Shutterstock/Kolesniko
လူတိုင်းနီးပါးကတော့ အနာဂတ်မှာ ဘယ်လိုအရာတွေ ကြုံတွေရမလဲဆိုတာကို သိချင်နေကြတာပါပဲ။ အပြည့်စုံမှန်၊မမှန်ဆိုတာကို အာမမခံနိုင်ပေမယ့် ဆောင်ရန်၊ရှောင်ရန်တွေကို သိတော့ အနည်းငယ်တော့ စိတ်အေးရတာပေါ့။ ဒီနေ့မှာတော့ ပေလိပ်လေးတွေက တစ်ဆင့် သင့်ရဲ့အနာဂတ်ကို ခန့်မှန်းပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသွားပြီလား။ ပေလိပ်လေးတွေပေးထားတဲ့အထဲကမှ သင်အကြိုက်ဆုံးပေလိပ် ၁ လိပ်ကို ရွေးချယ်ပြီး အနာဂတ်မှာ ဘယ်လိုအရာတွေကို ရင်ဆိုင်ရမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်…..
(၁) နံပါတ် ၁
Shutterstock/Kolesniko
ဂုဏ်ယူပါတယ်…သင်ဟာ အချစ်ရေးမှာ အောင်မြင်မူကို ရရှိမှာပါ။ ပြောရမယ်ဆိုရင် လူပျို အပျိုကြီးဘဝက ကျွတ်လွတ်ပြီး ချစ်သူရသွားတာမျိုး၊ အသည်းကွဲနေသူတွေ ချစ်သူအသစ်ရသွားတာမျိုး၊ ချစ်သူနဲ့ပြန်အဆင်ပြေသွားတာမျိုး ဒါမှမဟုတ် ကိုယ်တစ်ဖက်သက်ချစ်ရသူနဲ့ ပိုနှီးစပ်ပြီးချစ်သူတွေဖြစ်သွားတာမျိုးပါ။ ဒီကာလအပိုင်းအခြားမှာ သင်ဟာ အရမ်းကိုစန်းပွင့်နေပါတယ်။ သင်ဟာ ချစ်သူမရှိသေးဘူးဆိုရင်တော့ ချစ်သူအသစ်သေချာပေါက်ရရှိမယ့် အချိန်ကာလကြီးပါ။ ပျော်ရွှင်စရာကောင်းတဲ့ တွေ့ဆုံမူမျိုးနဲ့ ချစ်သူကိုဆုံစည်းရမှာပါ။
(၂) နံပါတ် ၂
Shutterstock/Kolesniko
ကံတရားက သင့်ဘက်မှာရှိနေပါတယ်။ လာမယ့်လတွေမှာ သင့်ရဲ့ငွေရေးကြေးရေးအခြေအနေဟာ အထွတ်အထိပ်ကို ရောက်ရှိနေပါလိမ့်မယ်။ ဆိုလိုတာက သင့်ဆီကို အဘက်ဘက်က ငွေတွေဝင်နေပြီး သင်ဘာလုပ်လုပ် ပိုက်ဆံရကိုရနေမှာပါ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသင့်တဲ့အရာတွေကို ရဲရဲဝံ့ဝံ့အခုထဲက ရင်းနှီးမြှုပ်နှံထားပါ။ အကြံပေးချင်တာကတော့ ထီထိုးရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
(၃) နံပါတ် ၃
Shutterstock/Kolesniko
ဘဝမှာ တစ်ခါမှမကြုံဖူး မလုပ်ဖူးတဲ့စွန့်စားခန်းတွေကို လုပ်ဖို့အကောင်းဆုံးအချိန်တွေရောက်လာပါလိမ့်မယ်။ စိုးရိမ်ပူပန်နေရတဲ့ခံစားချက်တွေမရှိပဲ ပျော်ပျော်ကြီးခရီးထွက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ သင့်အတွက် ဒီခရီးကနေ အတွေ့အကြုံအသစ်တွေနဲ့ မမေ့နိုင်တဲ့ပျော်ရွှင်မူတွေကို ရရှိမှာအသေအချာပါပဲ။
(၄) နံပါတ် ၄
Shutterstock/Kolesniko
ကံတစ်ရားက သင့်ဆီကိုတစ်ဖန်ပြန်ရောက်လာပါပြီ။ အရင်တုန်းက သင်ပိုင်ဆိုင်ခဲ့တဲ့အရာတွေက သင်မလိုချင်ပဲရရှိခဲ့တဲ့ အရာတွေဖြစ်နေတက်ပါတယ်။ မလိုချင်လည်း စွန့်ပစ်လို့မရပဲ လက်ခံထားခဲ့ရတဲ့အချိန်တွေက ဘယ်လောက်တောင်စိတ်ပင်ပမ်း လူပင်ပမ်းဖြစ်မလဲ။ အခုဒီအချိန်တွေအားလုံး ပြီးဆုံးတော့မှာပါ။ ကံတရားက သင့်ဘက်မှာအခုရှိနေပြီဆိုတော့ သင်လိုချင်နေတဲ့အရာတွေကို မကြာခင်မှာ ရရှိတော့မှာဖြစ်ပြီး ရင်ဆိုင်နေရတဲ့ပြဿနာတွေအားလုံးလည်း ဖြေရှင်းသွားနိုင်မှာပါ။
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။