သင်ရွေးချယ်တဲ့ထီးကတစ်ဆင့် သင့်ရဲ့စတိုင်နဲ့အချစ်ရေးကို ပြောပြပေးမယ်
lotaya.mpt.com.mm
|
2020-12-03

Shutterstock/LeysanI& Iness

သင်ဟာ အမျိုးသမီးတစ်ယောက်ဆိုရင် ဒီ Quiz လေးကို ဖြေကြည့်ဖို့ အသင့်တော်ဆုံးပါပဲနော်။ ဒီ Quiz လေးကတစ်ဆင့် သင်ဟာ ဘယ်လိုစိတ်နေစိတ်ထားရှိပြီး ဘယ်လိုအရည်အချင်းတွေရှိတဲ့ အမျိုးသမီးလဲဆိုတာ ပြောပြပေးသွားမှာပါ။ ပုံမှာမြင်ရတဲ့အတိုင်း ထီးလေး ၆ ချောင်းကို ပေးထားပြီး ဒီထီးလေးတွေထဲက သင်အနှစ်သက်ဆုံး တစ်ခုကိုရွေးချယ်ပြီး အဖြေကို ဆန်းစစ်ကြည့်လိုက်တော့နော်….

၁. အပြာရောင်ထီး




Shutterstock/LeysanI

သင်ဟာ စမတ်ကျကျ ဝတ်စားဆင်ယင်တတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့် အဝတ်အစား ရွေးချယ်ဝတ်ဆင်တဲ့ နေရာမှာ စတိုင်ကျကျ၊ သပ်သပ်ရပ်ရပ်နဲ့ အထက်တန်းကျတဲ့ ဝတ်စားဆင်ယင်မှုမျိုးကို သာ ရွေးချယ်ဝတ်ဆင်လေ့ ရှိပါတယ်။ သင်ဟာ ဘယ်အရာကိုမဆို သူ့အကန့်နဲ့သူ စနစ်တကျ စဉ်းစားလုပ်ဆောင်လေ့ ရှိပါတယ်။ ဒါ့အပြင် ဆင်ခြင်တုံတရားရှိပြီး ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အတွေးအခေါ်တွေရှိပါတယ်။ သင့်ပုံစံက အရမ်းထက်မြက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်မို့လို့ တစ်ခါတစ်လေ ယောကျာ်းလေးတွေ အနေနဲ့ သင့်ကိုချဉ်းကပ်ဖို့ စိုးရိမ်ထိတ်လန့် နေရတတ်ပါတယ်။



၂. အစိမ်းရောင်ထီး




Shutterstock/LeysanI

သင်ဟာ ပစ္စည်းအသစ်တွေကို စုဆောင်းရတာ နှစ်သက်မြတ်နိုးပါတယ်။ ဒါကြောင့် အဝတ်အစားအသစ်တွေကစလို့ သေးသေးမွှားမွှား ပစ္စည်းလေးတွေအထိ ဝယ်ယူစုဆောင်းလေ့ ရှိပါတယ်။ အဝတ်အစား ရွေးချယ်ဝတ်ဆင်တဲ့နေရာမှာ သာမန်ရိုးရိုးရှင်းရှင်း ပုံစံကိုသာ ရွေးချယ်ဝတ်ဆင်ပြီး စတိုင်ကျတဲ့ တွဲဖက်ပစ္စည်းလေးတွေကို ဆင်ယင်တတ်ပါတယ်။ သင်ဟာ ပစ္စည်းတွေ ရွေးချယ်တဲ့နေရာမှာ အမြင်ရှိသလို ချစ်သူကောင်လေး ရွေးချယ်တဲ့နေရာမှာလည်း အမြင်ရှိပါတယ်။ သင့်ဘေးနားမှာ သင့်လိုစတိုင်ကျပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အဖော်မွန်ကောင်း ရှိပါတယ်။ ကောင်းမွန်တဲ့ စိတ်ကူးအကြံဉာဏ်တွေ ရှိနေတဲ့သင်ဟာ အဲဒီစိတ်ကူးတွေနဲ့ လူတွေအပေါ် ဘယ်လိုလွှမ်းမိုးရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။

၃. အမဲရောင်ထီး




Shutterstock/LeysanI

သင်ဟာ လူတွေရဲ့အာရုံစိုက်တာကို မလိုချင်ပဲ တစ်ယောက်ထဲ အေးအေးဆေးဆေးနဲ့ တည်တည်ငြမ်ငြိမ် နေရတာကို သဘောကျပါတယ်။ ဒါ့အပြင် သင့်ခံစားချက်တွေကို သင်နဲ့အရင်းနှီးဆုံးလူတွေကိုသာ ဖွင့်ဟပြောဆိုပြီး တိုင်ပင်လေ့ရှိပါတယ်။ အဝတ်အစား ရွေးချယ်ဝတ်ဆင်တဲ့နေရာမှာ မတူတဲ့ အဝတ်အစားဒီဇိုင်း သို့မဟုတ် အရောင်တွေကို တွဲဖက်ဝတ်ဆင်လေ့ရှိပါတယ်။ ယောကျာ်းတွေနဲ့ဆိုရင် သင်ဟာ လုံးဝထိုးဖောက်လို့မရတဲ့ ခံတပ်ကြီးတစ်ခုလိုမျိုးပါပဲ။ ပြောရရင် သာမန်ယောကျာ်းတွေဟာ သင့်ကိုရင်ခုန်အောင် မလုပ်နိုင်တဲ့အပြင် သင့်ကိုမချဉ်းကပ်ရဲဘူးပေါ့။ ဒါပေမယ့်လည်း အရဲစွန့်ပြီး မဆုတ်မနစ်တဲ့ဇွဲနဲ့ သင့်ကိုချစ်ခွင့်ပန်တဲ့ ယောကျာ်းကတော့ သင့်အချစ်ကို ရရှိပါလိမ့်မယ်။ ဒါ့အပြင် ဒီယောကျာ်းက သင့်ကိုရတဲ့အတွက် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ယောကျာ်းထဲကတစ်ယောက်လို့ ပြောရင် မမှားပါဘူး။

