
Shutterstock/ Urszula Lysionek
ဒီနေ့မှာတော့ Psycho Test လေးတစ်မျိုးကို တင်ဆက်ပေးချင်ပါတယ်။ ဒီ Psycho Test လေးကို ဖြေမယ်ဆိုရင် အရင်ဆုံး သင့်စိတ်ကို ရှင်းရှင်းထားဖို့နဲ့ စိတ်အေးလက်အေး ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ရှုပ်နေတဲ့အချိန်မှာ ဒီ Test လေးကို ဖြေရင် သင့်ကိုတိကျတဲ့အဖြေ ပေးနိုင်မှာမဟုတ်လို့ပါ။ နောက်တစ်ခုက မေးခွန်းတစ်ခုချင်းစီရဲ့ အဖြေတွေကို ချရေးထားဖို့ သင့်ဘေးမှာ ခဲတံနဲ့ ဘောပင်ကို အသင့်ဆောင်ထားပါ။ ကဲ အားလုံးပြည့်စုံပြီဆိုရင်တော့ သင်ဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်ဖို့ Test လေးကို စဖြေလိုက်ရအောင်…
အရင်ဆုံး မေးခွန်းလေးတွေ မေးပါမယ်။ ဒီမေးခွန်းလေးတွေအတွက် အဖြေ ၃ ခုပေးထားပါတယ်။ တခြား ဘာမှမတွေးပဲ သင့်စိတ်ထဲက အရင်ဆုံးပေါ်လာတဲ့ အဖြေတွေကို ရွေးချယ်ပြီး ဖြေပေးရမှာပါ။
မေးခွန်း ၁ - သင်က မျက်စိမှိတ်ပြီး လူသွားလမ်းလေးတစ်ခုမှာ လမ်းလျှောက်နေခဲ့မိတယ်။ အဲဒီအချိန် သင့်မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့အခါ သင်က ဘယ်လိုနေရာမျိုးမှာ ရောက်နေမယ်ထင်လဲ?
အဖြေ - (က) တောနက်ကြီး (ခ) ပြောင်းဖူးခင်း (ဂ) တောင်ကုန်း
မေးခွန်း ၂ - အဲဒီအချိန် သင်က အရာဝတ္ထုတစ်ခုကို တက်နင်းထားမိတယ်။ အဲဒီအရာဝတ္ထုက ဘာဖြစ်မလဲ?
အဖြေ - (က) မှန် (ခ) လက်စွပ် (ဂ) ပုလင်း
မေးခွန်း ၃ - သင်က အဲဒီအရာကို ကောက်မှာလား? မကောက်ဘူးလား?
အဖြေ - (က) ကောက်မယ် (ခ) မကောက်ဘူး
မေးခွန်း ၄ - သင်က ရှေ့ဆက်သွားရင်းနဲ့ ရေထဲကို ဖြတ်သွားခဲ့ရတယ်။ အဲဒီရေက ဘယ်လိုပုံစံမျိုးလဲ?
အဖြေ - (က) ရေကန် (ခ) ရေတံခွန် (ဂ) ချောင်း
မေးခွန်း ၅ - ရေထဲမှာသင်က သော့တစ်ချောင်းကိုတွေ့လို့ ဆင်းကောက်ခဲ့ရတယ်။ အဲဒီသော့က ဘယ်လိုပုံစံမျိုးလဲ?
အဖြေ - (က) ရိုးရိုးအိမ်သော့ (ခ) ရှေးဟောင်းသော့ (ဂ) သော့အိမ်ပါတဲ့သော့
မေးခွန်း ၆ - ဒီလိုနဲ့သင်က လမ်းဆက်လျှောက်လာရင်းနဲ့ အိမ်တစ်လုံးကို တွေ့တယ်။ အဲဒီအိမ်က ဘယ်လိုပုံစံမျိုးလဲ?
အဖြေ - (က) ဟောလိဝုဒ်စတိုင်အိမ်ကြီး (ခ) မြက်ခင်းနဲ့အိမ်လေး (ဂ) လှပတဲ့ရဲတိုက်ကြီး
မေးခွန်း ၇ - အဲဒီအိမ်ကို တွေ့လိုက်ရတဲ့အချိန် သင်ဘာလုပ်မလဲ?
