ရာသီခွင်အလိုက် အချစ်ရေးမှာ အကြောက်ဆုံးအရာတွေကို ပြောပြမယ်
lotaya.mpt.com.mm
|
2020-10-15

Shutterstock/ chairoij

ချစ်ရမှာ ကြောက်တဲ့လူတွေရှိလား။ လူတစ်ယောက်နဲ့တစ်ယောက် ချစ်ရမှာကြောက်တဲ့ အကြောင်းအရင်းလေးတွေ မတူနိုင်ကြပါဘူး။ ဒီနေ့မှာတော့ ရာသီခွင်အလိုက် အချစ်ရေးမှာ သူတို့အကြောက်ဆုံးအရာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ရာသီခွင်အလိုက် အချစ်ရေးမှာ ဘယ်လိုအရာတွေကို သင်အကြောက်ဆုံးလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်….

(၁) Aries (မတ်လ ၂၁ - ဧပြီ ၁၉)

Aries တွေကတော့ သူတို့ကိုစိတ်မဝင်စားတဲ့ သူတစ်ယောက်ကို ချစ်မိမှာ အကြောက်ဆုံးပါတဲ့။ ဒါ့အပြင် သူတို့ရဲ့အချစ်စိတ်ကြောင့် တဖက်လူ အနှောင့်အယှက်ဖြစ်သွားမှာကိုလည်း စိုးရိမ်နေတတ်ပါသေးတယ်။

(၂) Taurus ( ဧပြီ ၂၀ - မေ ၂၀)

Taurus တွေကတော့ မိမိခံစားချက်တွေကို တဖက်လူသိအောင် ထုတ်ဖော်ပြသပြီး ချစ်ပြရမှာကို အကြောက်ဆုံးပါ။ သူတို့အတွက် ဒီလိုခံစားချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းက အပိုအလုပ်တွေလို့ ယူဆနေတတ်ပါတယ်။ မာနအရင်းခံနေတဲ့ သူတို့ရဲ့စိတ်လေးတွေကြောင့် သူတို့အချစ်တွေကို အမြဲလျှို့ဝှက်ထားတက်ပါတယ်။

(၃) Gemini (မေ ၂၁ - ဂျွန် ၂၀)

Gemini တွေကတော့ အချစ်နဲ့ပတ်သက်လာရင် အတိတ်ကိုပဲ အမြဲတူးဆွနေမိတဲ့အတွက် အမြဲနာကျင်နေရတတ်ပါတယ်။ သူတို့အကြောက်ဆုံးအရာကတော့ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို တဖက်လူသိမှာ အကြောက်ဆုံးပါတဲ့။ သူတို့တွေဟာ အလွယ်တကူချစ်တတ်ကြပြီး အလွယ်တကူ ထားခဲ့တတ်ကြပါတယ်။ အကြောင်းကတော့ ကြာကြာတွဲရင် သူတို့လျှို့ဝှက်ချက်တွေကို သိသွားမှာစိုးလို့ပါ။

(၄) Cancer (ဂျွန် ၂၁ - ဂူလိုင် ၂၂)

Cancer တွေကတော့ တခြားရာသီခွင်တွေထက် အရမ်းချစ်တတ်တဲ့သူမျိုးတွေပါ။ သူတို့တွေဟာ မချစ်သင့်တဲ့လူကိုချစ်မိပြီး သူတို့အချစ်တွေကို အသုံးချသွားမှာ အကြောက်ဆုံးပါတဲ့။ ဒါကြောင့် တစ်စုံတစ်ယောက်ကို ချစ်မယ်ဆိုရင် သေသေချာချာရွေးချယ်ချစ်တက်ကြပြီး ချစ်မိရင်လည်း အရမ်းပေးဆပ်ပြီး ချစ်တတ်ကြပါတယ်။

(၅) Leo (ဂူလိုင် ၂၃ - သြဂုတ် ၂၂)

Leo တွေကတော့ သူတို့ရဲ့အချစ်ကို တဖက်လူက အသိအမှတ်မပြုမှာ အကြောက်ဆုံးပါတဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ သူတို့တွေဟာ သူတို့လိုတဖက်လူက တန်ဖိုးမထားမှာကို စိုးရိမ်တတ်ပါတယ်။ သူတို့တွေရဲ့ ရုပ်ရည်ရူပကာနဲ့ ပကာသနတွေကြောင့် သူတို့ကိုချစ်တာမလိုချင်ပဲ သူတို့ဖြစ်နေလို့ ချစ်တာကိုပဲ လိုချင်တတ်ကြပါတယ်။

