သင့်ဖူးစာရှင်ကို ဘယ်အရွယ်မှာတွေ့မလဲဆိုတာ ရာသီခွင်အလိုက် ခန့်မှန်းပေးမယ်
lotaya.mpt.com.mm
|
2021-01-16

Shutterstock/ Sambulov Yevgeniy

ဒီ Test လေးကတော့ အားလုံးပျော်စေချင်လို့ ဖန်တီးပေးလိုက်တာပါ။ မှတ်တမ်းတွေ၊ ဟောကိန်းတွေကို အခြေခံပြီး ပြောထားတာမဟုတ်တဲ့ အတွက် တကယ်လို့ လွဲမှားသွားတာရှိရင်လည်း ဟာသလို့ပဲ သတ်မှတ်ပေးလိုက်ပါနော်…ဒီနေ့မှာတော့ သင်နဲ့လိုက်ဖက်တဲ့ လက်တွဲဖော်ကို ဘယ်အရွယ်မှာ တွေ့ရမလဲဆိုတာ ရာသီခွင်အလိုက် ခန့်မှန်းပေးသွားမှာ ဖြစ်တဲ့အတွက် ဘယ်လိုလက်တွဲဖော်နဲ့ ဆုံစည်းရမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်….

Aries (March 21 - April 19)

Aries တွေကတော့ အသက် ၂၀ နဲ့ ၃၀ ကြားအရွယ်မှာ ဖူးစာရှင်နဲ့ ဆုံတွေ့ရပါလိမ့်မယ်။ အဲဒီအရွယ်မှာ သင့်အနေနဲ့ ဘဝနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေ အတော်ပြည့်ဝပြီး ရင့်ကျက်နေပြီဖြစ်တဲ့အတွက် ဖူးစာရှင်ကို သေချာပေါက် ဆုံတွေ့နိုင်မှာပါ။ ဖူးစာရှင်ကို လုပ်ငန်းခွင်၊ သင်တန်း၊ ပါတီ စတဲ့နေရာကတစ်ဆင့် စတင်သိကျွမ်းရင်းနှီးခွင့် ရမှာပါ။ အသက်အရွယ်အားဖြင့် အဲဒီဖူးစာရှင်ဟာ သင့်ထက် အသက်ကြီးနေနိုင်ပါတယ်။ ပြောရရင် မမနဲ့မောင်လေး၊ ကိုကိုနဲ့ညီမလေး အတွဲတွေဖြစ်လာပြီး နောက်ဆုံးပေါင်းဖက်ခွင့် ရမှာဖြစ်ပြီး ပြည့်စုံပြီး ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်မှာပါ။

Taurus (April 20 - May 20)

Tarus တွေကတော့ ဆယ်ကျော်သက်အရွယ်မှာ ဖူးစာဖက်နဲ့ ဆုံတွေ့ရပါလိမ့်မယ်။ အဲဒီအရွယ်က သေချာပေါက် ငယ်ရွယ်နေသေးတဲ့အတွက် သင့်အနေနဲ့ အဲဒီလူဟာ သင့်ဖူးစာဖက် ဟုတ်၊မဟုတ်ဆိုတာ သံသယတွေ ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ ဆယ်ကျော်သက်အရွယ်ဆိုတော့ ရင်ခုန်သံတွေကို အတည်ယူလို့ မရသေးတဲ့အတွက် သူက သင့်ဖူးစာဖက် ဟုတ်၊မဟုတ်ဆိုတာ အတည်ပေါက်ကြီး သင့်အနေနဲ့ မယုံကြည်ရဲသေးပါဘူး။ ဒါပေမယ့်လည်း နှစ်ဦးနှစ်ဖက် ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်လက်တွဲသွားမယ်ဆိုရင်တော့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်မှာ သေချာပေါက်ပါပဲ….တကယ်လို့ ဒီစာဖတ်နေတဲ့အချိန် သင်က ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်ပြီး ရည်းစားမရှိသေးဘူးဆိုရင်တော့ သင့်အနေနဲ့ အဲဒီဖူးစာဖက်နဲ့ ဝေးခဲ့ရတာမျိုး ဒါမှမဟုတ် လုံးဝမတွေ့ခဲ့ရတာမျိုး ဖြစ်နိုင်ပါတယ်။

Gemini (May 21 - June 20)