အဖြေ - (က) အပေါက်က ချောင်းကြည့်မယ်
(ခ) အထဲဝင်သွားမယ်
(ဂ) လျစ်လျှူရှုပြီး လမ်းဆက်လျှောက်သွားမယ်
ကဲ အခုမေးခွန်းတွေ အားလုံးဖြေပြီးသွားရင် မေးခွန်းတစ်ခုချင်းစီရဲ့ အဖြေလေးတွေ ပြောပြမယ်နော်…..
မေးခွန်း (၁) က သင့်ရဲ့စိတ်နေစိတ်ထားကို ပြောပြပေးမှာပါ။
(က) တောနက်ကြီး - သင်က အေးအေးဆေးဆေးနေတတ်ပြီး အရာရာကို သေသေချာချာ တွေးခေါ်စဉ်းစားတတ်တဲ့ လူမျိုးပါ။ ဒါ့အပြင် သူတစ်ပါးရဲ့ခံစားချက်တွေကိုလည်း လေးလေးနက်နက် နားထောင်ပေးတတ်တဲ့အတွက် လူတိုင်းရဲ့ ချစ်ခင်လေးစားခြင်းကို ခံရတတ်ပါတယ်။
(ခ) ပြောင်းဖူးခင်း - သင်က ထက်မြက်ပြီး ရိုးသားတဲ့လူမျိုးပါ။ လူတိုင်းနဲ့ အလွယ်တကူ မိတ်ဆွေဖွဲ့နိုင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး လူတွေရဲ့ အာရုံစိုက်ခြင်းကိုလည်း အထူးခံရတတ်ပါတယ်။
(ဂ) တောင်ကုန်း - သင်က လက်တွေ့ကျကျ စဉ်းစားတွေးခေါ် ပြောဆိုတတ်ပြီး သင့်ရဲ့ဘွင်းဘွင်းရှင်းရှင်း ပြောတတ်တဲ့အကျင့်က သင့်ရဲ့စွဲဆောင်မှုတစ်ခုပါ။ ဒါ့အပြင် ပြဿနာတွေကိုလည်း အကောင်းဆုံး ဖြေရှင်းတတ်ပါသေးတယ်။
မေးခွန်း (၂) က သင်က ဘယ်လိုလက်တွဲဖော်မျိုးကို လိုချင်နေလဲဆိုတာ ပြောပြမှာပါ
(က) မှန် - သင်က သင်နဲ့စိတ်တူကိုယ်တူဖြစ်မယ့်လူမျိုးကို လိုချင်နေတာပါ။
(ခ) လက်စွပ် - သင်က အရမ်းချစ်တက်တဲ့လူမျိုးပါ။ အချစ်စစ်ဆိုတာမျိုးကို ယုံကြည်တတ်ပြီး သင့်ကိုအချစ်စစ်နဲ့ ကြင်နာယုယမယ့်လူမျိုးကို လိုချင်နေတာပါ။
(ဂ) ပုလင်း - သင်က ဉာဏ်ပညာထက်မြက်ပြီး ရည်မှန်းချက်ကြီးတဲ့အပြင် အလုပ်ကြိုးစားတတ်တဲ့လူမျိုးကို လိုချင်နေတာပါ။
မေးခွန်း (၃) က အချစ်ရေးနဲ့ပတ်သက်တဲ့ သင့်ရဲ့သဘောထားကို ပြောပြမှာပါ။
(က) ကောက်မယ် - သင်က တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် တန်ဖိုးထားပြီး ချစ်တက်သူပါ။
(ခ) မကောက်ဘူး - သင်က တစ်ဖက်သားရဲ့နှလုံးသားကို ကစားစရာလို သဘောထားပြီး ကစားနေတတ်ပါတယ်။
မေးခွန်း (၄) က တဖက်လူက အချစ်ရေးနဲ့ပတ်သက်ပြီး သင့်ကိုမြင်တဲ့အမြင်ကို ပြောပြမှာပါ။
(က) ရေကန် - သင်ကအပေါ်ယံ ဟန်ဆောင်မှုတွေနဲ့ အချစ်ရေးကို မလိုချင်ဘဲ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ချစ်တတ်တဲ့သူမျိုးလို့ မှတ်ချက်ပေးကြပါတယ်။
