
Shutterstock/ LintangDesign
ငယ်ငယ်တုန်းက “သုတစုံလင် ရွှေဉာဏ်ရှင်” အစီအစဉ်ကို အပြေးအလွှားကြည့်ခဲ့ရတဲ့ နေ့ရက်တွေကို မှတ်မိကြသေးရဲ့လား ပရိသတ်ကြီးရေ….တခြားဗဟုသုတ အစီအစဉ်တွေလည်း ရှိကောင်းရှိနိုင်ခဲ့ပေမယ့် admin ကတော့ အဲဒီလိုအစီအစဉ်တွေမှာ ဉာဏ်စမ်းပဟေဠိမေးခွန်းတွေကိုမှန်အောင်ဖြေပြီး ဆုရတဲ့လူတွေကို အရမ်းအားကျမိခဲ့တာ အမှန်ပါပဲ။ ဒီနေ့ခေတ်မှာတော့ ပရိသတ်အများစုက social media ကနေ ဗဟုသုတဉာဏ်စမ်းတွေကို အလွယ်တကူ ဖြေလို့ရနေပါပြီ။ ဒီနေ့မှာတော့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ ဉာဏ်စမ်းပဟေဠိအစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်…. ကိုယ်ဘယ်နှခုမှန်အောင် ဖြေနိုင်လဲဆိုတာ comment မှာကြွားခဲ့ကြဦးနော်….
မေးခွန်း (၁) - ဘယ်တော့မှ သတ်လို့ မသေနိုင်တဲ့တိရစ္ဆာန်ကို ဖော်ပြပါ။
(က) လိပ် (ခ) မြွေ (ဂ) ပုစွန် (ဃ) ဂျယ်လီငါး
မေးခွန်း (၂) - အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ သွားဘယ်နှချောင်း ရှိပါသလဲ။
(က) ၃၀ချောင်း (ခ) ၃၁ချောင်း (ဂ) ၃၂ချောင်း (ဃ) ၂၉ချောင်း
မေးခွန်း (၃) - ဘတ်စကတ်ဘောအသင်းမှာ ကစားသမား ဘယ်နှယောက်ပါသလဲ။
(က) ၇ယောက် (ခ) ၅ယောက် (ဂ) ၆ယောက် (ဃ) ၉ယောက်
မေးခွန်း (၄) - မွန်ဘိုင်းမြို့ကို အရင်က ဘယ်လိုခေါ်ခဲ့ကြသလဲ။
(က) ဒေလီမြို့ (ခ) ဘုံဘေမြို့ (ဂ) နယူးဒေလီမြို့ (ဃ) ဟိုက်ဒရာဘက်မြို့
မေးခွန်း (၅) - ပင့်ကူမှာ ခြေထောက်ဘယ်နှချောင်း ရှိပါသလဲ။
(က) ၈ချောင်း (ခ) ၆ချောင်း (ဂ) ၇ချောင်း (ဃ) ၉ချောင်း
မေးခွန်း (၆) - ယနေ့ထိကမ္ဘာမှာ ဘာသာစကား ဘယ်နှမျိုးရှိပါသလဲ။
(က) ၅၀၀၀ (ခ) ၆၀၀၀ (ဂ) ၆၅၀၀ (ဃ) ၇၀၀၀
မေးခွန်း (၇) - ကမ္ဘာပေါ်က ရေနံတင်ပို့မှု အများဆုံးနိုင်ငံကို ဖော်ပြပါ။
(က) China (ခ) Japan (ဂ) Russia (ဃ) Saudi Arab
မေးခွန်း (၈) - “ပန်းရောင်” ချွေးထွက်တဲ့တိရစ္ဆာန်ကို ဖော်ပြပါ။
(က) သစ်ကုလားအုတ် (ခ) ဖား (ဂ) ရေမြင်း (ဃ) ဆင်
မေးခွန်း (၉) - လူတစ်ယောက်ရဲ့ ဦးနှောက်က ဘယ်လောက်အလေးချိန် ရှိပါသလဲ။
(က) ၃ပေါင် (ခ) ၂ပေါင် (ဂ) ၅ပေါင် (ဃ) ၁ပေါင်
မေးခွန်း (၁၀) - အကျဉ်းသားလူဦးရေ အများဆုံးနိုင်ငံကို ဖော်ပြပါ။
(က) တရုတ်နိုင်ငံ (ခ) အမေရိကန်နိုင်ငံ (ဂ) ရုရှားနိုင်ငံ (ဃ) မြောက်ကိုရီးယားနိုင်ငံ
မေးခွန်း (၁၁) - ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေ အများဆုံးနိုင်ငံကို ဖော်ပြပါ။
(က) အမေရိကန်နိုင်ငံ (ခ) အိန္ဒိယနိုင်ငံ (ဂ) တရုတ်နိုင်ငံ (ဃ) ဂျပန်နိုင်ငံ
မေးခွန်း (၁၂) - ကျည်ဆန်ရထားကို ပထမဆုံး တီထွင်ခဲ့တဲ့ ဖော်ပြပါ။
(က) ဂျပန်နိုင်ငံ (ခ) ရုရှားနိုင်ငံ (ဂ) တောင်ကိုရီးယားနိုင်ငံ (ဃ) ထိုင်းနိုင်ငံ
မေးခွန်း (၁၃) - တစ်နှစ်မှာ “၃၁ရက်” ရှိတဲ့လ ဘယ်နှလရှိပါသလဲ။ ( ရက်၃၀မှာ စက်တင်ဘာမဆိုပဲနဲ့ ချက်ချင်းပြောကြည့်ပါ….)
(က) ၅လ (ခ) ၆လ (ဂ) ၇လ (ဃ) ၈လ
မေးခွန်း (၁၄) - အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော်အလံမှာ အရောင်ဘယ်နှစ်ရောင်ပါသလဲ။
(က) ၄ရောင် (ခ) ၅ရောင် (ဂ) ၂ရောင် (ဃ) ၃ရောင်
ကဲ…အားလုံးလည်း အခုဆိုမေးခွန်းတွေကို ဖြေပြီးလောက်ရောပါ့။ အောက်မှာအဖြေမှန် ဖော်ပြထားတဲ့အတွက် ဘယ်နှခုမှန်လဲ ကြည့်လိုက်ရအောင်…
*****အဖြေမှန်*****
မေးခွန်း (၁) - (ဃ) ဂျယ်လီငါး
မေးခွန်း (၂) - (ဂ) ၃၂ချောင်း
မေးခွန်း(၃) - (ခ) ၅ယောက်
မေးခွန်း (၄) - (ခ) ဘုံဘေမြို့
မေးခွန်း (၅) - (က) ၈ချောင်း
မေးခွန်း (၆) - (ဂ) ၆၅၀၀
မေးခွန်း (၇) - (ဃ) Saudi Arab
မေးခွန်း (၈) - (ဂ) ရေမြင်း
မေးခွန်း (၉) - (က) ၃ပေါင်
မေးခွန်း (၁၀) - (ခ) အမေရိကန်နိုင်ငံ
မေးခွန်း (၁၁) - (ခ) အိန္ဒိယနိုင်ငံ
မေးခွန်း (၁၂) - (က) ဂျပန်နိုင်ငံ
မေးခွန်း (၁၃) - (ဂ) ၇လ
မေးခွန်း (၁၄) - (ဃ) ၃ရောင်
#lotaya_quiz
အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်