(၆) Virgo (သြဂုတ် ၂၃ - စက်တင်ဘာ ၂၂)

Virgo တွေကတော့ အချစ်ခံရမှာမထိုက်တန်တဲ့လူတွေလို့ ယူဆတဲ့အတွက် တဖက်လူက သူတို့ကိုချစ်မိသွားမှာ အကြောက်ဆုံးပါတဲ့။ ကိုယ့်ကိုယ်ကို ချို့ယွင်းချက်ရှိတယ်လို့ ယူဆနေတဲ့ သူတို့တွေဟာ အချစ်နဲ့ဝေးရာမှာ နေနေတက်ပါတယ်။

(၇) Libra (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၂)

Libra တွေကတော့ သူတို့ကိုထားသွားမှာကို အကြောက်ဆုံးပါတဲ့။ အကြောင်းကတော့ သူတို့တွေဟာ မိမိခံစားချက်တွေကို တဖက်လူသိအောင် ထုတ်ဖော်မပြသတတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

(၈) Scorpio (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁)

Scorpio တွေကတော့ တဖက်လူရဲ့ ထားခဲ့ခံရမှာကို အကြောက်ဆုံးပါတဲ့။ ဖြစ်နိုင်တာကတော့ အတိတ်မှာ သူတို့တွေဟာ သစ္စာဖောက်ခံခဲ့ရလို့ပါ။ ဒါမှမဟုတ်လည်း သူတို့ရဲ့ယုံမှားသံသယစိတ်ကြောင့် သစ္စာဖောက်ခံရမှာကို စိုးရိမ်နေတာပါ။ အလွယ်တကူ မေ့ပျောက်လွယ်တဲ့သူမျိုး မဟုတ်တဲ့အတွက် တဖက်လူက ထားခဲ့ရင်လည်း ရှေ့မဆက်နိုင်ပဲ အမြဲလိုလိုခံစားနေတတ်ပါတယ်။

(၉) Sagittarius (နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၁)

Sagittarius တွေကတော့ စိတ်ရှုပ်မခံနိုင်ကြတဲ့အတွက် သူတို့ကို စိတ်ဒုက္ခပေးမယ့်လူတွေနဲ့ ဆုံစည်းရမှာ အကြောက်ဆုံးပါပဲတဲ့။ ဒါကြောင့် သူတို့တွေဟာ အချစ်ရေးမှာ မွန်းကြပ်တယ်လို့ ခံစားရတဲ့အချိန် ဘာကိုမှ တွေဝေခြင်းမရှိပဲ အဲဒီအချစ်ရေးကို အဆုံးသတ်တတ်ကြပါတယ်။

(၁၀) Capricorn (ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၁၉)

Capricorn တွေကတော့ တဖက်လူက သူတို့အပေါ်အချစ်စိတ်တွေ ပြောင်းလဲသွားမှာကို အကြောက်ဆုံးပါတဲ့။ အချစ်ရေးမှာလည်း စချစ်တုန်းကအချစ်နဲ့ တွဲတာကြာလာရင် ဖြစ်လာတဲ့အချစ်စိတ်က တူမှမတူတာနော်။ ရင့်ကျက်မှုပေါ် မူတည်ပြီး တချို့အရာလေးတွေကတော့ ပြောင်းလဲသွားတတ်ကြတာပါပဲ။ သူတို့ကတော့ အဲဒီလိုမဟုတ်ပဲ အမြဲမပြောင်းလဲ ချစ်နေစေချင်တတ်ပါတယ်။

(၁၁) Aquarius (ဇန်နဝါရီ ၂၀ - ဖေဖော်ဝါရီ ၁၈)

Aquarius တွေကတော့ တဖက်လူကို ချစ်ရမှာကြောက်နေတတ်ပါတယ်။ အကြောင်းကတော့ အတိတ်မှာ သစ္စာဖောက်ခံခဲ့ရတာမျိုး ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ကိစ္စတွေကြောင့် အချစ်စစ်က လောကမှာမရှိဘူးလို့ ခံယူထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

(၁၂) Pisces (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀)

Pisces တွေကတော့ အရာရာကို ဟန်ချက်ညီညီနဲ့ အရှိကိုအရှိအတိုင်းချစ်တက်တဲ့ သူတို့တွေဟာ အချစ်ကြောင့် သူတို့ဘဝကြီး တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာကို အကြောက်ဆုံးပါတဲ့။

#lotaya_quiz


အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်

#အချစ်
#ရာသီခွင်
#သစ္စာဖောက်
#အတိတ်
#အရာ

Some text some message..