Shutterstock/ NadzeyaShanchuk & Katherine84 & MicroOne & Sudowoodo
သင်ဟာ ဉာဏ်စမ်းပဟေဠိတွေ ဖြေရတာကို နှစ်သက်တဲ့လူလား။ ဒါဆို သင့်ကို လွယ်လွယ်လေးနဲ့ စဉ်းစားရခက်သွားစေမယ့် ပဟေဠိလေး (၈) ခုမေးချင်ပါတယ်။ ရှည်ရှည်ဝေးဝေးနဲ့ အခက်ကြီးတွေ လျှောက်မစဉ်းစားနေဘဲ ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါ။ သင့်အနေနဲ့ အဖြေကို အလွယ်တကူရရှိပါလိမ့်မယ်။ ကဲ…စလိုက်ရအောင်နော်
၁။ အခန်းတစ်ခုထဲမှာ မိန်းကလေး ၄ ယောက်ရှိနေပါတယ်။ ပထမမိန်းကလေးက စစ်တုရင်ကိုကစားနေပါတယ်။ ဒုတိယမိန်းကလေးက တီဗီကြည့်နေပြီး တတိယမိန်းကလေးကတော့ အိပ်နေပါတယ်။ ဒါဆို စတုတ္ထမိန်းကလေးက ဘာလုပ်နေပါသလဲ ?
(က) စာဖတ်နေတယ် (ခ) အခန်းထဲမရှိပါ (ဂ) ပထမမိန်းကလေးနဲ့ စစ်တုရင်ကစားနေတယ် (ဃ) ဘာမှမလုပ်
၂။
Shutterstock/ Holy Polygon & BlueRingMedia & Nyamol Ds & Refluo
(က) လင်းယုန်ငှက် (ခ) စွန် (ဂ) ကျီးကန်း (ဃ) လေယာဉ်ပျံ
၃။ လူ ၅ ယောက်က ပန်းသီးစားနေကြပါတယ်။ A က ပန်းသီးကို B ထက် အရင်ကုန်အောင်စားနိုင်ပေမယ့် C နဲ့ယှဉ်ရင် နောက်မှာကျန်နေခဲ့ပါတယ်။ D ကလည်း ပန်းသီးကို E ထက် အရင်ကုန်အောင်စားနိုင်ခဲ့ပေမယ့် B နဲ့ယှဉ်ရင် နောက်မှာကျန်နေခဲ့ပါတယ်။ ဒါဆို ဘယ်သူက ပန်းသီးကို အရင်ကုန်အောင် စားနိုင်ခဲ့တာလဲ ?
(က) B (ခ) C (ဂ) E (ဃ) A
၄။
Shutterstock/ NadzeyaShanchuk & Katherine84 & MicroOne & Sudowoodo
(က) စားပွဲ (ခ) နွား (ဂ) ကား (ဃ) ကြောင်
၅။ မိခင်တစ်ဦးက ညီအစ်ကို ၇ ယောက်ကို ၂ နှစ်စီခြားပြီး မွေးခဲ့ပါတယ်။ အငယ်ဆုံးကောင်လေးရဲ့ အသက်က ၇ နှစ်ဆိုရင် အကြီးဆုံးကောင်လေးရဲ့အသက်က ဘယ်လောက်ဖြစ်မလဲ ?
(က) ၁၄ နှစ် (ခ) ၂၀ နှစ် (ဂ) ၁၉ နှစ် (ဃ) ၂၄ နှစ်
၆။
Shutterstock/ akepong srichaichana & Anton Starikov & ning13499 & Anton Starikov & FARBAI
(က) မီးသွေးခဲ (ခ) မီးခြစ် (ဂ) ထင်း (ဃ) ဖယောင်းတိုင်
၇။ ကောင်လေးတစ်ယောက်နဲ့ ဆရာဝန်တစ်ယောက်က ငါးမျှားနေကြပါတယ်။ ကောင်လေးကတော့ ဆရာဝန်ရဲ့သားဖြစ်ပြီး ဆရာဝန်ကတော့ ကောင်လေးရဲ့အဖေ မဟုတ်ပါဘူး။ ဒါဆို ဆရာဝန်က ကောင်လေးနဲ့ ဘာတော်ပါသလဲ ?
(က) အမေ (ခ) အဖိုး (ဂ) ဦးလေး (ဃ) အစ်ကို
၈။ အဲဒီနံပါတ်ကို ဘယ်နံပါတ်နဲ့ပဲမြှောက်မြှောက် အဲဒီနံပါတ်ပဲပြန်ရပါတယ်။ ဒါဆို အဲဒီနံပါတ်က ဘာနံပါတ်ဖြစ်မလဲ ?
(က) -1 (ခ) သုည (ဂ) 1 (ဃ) ၁၀
ကဲအားလုံးလဲ အခုဆိုအဖြေတွေ ရလောက်ရောပေါ့။ ကိုယ့်အဖြေနဲ့ အောက်ကအဖြေမှန်၊မမှန်ကို သွားစစ်ကြည့်လိုက်ပါဦးနော်။
အဖြေမှန်
မေးခွန်း (၁) – (ဂ) ပထမမိန်းကလေးနဲ့ စစ်တုရင်ကစားနေတယ်
မေးခွန်း (၂) – (ဃ) လေယာဉ်ပျံ
မေးခွန်း (၃) – (ခ) C
မေးခွန်း (၄) – (က) စားပွဲ
မေးခွန်း (၅) – (ဂ) ၁၉ နှစ်
မေးခွန်း (၆) – (က) မီးသွေးခဲ
မေးခွန်း (၇) – (က) အမေ
မေးခွန်း (၈) – (ခ) သုည
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။