Shutterstock/ Olga1818 & Olga1818
သင်ဟာ ဉာဏ်စမ်းမေးခွန်းတွေကို ဖြေရတာနှစ်သက်တဲ့အပြင် ကိုယ့်ကိုယ်ကို ဉာဏ်ရည်မြင့်မားပြီး ဉာဏ်ကောင်းတဲ့လူတစ်ယောက်လို့ ခံယူထားပါသလား။ ဒီဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေကြည့်ပါ။ အရမ်းခက်ခဲနေတဲ့ ဉာဏ်စမ်းမေးခွန်းတွေမဟုတ်ပဲ စဉ်းစားဉာဏ်လေးကိုသာ အသုံးချပြီး ဖြေရမယ့်မေးခွန်းတွေဖြစ်ပါတယ်။ ကဲ သင်အကုန်လုံးကို မှန်အောင်ဖြေနိုင်မလားဆိုတာကို ကြည့်လိုက်ရအောင်
(၁) မောင်ပြာက အိမ်ပြာတော်မှာနေပြီး ဒေါ်ဝါက အိမ်ဝါတော်အိမ်မှာနေပါတယ်။ ဒါဆို အိမ်ဖြူတော်မှာ ဘယ်သူနေပါသလဲ?
(က) မောင်ဖြူ (ခ) သမ္မတ (ဂ) ဒေါ်ဖြူ (ဃ) မောင်ဖြူနဲ့ဒေါ်ဖြူ
(၂) ပုံလေးရဲ့ နောက်ဆုံးအဖြေမှန်ကို ရှာပေးပါ
(က) ၁၀ (ခ) ၄ (ဂ) ၈ (ဃ) ၁၅
(၃) ကျွန်တော်အသက် ၆ နှစ်တုန်းက ကျွန်တော့်ညီမရဲ့အသက်က ၃ နှစ်ပါ။ ဒါဆို ကျွန်တော်အသက် ၇၀ ဆိုရင် ကျွန်တော့်ညီမရဲ့ အသက်ကဘယ်နှစ်နှစ်ဖြစ်မလဲ?
Shutterstock/ Olga1818 & Olga1818
(က) ၃၅ နှစ် (ခ) ၆၇ နှစ် (ဂ) ၆၅ နှစ် (ဃ) ၃၀ နှစ်
(၄) သင်က သူ့ရဲ့အရေခွံကိုခွာလိုက်ရင် သူကတော့မငိုပေမယ့် သင်ကတော့ ငိုနေရပါလိမ့်မယ်။ သူက ဘာဖြစ်မလဲ?
(၅) သူ့ကို သင်က တိုက်အမြင့်ကြီးကနေပစ်ချပေမယ့် သူကမသေပါဘူး။ ဒါပေမယ့် ရေထဲကိုပစ်ချရင်တော့ သူက သေသွားပါလိမ့်မယ်။ သူက ဘာဖြစ်မလဲ?
Shutterstock/matsabe & VectorShow & My Life Graphic &
(က) ကား (ခ) ခွေး (ဂ) စက္ကူ (ဃ) ပုလင်း
(၆) သူ့ကို ရေနဲ့ပြုလုပ်ထားပေမယ့် ရေထဲမှာ သူ့ကိုပြန်ထားလိုက်ရင်တော့ သူဟာ သေသွားနိုင်ပါတယ်။ သူက ဘာဖြစ်မလဲ?
ကဲအခုဆိုရင် မေးခွန်းတွေအားလုံးကို ဖြေပြီးလောက်ရောပေါ့။ အောက်မှာ အဖြေမှန်တွေကို ဖော်ပြထားတာဖြစ်လို့ သင့်ရဲ့အဖြေနဲ့ အောက်ကအဖြေမှန်၊မမှန် သွားကြည့်လိုက်ဦးနော်…
အဖြေမှန်
မေးခွန်း (၁) – (ခ) သမ္မတ ( အိမ်ဖြူတော်မှာ သမ္မတတွေပဲနေပါတယ်)
မေးခွန်း (၂) – (က) ၁၀
မေးခွန်း (၃) –(ခ) ၆၇ နှစ် ( အမှန်က ၃ နှစ်ပဲကွာလို့ ၆၇ နှစ်ဖြစ်သွားတာပါ )
မေးခွန်း (၄) – ကြက်သွန်နီပါ။ (ကြက်သွန်နီခွာတိုင်း မငိုတဲ့သူတော့ မရှိဘူးမလား…မျက်ရည်လေးတော့ ဝဲသွားကြတာပဲ)
မေးခွန်း (၅) – (ဂ) စက္ကူ (ဘယ်နေရာကနေ သူ့ကိုအောက်ပစ်ချပစ်ချ ဘာမှမဖြစ်ပေမယ့် ရေထဲပစ်ချလိုက်ရင်တော့ ပျော့ပြီးပြဲသွားတက်ကြပါတယ်)
မေးခွန်း (၆) – ရေခဲတုန်းပါ။ (ရေနဲ့သူ့ကိုဖန်တီးထားပေမယ့် ရေထဲမှာ ပြန်ထားလိုက်ရင် အရည်ပျော်ပြီး ရေပြန်ဖြစ်သွားပါတယ်)
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။