၄. ပန်းပွင့်ထီး




Shutterstock/ Iness

သင်ဟာ ရှေးရိုးစွဲအတွေးအခေါ်တွေရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သင့်အတွက် အဲဒီအတွေးအခေါ်ဟာ အဝတ်အစား ရွေးချယ်ဝတ်ဆင်တဲ့ နေရာမှာတင်မဟုတ်ပဲ အချစ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နည်းပညာ အစရှိတဲ့ နယ်ပယ်တွေမှာပါ လွှမ်းမိုးထားပါတယ်။ ဒါကြောင့်သင်ဟာ သိမ်သိမ်မွေ့မွေ့ ပြောဆိုပြုမှုတတ်ပြီး ဗိုင်းကောင်းကျောက်ဖိ နေထိုင်တတ်ပါတယ်။ ဒါ့အပြင် ဒီလိုရှေးရိုးစွဲ အတွေးအခေါ်တွေရှိတဲ့သင်ဟာ မိမိရဲ့အပျိုစင်ဘဝကို အရမ်းတန်ဖိုးထားပါတယ်။ ဒါကြောင့် ရည်းစားထားတဲ့နေရာမှာ ဘယ်တော့မှ မိမိရဲ့အပျိုစင်ဘဝကို ရည်းစားဘဝမှာ မိမိချစ်သူထံ မပေးအပ်ပဲ လက်ထပ်ပြီးမှသာ မိမိရဲ့အပျိုစင်ဘဝကို ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ သင်ဟာ အိမ်မှုကိစ္စ နိုင်နင်းတဲ့ အမျိုးသမီးတစ်ယောက်တစ်ယောက် ဖြစ်တဲ့အပြင် ဘယ်သူ့ကိုမဆို သနားကြင်နာတတ်ပြီး ဂရုစိုက်တတ်ပါတယ်။

၅. လိမ္မော်ရောင်ထီး




Shutterstock/LeysanI

သင်ဟာ အမြဲ ပျော်ပျော်ရွှင်ရွှင်နဲ့ တတ်တတ်ကြွကြွနေတတ်တဲ့အပြင် အကောင်းမြင်စိတ်အပြည့်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အဝတ်အစား ရွေးချယ်ဝတ်ဆင်တဲ့နေရာမှာ သင်ဟာ အရောင်တောက်တောက် အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်လေ့ ရှိပါတယ်။ သွက်သွက်လက်လက်နဲ့ တက်တက်ကြွကြွ နေတတ်တဲ့ သင်ဟာ ယောကျာ်းလေးတွေကြားမှာ အလွန်စန်းပွင့်ပါတယ်။ အလင်းတန်းဆီကို ပိုးဖလံတွေ စုဝေးရောက်ရှိလာသလို ယောက်ျားတွေကလည်း သင့်အချစ်ကိုရဖို့ စုပြုံတိုးဝှေ့နေကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘယ်သူ့ကိုရွေးချယ်ရမှန်းမသိပဲ ဇဝေဇဝါ ဖြစ်နေတတ်ပါတယ်။ သင့်စိတ်ထဲက အကောင်းဆုံးဖြစ်မယ့် လူကြီးလူကောင်းစိတ်ဓာတ်ရှိတဲ့ အမျိုးသားတစ်ယောက်ကို ရွေးချယ်ပြီး တည်ငြိမ်တဲ့ အချစ်ရေးကို တည်ဆောက်ဖို့ အကြံပေးချင်ပါတယ်။

၆. အဝါရောင်ထီး




Shutterstock/

သင်ဟာ ပညာရပ်အသစ်တွေကို လေ့လာစူးစမ်းဖို့ စိတ်ပါဝင်စားပြီး ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင် ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သင်ဝတ်စားဆင်ယင်တဲ့ အဝတ်အစားဒီဇိုင်းကတစ်ဆင့် သင်ဟာ အလွန်စိတ်ဝင်စားစရာကောင်းပြီး ပညာအရည်အချင်း ကြွယ်ဝတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ သိနိုင်ပါတယ်။ ယောကျာ်းတွေအနေနဲ့ သင်အပေါ် စိတ်ဝင်စားမှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးမြင့်မားလာတတ်ပါတယ်။ သင့်ချစ်သူဖြစ်ဖို့ဆိုရင် အဲဒီယောကျာ်းဟာ အချိန်နဲ့တပြေးညီ ပညာရပ်အသစ်တွေကို စူးစမ်းလေ့လာနေရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် အမြဲလုပ်နေရပါ့မယ်။ မဟုတ်ရင် သင့်ဘက်က အဲဒီယောကျာ်းအပေါ် အလွယ်တကူ ငြီးငွေ့သွားပြီး လမ်းခွဲတတ်လို့ပါ။

#lotaya_quiz


အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်

#ယောကျာ်း
#အဝတ်အစား
#ထီး
#အပျိုစင်
#အတွေးအခေါ်

Some text some message..