သင်ရွေးချယ်လိုက်တဲ့ မှော်အိတ်လေးတွေကပြောပြပေးမယ့် သင့်ရဲ့ကံကောင်းခြင်းလက်ဆောင်များ
lotaya.mpt.com.mm
|
2020-05-07

Shutterstock/ mkos83 & vchal & prapann & Ralko & Andrey Kozachenko

ဒီ Quiz လေးမှာ မှော်အိတ်လေး ၅ အိတ်ကို ပေးထားပါတယ်။ မှော်အိတ် ၁ အိတ်ချင်းစီမှာ ကံကောင်းခြင်းလက်ဆောင်လေးတွေ ထည့်ပေးထားပါတယ်။ သင့်အနေနဲ့ သင်အကြိုက်နှစ်သက်ဆုံး အိတ်လေး ၁ အိတ်ကို ရွေးချယ်ပြီး ဘယ်လိုကံကောင်းခြင်းတွေ ရလာမလဲဆိုတာကို ကြည့်လိုက်ရအောင်နော်….

(၁) အစိမ်းရောင်ချည်အိတ်




Shutterstock/

အစိမ်းရောင်အိတ်လေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ရရှိမယ့်လက်ဆောင်က ငွေကြေးကံကောင်းခြင်း လက်ဆောင်ပါ။ မကြာခင်အချိန်အတွင်းမှာ ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာတွေ ပြေလည်သွားမှာဖြစ်ပြီး သင့်ရဲ့ပိုက်ဆံအိတ်ဟာဆိုရင် ပိုက်ဆံတွေအပြည့်ဖြစ်လာပါလိမ့်မယ်။ ဒီပိုက်ဆံတွေကို ပျော်ပျော်ရွှင်ရွှင်သုံးစွဲပါ။

(၂) ဂုန်လျှော်အိတ်




Shutterstock/vchal

ဂုန်လျှော်အိတ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်းမှာ အံသြစရာကောင်းတဲ့ကံကြမ္မာကို သင်ကြုံတွေရတော့မှာပါ။ ဒါ့အပြင် သင့်ရဲ့ဆန္ဒတွေထဲက ၃ ခုကလုံးဝပြည့်ဝတော့မှာပါ။ ဒါကြောင့် သင်ဖြစ်ချင်တဲ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့လုပ်ကိုင်ပါ။

(၃) အနီရောင်အိတ်




Shutterstock/prapann

အနီရောင်အိတ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်းမှာ သင့်ထံကို ချစ်မေတ္တာတွေ အလိုလျောက်ရောက်ရှိလာပါလိမ့်မယ်။ ဒါ့အပြင် သင်ကိုယ်တိုင်ကလည်း ချစ်စိတ်တွေလွှမ်းခြုံနေပါလိမ့်မယ်။ သတိထားပါ။ ဒီချစ်မေတ္တာတွေက သင့်ဘဝကို ကျွမ်းထိုးမှောက်ခုန်တောင် ဖြစ်သွားနိုင်ပါတယ်။

(၄) ရွှေရောင်ပိုးသားအိတ်




Shutterstock/Ralko

ရွှေရောင်ပိုးသားအိတ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ရရှိမယ့်လက်ဆောင်က ပျော်ရွှင်ခြင်းတွေပါ။ မကြာခင်အချိန်အတွင်းမှာ ပျော်ရွှင်စရာကောင်းတဲ့အဖြစ်အပျက်တွေ သင့်ထံရောက်ရှိလာမှာပါ။ ဒါ့အပြင် သင်ဟာကံကောင်းခြင်းတွေလည်း ရရှိပါလိမ့်မယ်။ ပျော်ရွှင်စရာကောင်းတဲ့အဖြစ်အပျက်တွေက သင့်ဘဝကို ပြောင်းလဲသွားပါလိမ့်မယ်။

(၅) အညိုရောင်ဖဲသားအိတ်




Shutterstock/Andrey Kozachenko

အညှိရောင်ဖဲသားအိတ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ကံကောင်းခြင်းတွေ သင့်ထံကို ရောက်ရှိလာပါလိမ့်မယ်။ နောက်နှစ်လနေရင် သင်ဟာအရာရာမှာ ကံကောင်းပြီး သင်လုပ်သမျှဟာ အောင်မြင်ပါလိမ့်မယ်။ ကံကြမ္မာက သင့်ဘက်ကလို့တောင် ပြောရလောက်တဲ့အထိ ကံတရားရဲ့မျက်နှာသာပေးခြင်းကို ခံရပါလိမ့်မယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

#ဂုန်လျှော်
#လက်ဆောင်
#ရွှေရောင်
#ကံကြမ္မာ
#အနီရောင်

Some text some message..