(ခ) ရေတံခွန် - သင်က တစ်ဖက်လူကို အရမ်းဆွဲဆောင်နိုင်အတွက် သင့်ကိုလာပတ်သက်တဲ့သူတွေက တဏှာကြီးတဲ့လူတွေ များပါတယ်။ အတုအယောင်အချစ်တွေကြားမှာ အချစ်စစ်ကို တောင့်တမက်မောနေတဲ့ သနားစရာလူမျိုးလို့ မှတ်ချက်ပေးကြပါတယ်။
(ဂ) ချောင်း - အချစ်တွေက သင့်မှာ ပေါများလွန်းနေတဲ့အတွက် လူတိုင်းကို ဝေမျှပေးနေတာလားလို့ ထင်ရလောက်အောင် ချစ်နိုင်လွန်းသူကြီးပါ။ ပြောရရင် မျက်နှာများတဲ့လူမျိုးလို့ မှတ်ချက်ပေးကြပါတယ်။
မေးခွန်း (၅) က ပညာရေးနဲ့ပတ်သက်ပြီး သင့်အမြင်ကို ပြောပြမှာပါ။
(က) ရိုးရိုးအိမ်သော့ - ပညာရေးကသင့်အတွက် သိပ်အရေးမကြီးတဲ့အရာတစ်ခုပါ။
(ခ) ရှေးဟောင်းသော့ - ပညာရေးကသင့်အတွက် အရမ်းကိုအရေးကြီးတဲ့အရာတစ်ခုပါ။ သင်ဟာ အလုပ်ကြိုးစားပြီး ပညာရပ်အသစ်တွေကို သင်တက်နိုင်သမျှ လေ့လာဆည်းပူးတက်ပါတယ်။
(ဂ) သော့အိမ်ပါတဲ့သော့ - ပညာရေးကသင့်အတွက် ပုံမှန်အရာတစ်ခုပါပဲ။
မေးခွန်း (၆) က သင့်ရည်မှန်းချက်ကို ပြောပြမှာပါ။
(က) ဟောလိဝုဒ်အိမ်ကြီး - သင့်မှာရည်မှန်းချက်တွေ အများကြီးရှိပါတယ်။ သင်လုပ်သမျှအရာတိုင်းကို အကောင်းဆုံးဖြစ်ချင်ပြီး အောင်မြင်ချင်တာက သင့်ရဲ့ psycho တစ်ခုလိုဖြစ်နေတက်ပါတယ်။
(ခ) မြက်ခင်းနဲ့အိမ်လေး - သင်ရဲ့ရည်မှန်းချက်အတွက် လက်တွေ့ကျကျ တွေးခေါ်စဉ်းစားပြီး လုပ်ဆောင်တတ်ပါတယ်။
(ဂ) ရဲတိုက် - သင့်ရည်မှန်းချက်တွေက သိပ်ပြီးလက်တွေ့မဆန်ချင်ပါဘူး။ သင့်မှာ လက်တွေ့ဆန်မယ့် ရည်မှန်းချက်တွေ ရှိသင့်ပါတယ်။ မဟုတ်ရင် သင့်ကို စိတ်ပျက်မှုတွေနဲ့ ကြုံတွေ့စေမှာမို့လို့ပါ။
မေးခွန်း (၇) က အောင်မြင်မှုအပေါ်ထားတဲ့ သင့်ရဲ့သဘောထားကို ပြောပြမှာပါ။
(က) သင်က ကျဆုံးမှာကို အနည်းငယ်ကြောက်ရွံ့နေတက်ပါတယ်။ ဒါကြောင့် ကျဆုံးမှာကိုကြောက်ပြီး မလုပ်ဘဲမနေပါနဲ့။ မကျဆုံးဖူးတဲ့သူဆိုတာ မရှိပါဘူး။ ကျဆုံးခြင်းတွေကနေ သင်ခန်းစာယူပြီး ပိုအောင်မြင်အောင် ကြိုးစားသင်ပါတယ်။
(ခ) သင်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့အတွက် သင်လုပ်တဲ့အရာတိုင်းကို အောင်မြင်မှာပဲလို့ အမြဲကြိုမှန်းဆထားတတ်ပါတယ်။ ဘယ်သူကမှ သင့်ရဲ့အောင်မြင်မှုကို မလုယူနိုင်ပါဘူး။
(ဂ) အောင်မြင်မှုက သင့်အတွက် ဘာမှမဟုတ်တဲ့အရာလေးလို့ မှတ်ယူထားတတ်ပါတယ်။ ဘဝမှာ အောင်မြင်မှုတွေ ရဖို့ကြိုးစားနေတာထက် ဘဝကိုကိုယ်ချစ်ရတဲ့လူတွေနဲ့ ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းချင်တတ်ပါတယ်။
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်