ဖိနပ်ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ စိတ်ဓာတ်မာကြောတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်ခုခုဆိုရင် စိတ်လိုက်မာန်ပါလုပ်တက်လေ့ရှိပါတယ်။ ဒါ့အပြင် ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သူတစ်ဦးပါ။ ဒီလိုလူမျိုးတွေက အကျိုးအမြတ်ကိုအခြေခံပြီး ပြုလုပ်ရတဲ့ အရောင်းစာရေးလို အလုပ်အကိုင်မျိုးနဲ့သင့်တော်တဲ့အပြင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင်တဲ့ အလားအလာကောင်းတွေ ရှိပါတယ်။

နံပါတ် (၂) ဖိနပ်




Shutterstock/ By Nadiia Korol

နံပါတ် (၂) ဖိနပ်ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ တည်တည်ငြိမ်ငြိမ်နဲ့စဉ်းစားတွေးခေါ်ပြီး အလုပ်လုပ်တက်တဲ့လူတစ်ယောက်ပါ။ ဒါ့အပြင် သင်ဟာ အဖွဲ့အစည်းနဲ့ပူးပေါင်းလုပ်ဆောင်တက်တဲ့သူတစ်ဦးဖြစ်တဲ့အပြင် အမြဲတမ်းသင့်ရဲ့ရည်မှန်းချက်ဖြစ်မြောက်အောင် အာရုံစိုက်တက်ပါတယ်။ သင်ဟာ လက်ဝတ်လက်စား၊ ကားအရောင်းအဝယ် နဲ့ ပန်းအလှပြင်တဲ့နယ်ပယ်တွေမှာ ကျွမ်းကျင်ပါတယ်။ ဒီလိုလူမျိုးတွေနဲ့အသင့်တော်ဆုံး အသက်မွေးဝမ်းကြောင်းတွေကတော့ စာရင်းကိုင်၊ရှေ့နေ၊ စားဖိုမှူး၊ ဆရာ နဲ့ ဒီဇိုင်နာ အလုပ်တွေပဲဖြစ်ပါတယ်။

နံပါတ် (၃) ဖိနပ်




Shutterstock/ By Michael Kraus

နံပါတ် (၃) ဖိနပ်ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ အလုပ်ကြိုးစားပြီး အလုပ်လုပ်ရင် နှံ့နှံ့စပ်စပ်နဲ့ သေးသေးမွှားမွှားလေးကအစ တာဝန်ကျေပွန်အောင် လုပ်တက်သူတစ်ဦးပါ။ ဒါ့အပြင် သင်ဟာ ခရီးသွားရတာကိုနှစ်သက်ပါတယ်။ ဒီလိုလူမျိုးတွေဟာ နည်းပညာလိုမျိုး နှံနှံစပ်စပ်လုပ်ဆောင်ရတဲ့ နည်းပညာပိုင်းဆိုင်ရာအလုပ်တွေနဲ့သင့်တော်တဲ့အပြင် ဒီဇိုင်းနဲ့ပတ်သတ်တဲ့အလုပ်တွေနဲ့လည်း သင့်တော်ပါတယ်။

နံပါတ် (၄) ဖိနပ်




Shutterstock/ By Krakenimages.com

နံပါတ် (၄) ဖိနပ်ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ တစ်ဖက်သားအပေါ်မှာ အလွန်ဂရုစိုက်ပြီး ကြင်နာတက်တဲ့လူတစ်ယောက်ပါ။ ဒီလိုလူမျိုးတွေဟာ လူတွေကိုစောင့်ရှောက်ပေးရတာနဲ့ ပတ်သတ်တဲ့အလုပ်၊ ဝန်ဆောင်မှုပေးရတာနဲ့ ပတ်သတ်တဲ့အလုပ်တွေနဲ့ သင့်တော်ပါတယ်။ ဥယျာဉ်စိုက်ခြင်း၊ စာသင်ခြင်း၊ လူမူရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ စည်းရုံးခြင်း နဲ့ စီးပွားရေးစီမံခန့်ခွဲခြင်း စတဲ့အလုပ်အကိုင်တွေနဲ့လည်း သင့်တော်ပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#ဖိနပ်
#ဝမ်းကြောင်း
#နံပါတ်
#အလုပ်
#လူမျိုး

Some text some message..