
Shutterstock/ By MuchMania
သင်ဟာ မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ သင်နေထိုင်နေတဲ့ မြန်မာနိုင်ငံအကြောင်းကို ဘယ်လောက်သိပါသလဲ? ကိုယ့်ရဲ့အမိမြန်မာနိုင်ငံအကြောင်း နိုင်ငံသားတစ်ယောက်အနေနဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတမေးခွန်း လွယ်လွယ်လေးတွေကို သင့်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘယ်လို မေးခွန်းမျိုးလေးတွေ မေးထားမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
မေးခွန်း (၁) - မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်း နတ်ရွာစံသွားတဲ့ အရပ်ဒေသကို ဖော်ပြပါ။
(က) ရန်ကုန် (ခ) မန္တလေး (ဂ) ကာလက္တား (ဃ) ရတနာဂီရိ
မေးခွန်း (၂) - ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဘယ်သူရရှိခဲ့ပါသလဲ။
(က) ဒေါ်အောင်ဆန်းစုကြည် (ခ) ဦးစိန်ဝင်း (ဂ) ဒေါ်ခင်ကြည် (ဃ) ဦးသန့်
မေးခွန်း (၃) - မြန်မာနိုင်ငံရဲ့ မြို့တော်ကို ဖော်ပြပါ။
(က) မန္တလေး (ခ) ရန်ကုန် (ဂ) နေပြည်တော် (ဃ) လားရှိုး
မေးခွန်း (၄) - မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ခုနှစ်ကို ဖော်ပြပါ။
(က) ဇန်နဝါရီလ ၄ရက် ၁၉၄၈
(ခ) ဇန်နဝါရီလ ၄ရက် ၁၉၄၂
(ဂ) ဇန်နဝါရီလ ၄ရက် ၁၉၄၇
(ဃ) အောက်တိုဘာလ ၅ရက် ၁၉၆၅
မေးခွန်း (၅) အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ဘယ်နှခုနှစ်မှာ ဖြစ်ပွားခဲ့ပါသလဲ။
(က) ၁၈၀၄-၁၈၀၆ (ခ) ၁၈၂၄-၁၈၂၆ (ဂ) ၁၇၅၆ (ဃ) ၁၇၆၄
မေးခွန်း (၆) ယခုလက်ရှိ မြန်မာပြည်ရဲ့ ခရီးသွားကြော်ငြာဆောင်ပုဒ်ကို ဖော်ပြပါ။
(က) Visit Myanmar
(ခ) Myanmar Be Enchanted
(ဂ) Let The Journey Begin
(ဃ) Welcome To Golden Land
မေးခွန်း (၇) “မုံရွာ” ဒေသကို ရှေးယခင်က မည်သည့်နာမည်ဖြင့် ခေါ်ဆိုခဲ့ကြပါသလဲ။
(က) သလ်လာဝတိ (ခ) ကန်တရဝတီ (ဂ) ရာမည (ဃ) မောရဝတီ
(က) ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့မင်းအမည်ကို ဖော်ပြပြပါ။
(က) ကျန်စစ်သား (ခ) အလောင်းစည်သူ (ဂ) အနော်ရထာ (ဃ) ဗန္ဓုလ
မေးခွန်း (၉) အာနန္ဒာဘုရားကို တည်ခဲ့တဲ့မင်းအမည်ကို ဖော်ပြပါ။
(က) အလောင်းစည်သူ (ခ) အနော်ရထာ (ဂ) နရပတေ့ (ဃ) ကျန်စစ်သား
ကဲ မေးခွန်းလေးတွေက လွယ်တယ်မလား။ အားလုံးလည်း အခုဆိုရင် အကုန်လုံးကို ဖြေပြီးလောက်ပြီပေါ့။ ကိုယ့်အဖြေမှန်၊ မမှန်ဆိုတာ အောက်ကအဖြေမှန်လေးမှာ ကြည့်လိုက်ရအောင်နော်။
***အဖြေမှန်
မေးခွန်း (၁) – (ဃ) ရတနာဂီရိ
မေးခွန်း (၂) - (က) ဒေါ်အောင်ဆန်းစုကြည်
မေးခွန်း (၃) - (ဂ) နေပြည်တော်
မေးခွန်း (၄) - (က) ဇန်နဝါရီလ ၄ရက် ၁၉၄၈
မေးခွန်း (၅) – (ခ) ၁၈၂၄-၁၈၂၆
မေးခွန်း (၆) - (ခ) Myanmar Be Enchanted
မေးခွန်း (၇) - (က) သလ္လာဝတိ
မေးခွန်း (၈) - (ဂ) အနော်ရထာ
မေးခွန်း (၉) – (ဃ) ကျန်စစ်သား
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။