Gemini တွေကတော့ အသက် ၁၉ နှစ်အရွယ်မှာ ဖူးစာရှင်နဲ့ ဆုံတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် နောက်နှစ်ပေါင်းများစွာကြာမှ သူကသင့်ဖူးစာရှင်ဆိုတာ သိရပါလိမ့်မယ်။ အဲဒီဖူးစာရှင်က သင်နဲ့ငယ်ငယ်တုန်းက သူငယ်ချင်း၊ ဒါမှမဟုတ် သူငယ်ချင်းရဲ့သူငယ်ချင်း ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ အဲဒီအရွယ်တုန်းက သူကသင့်ဖူးစာရှင်ဆိုတာ သတိမထားမိခဲ့ပါဘူး။ နောက်နှစ်ပေါင်းများစွာကြာမှ အဲဒီလူနဲ့ပြန်တွေ့ပြီး သူက သင့်ဖူးစာဖက်ဖြစ်လာမှာပါ။ အစပိုင်းမှာ သင့်ဘက်က သူ့ကိုချစ်သူအဖြစ် လက်ခံစဉ်းစားဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့်လည်း သင်တို့နှစ်ဦးကြားက ကြီးမားတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ချစ်သူတွေဖြစ်သွားပြီး လက်တွဲခွင့်ရရှိမှာပါ။

Cancer (June 21 - July 22)

Cancer တွေကတော့ ဆယ်ကျော်သက်အရွယ်မှာ ဖူးစာရှင်နဲ့ ဆုံတွေ့ရပါလိမ့်မယ်။ တကယ်လို့ ဒီစာဖတ်နေတဲ့ အခုချိန်မှာ သင့်အနေနဲ့ ဆယ်ကျော်သက်အရွယ်ကျော်လွန်သွားပြီး ရည်းစားမရှိသေးဘူးဆိုရင်တော့ အဲဒီဖူးစာရှင်နဲ့ ဝေးခဲ့ရတာမျိုး ဒါမှမဟုတ် လုံးဝမတွေ့ခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်နော်…

Leo (July 23 - August 22)

Leo တွေကတော့ သူ့ဘဝမှာ သူ့ကိုယ်သူပဲ ဦးစားပေးနေတဲ့အတွက် လေးနက်တဲ့ချစ်ခြင်းမေတ္တာတွေ၊ အနှောင်အဖွဲ့တွေနဲ့ ရည်းစားထားရမှာမျိုးကို မုန်းတီးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အသက် ၂၅ ဒါမှမဟုတ် ၂၅နှစ်ကျော်မှ သင်နဲ့သင့်တော်တဲ့ ဖူးစာဖက်ကို ဆုံစည်းရမှာပါ။ ဒါကလည်း သင့်ဖက်က အတ္တတွေ၊ မာန်မာနတွေ၊ ဒေါသတွေ လျှော့ချမှ အဲဒီအရွယ်မှာ ဖူးစာဖက်နဲ့ ဆုံစည်းရမှာပါနော်။ မလျှော့ချနိုင်သေးဘူးဆိုရင်တော့ တစ်သက်လုံး လူပျိုကြီး၊ အပျိုကြီးဘဝနဲ့ နေသွားရကိန်းရှိပါတယ်။

Virgo (August 23 - September 22)

Virgo တွေကတော့ သူ့အကြိုက်၊ သူ့စိတ်ကူးနဲ့ ကိုက်ညီတဲ့လူကို ရွေးချယ်နေရတာနဲ့ ဖူးစာရှင်က ဘယ်အရွယ်မှာ တွေ့မလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ သင့်ဘက်က သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ ပြည့်စုံတဲ့လူက အတော်လေးကို ရှားပါးနေပါတယ်။ သင့်ဘက်က လူတစ်ယောက်နဲ့ တွဲပြီဆိုရင်လည်း အဲဒီလူနဲ့ ဘယ်တော့မှ မြဲအောင်မတွဲနိုင်ပဲ ဝေးကွာသွားတတ်ပါတယ်။ ပြောချင်တာကတော့ သင့်ဘက်က စံသတ်မှတ်ချက်တွေကို အနည်းငယ်လျှော့ချပေးမှ သင့်ဖူးစာရှင်ကို ရှာတွေ့ပါလိမ့်မယ်။ မဟုတ်ရင် ငှက်ပျောတုံးသာ ဆောင်ထားလိုက်ပါတော့…

Libra (September 23 - October 22)

