
Shutterstock/Adam Vilimek & koya979
2020 ကြီးလည်း ကုန်တော့မယ်နော်…Admin တို့ဟာ နှစ်ဟောင်းမှာ မိမိကို စိတ်ပင်ပန်းစေမယ့် အရာတွေကိုထာခဲ့ပြီး စိတ်သစ်ကိုယ်သစ်၊ ရည်မှန်းချက်အသစ်တွေနဲ့ နှစ်သစ်ကို အမြဲကြိုဆိုပြီး ရှေ့ဆက်ကြပါတယ်။ ဒီနေ့မှာတော့ နှစ်သစ်နဲ့ပတ်သက်ပြီး နှင်းဘောလုံးလေးတွေက သင့်ကိုဘယ်လိုအကြံဉာဏ်တွေ ပေးမလဲဆိုတာ အဖြေရှာကြည့်လိုက်ရအောင်…ပေးထားတဲ့ နှင်းဘောလုံးလေး သုံးလုံးထဲက သင့်အကြိုက်ဆုံးတစ်ခုကို ရွေးချယ်ပြီး နှစ်သစ်နဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေ ယူလိုက်ရအောင်နော်….
နံပါတ် ၁
Shutterstock/Adam Vilimek
သင်က ဇွဲလုံလဝီရီယကောင်းပြီး သစ္စာတရားကြီးမားတဲ့ လူတစ်ယောက်ပါ။ ရှင်သန်နေထိုင်ရတဲ့ ဘဝကြီးက မလွယ်ကူဘူးဆိုတာ သိထားပြီး ဘယ်အရာမဆို ကိုယ်မျှော်လင့်ထားသလို မဖြစ်နိုင်ဘူးဆိုတာ သိတဲ့အတွက် သင်က ဘယ်တော့မှ အလွယ်တကူ အရှုံးပေးလေ့မရှိပဲ ကြိုးစားတတ်ပါတယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ ရည်မှန်းချက်တစ်ခု ရှိနေတယ်ဆိုရင် အဲဒီရည်မှန်းချက်ကို ဒီနှစ်သစ်မှာ အကောင်အထည်ဖော်ပါ။ ဘယ်လိုအခက်အခဲတွေပဲ ရှိနေပါစေ…လက်မလျှော့ပါနဲ့။ သင်ဟာ အကောင်းမြင်တတ်ပြီး ကိုယ်လုပ်စရာရှိတာကို တစိုက်မက်မက် လုပ်ဆောင်တတ်တဲ့အကျင့်ကြောင့် သင့်ရည်မှန်းချက်က သေချာပေါက် အောင်မြင်မှာပါ။ သင့်ကြိုးစားမှုတွေကတစ်ဆင့် အောင်မြင်မှုတွေနဲ့ ပျော်ရွှင်မှုတွေ ရယူနိုင်တယ်ဆိုတာ ဒီနှစ်သစ်မှာ လောကကြီးကို ချပြလိုက်ပါ။
နံပါတ် ၂
Shutterstock/Adam Vilimek
ဒီနှစ်သစ်မှာ သင့်အနေနဲ့ အရေးကြီးတဲ့တောင်းဆိုမှုတွေကို ကမ်းလှမ်းခံထားရမယ့် အနေအထားမှာရှိပါတယ်။ ဒီတောင်းဆိုမှုတွေကို လက်တွေ့ဘဝမှာ အကောင်အထည်ဖော်ပြီး အောင်မြင်တဲ့အနေအထားကို ရောက်နိုင်ဖို့ဆိုရင် သင့်အနေနဲ့ Comfort Zone ထဲက ရုန်းထွက်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လိုအပ်ပါတယ်။ တကယ်လို့ သင်သာအခုထဲက စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားမယ်ဆိုရင် သင့်အနေနဲ့ ဒီနှစ်သစ်မှာ အဲဒီတောင်းဆိုမှုတွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ပြီး မယုံနိုင်လောက်အောင် အဆင်ပြေတဲ့နှစ်သစ်တစ်ခုကို ပိုင်ဆိုင်ရမှာပါ။ ဒါကြောင့် အကြံပေးချင်တာက သင့်ဆန္ဒတွေ ပြည့်ဝဖို့က ဘယ်ပုဂ္ဂိုလ်လက်ထဲမှာမှ မရှိပဲ သင့်လက်ထဲမှာပဲ ရှိပါတယ်။
နံပါတ် ၃
Shutterstock/koya979
လက်ရှိအချိန်မှာ သင်ဟာ လူတွေနဲ့ဆန့်ကျင်ဘက် ဖြစ်နေတတ်ပြီး လူတွေအပေါ် နားလည်မှုတွေ လွဲနေတတ်ပါတယ်။ ခဏလောက် စိတ်အေးလက်အေး စဉ်းစားကြည့်ပါ….သင့်ဆန္ဒတွေကို ဒီနှစ်သစ်မှာ အောင်အောင်မြင်မြင် အကောင်အထည်ဖော်ချင်ပါသလား? ဒါဆို သင့်ဘက်က လူတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ဖို့လိုပြီး အလုပ်တစ်ခုအလုပ်ခင် ကျိုးကြောင်းဆင်ခြင်တွေးခေါ်ပြီး လုပ်သင့်နေပါပြီ။ ဘာလို့လဲဆိုတော့ မိမိတို့လုပ်လိုက်တဲ့ လုပ်ရပ်ရဲ့နောက်ကွယ်မှာ အကျိုးဆက်တွေ အများကြီးရှိနေတတ်လို့ပါ။ သင့်အပြုအမှုနဲ့ အပြောအဆိုတွေကို ဒီနှစ်သစ်မှာ ပြောင်းလဲလိုက်ပါ။ ဒါဆို သင့်အနေနဲ့ နှစ်သစ်မှာ အပြုသဘောဆောင်တဲ့ ကောင်းတဲ့ပြောင်းလဲမှုတွေ ဖြစ်လာပါလိမ့်မယ်။
#lotaya_quiz
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။