
Shutterstock/Golden Sikorka & tynyuk
သင်ဟာ ဖြတ်ထိုးဉာဏ်ကောင်းတဲ့လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကို ခံယူထားပါသလား။ ဒီဉာဏ်စမ်းပဟေဠိလေးတွေကို ဖြေကြည့်လိုက်ပါ။ ရှည်ရှည်ဝေးဝေးနဲ့ ခက်ခက်ခဲခဲစဉ်းစားနေစရာမလိုပဲ ဖြတ်ထိုးဉာဏ်လေးသုံးပြီး ဖြေပေးရုံနဲ့ အဖြေမှန်ကိုရရှိမှာပါ။ ကဲ စလိုက်ရအောင်နော်…
(၁) ထရီဇာရဲ့သမီးက လှလှသမီးရဲ့အမေဆိုရင် ထရီဇာနဲ့လှလှက ဘာတော်သလဲ?
(က) မြေးအဖွား (ခ) သားအမိ (ဂ) အဒေါ်နဲ့တူမ
(၂) အဖြေမှန်က ဘယ်ဟာဖြစ်မလဲ?
Shutterstock/Eva Speshneva & pdaandrian & HardtIllustrations
(က) ၉ (ခ) ၂၁ (ဂ) ၁၉
(၃) ဂျင်မီအမေမှာ ကလေး ၄ ယောက်ရှိပါတယ်။ ပထမကလေးနာမည်က နွေ၊ ဒုတိယကလေးနာမည်က မိုးနဲ့ တတိယကလေးနာမည်က ဆောင်းဆိုရင် စတုတ္ထကလေးနာမည်က ဘယ်သူဖြစ်မလဲ?
(က) ဆောင်းဦး (ခ) ဝဿန် (ဂ) ဂျင်မီ
(၄) အသဲနှလုံးတွေရှိပေမဲ့လည်း အသက်မရှိတဲ့အရာက ဘယ်ဟာဖြစ်မလဲ?
(က) ဖဲချပ် (ခ) ခွဲစိတ်ခန်း (ဂ) ဓာတ်ခွဲခန်း
(၅) ဒီပုံလေးမှာ အဖြေမှန်က ဘယ်ဟာဖြစ်မလဲ?
Shutterstock/Oleksii Arseniuk
(က) ၉ (ခ) ၆ (ဂ) ၁၂
(၆) RAINBOW (သက်တန့်) ကဘာနဲ့ဆုံးသလဲ?
(က) ခရမ်းရောင် (ခ) အနီရောင် (ဂ) “W”
(၇) ဒီပုံလေးတွေ ပေါင်းလိုက်ရင် ထွက်လာမယ့် အဓိပ္ပာယ်တစ်ခုကို ပြောပြပါ။
Shutterstock/Golden Sikorka & tynyuk
(က) ironman (ခ) မီးပူယောကျာ်း (ဂ) အပ်ချုပ်သမား
ကဲ….အားလုံးလည်း အခုဆို အဖြေလေးတွေရလောက်ပြီပေါ့။ အောက်မှာ အဖြေမှန်လေးတွေကို ဖော်ပြပေးထားတဲ့အတွက် ကိုယ့်အဖြေနဲ့ကိုက်၊မကိုက် သွားစစ်ကြည့်လိုက်ပါဦးနော်…
အဖြေမှန်
မေးခွန်း (၁) – (ခ) သားအမိ
မေးခွန်း (၂) – (ခ) ၂၁ ( ငှက်ပျော်သီးက ၃ လုံးကနေ ၁ လုံးဖြစ်သွားတဲ့အတွက် ဖြစ်ပါတယ်)
မေးခွန်း (၃) – (ဂ) ဂျင်မီ
မေးခွန်း (၄) – (က) ဖဲချပ် ( ဖဲချပ်မှာ အသဲနှလုံး ၁၃ ခုပါပါတယ်)
မေးခွန်း (၅) - (ဂ) ၁၂
မေးခွန်း (၆) - (ဂ) “W” ( “RAINBOW” ဆိုတဲ့စကားလုံးရဲ့ အဆုံးသတ်ကို မေးတာဖြစ်ပါတယ်)
မေးခွန်း (၇) - (က) ironman
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။