Libra တွေကတော့ အသက်၂၀ အရွယ်မှာ ဖူးစာရှင်နဲ့ ဆုံစည်းရပါလိမ့်မယ်။ ဒီဖူးစာရှင်က သင်နဲ့အရမ်းရင်းနှီးပြီး သင့်ဘေးနားမှာ သင်အားငယ်စိတ်ပျက်ချိန်တိုင်း အမြဲရှိပေးပြီး အားပေးတတ်သူပါ။ သင့်အနေနဲ့ အဲဒီဖူးစာရှင်ကို ချက်ချင်းကြီးတော့ သတိထားမိမှာ မဟုတ်ပေမယ့် နောက်ပိုင်း ရင်ထဲမှာတွယ်ငြိပြီး ချစ်မိသွားရာကတစ်ဆင့် သူက သင့်ဖူးစာရှင်ဖြစ်လာမှာပါ။

Scorpio (October 23 - November 21)

Scorpio တွေကတော့ ငယ်သူငယ်ချင်းနဲ့ ဖူးစာဆုံပါလိမ့်မယ်။ သင့်အနေနဲ့ ငယ်ရွယ်သေးတဲ့အတွက် သူ့အချစ်တွေကို လျစ်လျူရှုပြီး သင့်အချစ်တွေကို ဖုံးဖိနေခဲ့ပေမယ့် အသက်အရွယ်တစ်ခုရောက်လာရင် သင့်စိတ်ကို လွတ်လပ်ခွင့်ပေးပြီး သူ့အချစ်တွေကို လက်ခံပေးရာကတစ်ဆင့် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖန်တီးခွင့်ရလာမှာပါ။

Sagittarius (November 22 - December 21)

Sagittarius တွေကတော့ တစ်ယောက်ထဲလွတ်လွတ်လပ်လပ် နေရတာကို နှစ်သက်မြတ်နိုးတဲ့အတွက် အသက်၂၈နှစ်ဝန်းကျင်လောက်မှ ဖူးစာရှင်နဲ့ ဆုံစည်းရပါလိမ့်မယ်။ အသက် ၂၅ မတိုင်ခင်အထိ သင့်မှာတိကျရေရာတဲ့ relationship ဆိုတာမရှိပါဘူး။

Capricorn (December 22 - January 19)

Capricorn တွေကတော့ သူတို့ဖူးစာဖက်ကို အသက် ၃၀ ဝန်းကျင်လောက်မှ ရှာတွေ့ပါလိမ့်မယ်။ သူတို့တွေဟာ ဘဝရဲ့အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ဘဝသင်ခန်းစာတွေကို ကြေညက်နေပြီဖြစ်တဲ့အတွက် အဲဒီအသက်အရွယ်မှာ သူတို့နဲ့သင့်တော်တဲ့ ဖူးစာရှင်ကိုရှာတွေ့ပြီး ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို ဖန်တီးနိုင်မှာပါ။

Aquarius (January 20 - February 18)

Aquarius တွေက ကလေးဆိုးကြီးတွေဖြစ်တဲ့အတွက် သူတို့ကို နားလည်သည်းခံပေးတဲ့ ဖူးစာရှင်လိုအပ်ပါတယ်။ သူတို့တွေက အချစ်ကို ကစားတတ်ပေမယ့် တကယ်တော့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ငတ်မွတ်နေတဲ့ လူတွေပါ။ သူတို့တွေဟာ အသက် ၃၅ ကျော်မှ သူတို့နဲ့သင့်တော်တဲ့ ဖူးစာဖက်နဲ့ ဆုံစည်းခွင့်ရမှာပါ။

Pisces (February 19 - March 20)

Pisces တွေက အရမ်းစိတ်ကူးယဉ်တတ်တဲ့လူတွေပါ။ relationship တစ်ခုကို နတ်သမီးပုံပြင်တွေထဲကလို ထင်မှတ်နေတာကြီးက တော်တော်လေး ဆိုးပါတယ်။ ဒါကြောင့် သူတို့တွေဟာ မကြာခဏ အသဲကွဲရတတ်ပါတယ်။ သူတို့ဘယ်အရွယ်မှာ ဖူးစာရှင်နဲ့ ဆုံတွေ့ရမလဲဆိုတာ သေချာမပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေရဲ့ ကလေးဆန်တဲ့ စိတ်ကူးယဉ်အတွေးကြီးတွေကို ဖျောက်မှ ဖူးစာရှင်နဲ့ ဆုံစည်းရမှာပါ။

#lotaya_quiz


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#ဖူးစာ
#အရွယ်
#ဆယ်ကျော်သက်
#အိမ်ထောင်ရေး
#ချစ်ခြင်း

Some text some message..