
Shutterstock/ tynyuk
ဒီတစ်ပတ်မှာတော့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ ဉာဏ်စမ်းအစီအစဉ်လေး ကျရောက်လို့ လာပြန်ပါပြီ။ ဒီနေ့မှာတော့ ပရိသတ်တွေကို စဉ်းစားရခက်သွားစေမယ့် ဉာဏ်စမ်းမေးခွန်း ဆန်းဆန်းပြားပြားလေးတွေကို တင်ဆက်ပေးသွားမှာပါ။ အကုန်မှန်အောင် ဖြေနိုင်တဲ့ ပရိသတ်ကတော့ ဆရာကြီးပဲပေါ့နော်…ကဲ ဘယ်နှခုမှန်အောင် ဖြေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်
မေးခွန်း (၁) 16, 06, 68, 88, X , 98 စတဲ့ဂဏန်းစဉ်မှာ X က ဘယ်ဂဏန်းဖြစ်မလဲ?
(က) 87 (ခ) 90 (ဂ) 94 (ဃ) 89
မေးခွန်း (၂)
Shutterstock/ HBRH
(က) ရေဘဝဲ (ခ) မဒူဆာ (ဂ) ဒဿဂီရိ (ဃ) အန်စာတုံး
မေးခွန်း (၃)
Shutterstock/ KieferPix
(က) မုန်တိုင်း (ခ) ငါးမန်း (ဂ) ရေခဲတုံး (ဃ) ဝေလငါး
မေးခွန်း (၄) သူက အရုပ်လေးတစ်ရုပ်ဆိုပေမယ့် သူနဲ့ဘယ်သူမှ မကစားနိုင်ပါဘူး။ ပြီးတော့ သူက အရုပ်လေးဆိုပေမယ့် နေပူမရှောင် မိုးရွာမရှောင် တစ်နေကုန်အပြင်မှာ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ရပါသေးတယ်။ သူက ဘယ်လိုအရုပ်မျိုးဖြစ်မလဲ?
(က) ဘိုမရုပ် (ခ) စာခြောက်ရုပ် (ဂ) မြင်းရုပ် (ဃ) ပစ်တိုင်းထောင်
မေးခွန်း (၅)
Shutterstock/ guteksk7
မေးခွန်း (၆) သူက ဘောလုံးတစ်လုံးဆိုပေမယ့် အတွင်းထဲမှာပဲ အမြဲနေရပြီး သူ့ကို ကန်တာ၊ လိမ့်တာ၊ ပုတ်တာမျိုး လုပ်လို့မရပါဘူး။ သူက ဘယ်လိုဘောလုံးဖြစ်မလဲ?
(က) ဘိုးလင်း (ခ) မျက်လုံး (ဂ) တန်းနစ်စ်ဘောလုံး (ဃ) ဂေါ်လီလုံး
မေးခွန်း (၇) ဘယ်ငှက်က နောက်ပြန်ပျံနိုင်ပါသလဲ?
(က) ဒေါင်း (ခ) ငှက်ပိတုန်း (ဂ) စွန်ရဲ (ဃ) သိမ်းငှက်
မေးခွန်း (၈)
Shutterstock/ tynyuk
ကဲ …အခုဆို အဖြေတွေလည်း ရလောက်ရောပေါ့။ ဘယ်နှစ်ခုမှန်လဲ ကြည့်လိုက်ရအောင်…
*****အဖြေမှန်များ*****
မေးခွန်း ၁ - (က) 87
မေးခွန်း ၂ - (ဃ) အန်စာတုံး
မေးခွန်း ၃ - (ဂ) ရေခဲတုံး
မေးခွန်း ၄ - (ခ) စာခြောက်ရုပ်
မေးခွန်း ၅ - TYPEWRITER
မေးခွန်း ၆ - (ခ) မျက်လုံး
မေးခွန်း ၇ - (ခ) ငှက်ပိတုန်း
Shutterstock/ Aquir
ဒါကတော့ Bonus Question လေးပေါ့။ ဒီမေးခွန်းလေးကို သူငယ်ချင်းတွေနဲ့ အပြန်အလှန် စနောက်ရင်း မေးလို့ရတယ်နော်။ မသိရင် ကိုယ်က သူတို့စိတ်ကို သိနေတဲ့ ပုံစံမျိုးနဲ့ပေါ့….
“၁ ကနေ ၁၀ ဂဏန်းတွေထဲက သင်နှစ်သက်ရာ ဂဏန်းတစ်ခုကို ရွေးချယ်လိုက်ပါ။ အဲဒီဂဏန်းကို ၂ နဲ့မြှောက်ပြီး ၁၀ ထပ်ပေါင်းပါ။ ရလာတဲ့ဂဏန်းကို ထပ်ပြီး ၂ နဲ့ပြန်စားပြီး သင်ပထမဆုံး ရွေးချယ်ခဲ့တဲ့ဂဏန်းပြန်နုတ်ပေးပါ။ ဒါဆို နောက်ဆုံးရလာတဲ့ သင့်အဖြေက ၅ ဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်။ “
#lotaya_quiz
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။