ဒီမေးခွန်း (၁၅)ခုဖြေကြည့်ပြီး သင့်ရဲ့အိုင်ကျူရမှတ်ကို လေ့လာကြည့်ရအောင်
lotaya.mpt.com.mm
|
2020-10-18

Shutterstock/wowomnom
ဒီနေ့မှာတော့ ပရိသတ်ကြီးရဲ့ အိုင်ကျူရမှတ် ဘယ်လောက်ရှိလဲဆိုတာ ဒီစမ်းသပ်မှုလေးကတစ်ဆင့် ဖော်ထုတ်ပေးသွားမှာပါ။ မေးခွန်းလေး ၁၅ ခုပေးထားပြီး ရမှတ်အလိုက် မိမိတို့ရဲ့အိုင်ကျူရမှတ်ကို ပြောပြပေးသွားမှာဖြစ်လို့ ပြီးစလွယ်မဖြေပဲ သေချာစဉ်းစားပြီးမှ ဖြေပေးဖို့ အထူးသတိပေးချင်ပါတယ်။ ဒါမှ တိကျတဲ့အိုင်ကျူအရည်အချင်းကို သိမှာမဟုတ်လား။ ကဲ…စလိုက်ရအောင်


(၁) လူတစ်ယောက်က တစ်နေ့ကို ပျမ်းမျှအသက်ဘယ်နှစ်ခါ ရှူပါသလဲ?
(က) ပျမ်းမျှ ၂၀,၀၀၀ (ခ) ပျမ်းမျှ ၅၀,၀၀၀ (ဂ) ပျမ်းမျှ ၅,၀၀၀ (ဃ) ပျမ်းမျှ ၇၀,၀၀၀


(၂) ကမ္ဘာပေါ်က အကြီးဆုံးနဲ့အနက်ဆုံး သမုဒ္ဒရာကို ဖော်ပြပါ။
(က) အာတိတ်သမုဒ္ဒရာ (ခ) အတ္တလန်တိတ်သမုဒ္ဒရာ (ဂ) ပစိဖိတ်သမုဒ္ဒရာ (ဃ) အိန္ဒိယသမုဒ္ဒရာ


(၃) ဂျပန်နိုင်ငံရဲ့ အမျိုးသားအားကစားကို ဖော်ပြပါ။
(က) ခရစ်ကတ် (ခ) ဆူမိုနပန်း (ဂ) ဟော်ကီ (ဃ) တန်းနစ်


(၄) ရေဘဝဲမှာ နှလုံးဘယ်နှစ်ခု ပါသလဲ?



Shutterstock/sundatoon
 (က) ၅ခု (ခ) ၃ခု (ဂ) ၆ခု (ဃ) ၂ခု


(၅) နေနဲ့အနီးဆုံးမှာရှိတဲ့ ဂြိုလ်က ဘာဂြိုလ်လဲ?
(က) ဂျူပီတာ (ခ) မားစ် (ဂ) ဗီးနပ်စ် (ဃ) မာကျူရီ


(၆) ကမ္ဘာပေါ်မှာအရှည်ဆုံး နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံ ၂ နိုင်ငံကို ဖော်ပြပါ။ 
(က) ကနေဒါနဲ့ အမေရိကန် (ခ) တရုတ်နဲ့ ရုရှား (ဂ) အိန္ဒိယနဲ့ ပါကစ္စတန် (ဃ) တရုတ်နဲ့ အိန္ဒိယ


(၇) Elizabeth II ဘုရင်မကြီးမှာ သားသမီးဘယ်နှစ်ယောက် ရှိပါသလဲ?



Shutterstock/ Prachaya Roekdeethaweesab
(က) ၂ ယောက် (ခ) ၃ ယောက် (ဂ) ၄ ယောက် (ဃ) ၅ ယောက်


(၈) နောက်ပြန်ပျံနိုင်တဲ့ ငှက်လေးကို ပြောပြပါ။
(က) ငှက်ပိတုန်း (ခ) စာကလေး (ဂ) သိမ်းငှက် (ဃ) ကျီးကန်း


(၉) ခွေးတစ်ကောင်မှာ သွားဘယ်နှချောင်း ရှိပါသလဲ?
(က) ၃၂ ချောင်း (ခ) ၄၈ ချောင်း (ဂ) ၃၅ ချောင်း (ဃ) ၄၂ ချောင်း 


(၁၀) အမေရိကန်ကို  လေဘာတီရုပ်တု လက်ဆောင်ပေးခဲ့တဲ့နိုင်ငံကို ဖော်ပြပါ။



Shutterstock/ TZIDO SUN
(က) ဂျာမနီ (ခ) ရှရှား (ဂ) ပြင်သစ် (ဃ) အီတလီ
(၁၁) ကမ္ဘာပေါ်က အရှည်ဆုံးအဆောက်အအုံက ဘယ်မြို့မှာရှိပါသလဲ?
 (က) နယူးယောက် (ခ) ရှန်ဟိုင်း (ဂ) မော်စကို (ဃ) ဒူဘိုင်း


(၁၂) သြစတြေးလျနိုင်ငံရဲ့ မြို့တော်ကို ဖော်ပြပါ။
(က) Sydney (ခ) Canberra (ဂ) Melbourne (ဃ) Perth


(၁၃) Disney ကာတွန်းကားတွေထဲက စကားမပြောတဲ့ အဓိကဇာတ်ကောင်က ဘယ်သူလဲ?
(က) အေရီယယ် (ခ) ဆင်းဘာ (ဂ) ဒမ်ဘို (ဃ) စင်ဒရယ်လား


(၁၄) BBC ရဲ့အရှည်ကောက်ကို ဖော်ပြပါ။
(က) British Broadcasting Corporation
(ခ) British Broadcasting Channel
(ဂ) Broad Broadcasting Channel
(ဃ) Broad Broadcasting Corporation 


(၁၅) ၁၉၈၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အနုမြူမတော်တဆမှုရဲ့ နာမည်ကို ဖော်ပြပါ။ 
(က) Three Mile Island accident
(ခ) Chernobyl disaster
(ဂ) Fukushima Daiichi nuclear disaster
(ဃ) SL-1 accident


ကဲ…အခုဆိုမေးခွန်းလေးတွေကို ဖြေပြီးလောက်ရောပေါ့။ မေးခွန်းလေးတွေရဲ့ အဖြေမှန်ကို အောက်မှာဖော်ပြပေးထားပြီး ကိုယ်ရတဲ့အမှတ်အလိုက် ကိုယ့်ရဲ့အိုင်ကျူအဆင့်အတန်းကို လေ့လာလိုက်ရအောင်နော်…
အဖြေမှန်******
မေးခွန်း (၁) - (က) ပျမ်းမျှ ၂၀,၀၀၀ (၁၇,၂၈၀ နဲ့ ၂၃,၀၄၀ ကြားထိရှိပါတယ်)
မေးခွန်း (၂) - (ဂ) ပစိဖိတ်သမုဒ္ဒရာ
မေးခွန်း (၃) - (ခ) ဆူမိုနပန်း
မေးခွန်း (၄) - (ခ) ၃ ခု
မေးခွန်း (၅) - (ဃ) မာကျူရီ
မေးခွန်း (၆) - (က) ကနေဒါနဲ့ အမေရိကန် (၈၈၉၃ ကီလိုမီတာရှိပါတယ်)
မေးခွန်း (၇) - (ဂ) ၄ ယောက် (Charles ၊ Andrew ၊ Edward ၊ Anne တို့ဖြစ်ပါတယ်)
မေးခွန်း (၈) - (က) ငှက်ပိတုန်း
မေးခွန်း (၉) - (ဃ) ၄၂ ချောင်း
မေးခွန်း (၁၀) - (ဂ) ပြင်သစ်
မေးခွန်း (၁၁) - (ဃ) ဒူဘိုင်း
မေးခွန်း (၁၂) - (ခ) Canberra 
မေးခွန်း (၁၃) - (ဂ) ဒမ်ဘို 
မေးခွန်း (၁၄) - (က) British Broadcasting Corporation
မေးခွန်း (၁၅) - (ခ) Chernobyl disaster


***** အိုင်ကျူရမှတ်******
၀ မှတ်ကနေ ၃ မှတ် - Low IQ 
၄ မှတ်ကနေ ၆ မှတ် - Medium IQ
၇ မှတ်ကနေ ၉ မှတ် - Average IQ
၁၀ မှတ်ကနေ ၁၂ မှတ် - Superior IQ
၁၃ မှတ်ကနေ ၁၅ မှတ် - Highly Advanced IQ (Gifted) 

#lotaya_quiz


အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်

#မေးခွန်း
#ပျမ်းမျှ
#ရမှတ်
#သမုဒ္ဒရာ
#ပိတုန်း

Some text some message..