သင်ရွေးချယ်လိုက်တဲ့ ကြောင်လေးကတစ်ဆင့် သင့်ရဲ့ပင်ကိုဗီဇကို ထုတ်ဖော်ပေးမယ်
lotaya.mpt.com.mm
|
2021-05-02

ကြောင်လေးတွေကိုမှ သည်းသည်းလှုပ် ချစ်နေမိတဲ့ ကြောင်ချစ်သူလေးတွေ ရှိကြလား။ ကြောင်ချစ်သူလေးတွေရဲ့ စိတ်နေစိတ်ထားကို တခြားလူတွေအနေနဲ့ ခန့်မှန်းဖို့ လုံးဝမလွယ်ကူကြပါဘူး။ ယေဘုယျအားဖြင့် ပြောရရင်တော့ သူတို့တွေမှာ ရှုပ်ထွေးပြီး အပြောင်းအလဲမြန်တဲ့ စိတ်နေစိတ်ထားရှိပြီး ဆက်ဆက်ထိမခံကြဘဲ တသီးတသန့်နေတတ်ကြပါတယ်။ ဒီနေ့မှာတော့ ကြောင်ချစ်သူလေးတွေအတွက် test လေးတစ်ခု ပြင်ဆင်ထားပါတယ်။ အဲဒါကတော့ ကြောင်ချစ်သူလေးတွေရဲ့ ပင်ကိုယ်ဗီဇတွေကို ပိုပြီးသိရှိသွားအောင် ထုတ်ဖော်ပေးမယ့် test လေးပါပဲ။ ပေးထားတဲ့ ကြောင်ပုံလေးတွေထဲက နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး အဖြေကို ကြည့်လိုက်ရအောင်နော်…

နံပါတ် ၁




နံပါတ် ၁ ကြောင်လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ရိုးသားပြီး အချစ်ကြီးတဲ့ လူတစ်ယောက်ပါ။ မိသားစု၊ သူငယ်ချင်းနဲ့ ချစ်သူအပေါ် သံယောဇဉ်ကြီးပြီး သူတို့အပေါ် အမြတ်တနိုးတန်ဖိုးထား ချစ်တတ်ပါတယ်။ လူတိုင်းနဲ့ရောရောနှောနှောမနေဘဲ တသီးတသန့် နေတတ် အကျင့်ရှိပေမယ့် လူတိုင်းအပေါ် ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံ ကူညီပေးလေ့ရှိပါတယ်။ ဒါ့အပြင် သူတစ်ပါးရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်စွမ်း ရှိပြီး အပေါ်ယံ အပြုအမှုတွေနဲ့ စိတ်နေစိတ်ထားတွေကို မုန်းတီးတတ်ပါတယ်။ သင့်ရဲ့အားသာချက်တွေကတော့ စိတ်ရှည်သည်းခံနိုင်စွမ်း မြင့်မားခြင်းနဲ့ ဘယ်အရာကိုမဆို စောင့်ကြည့်လေ့လာပြီး လုပ်ဆောင်တတ်တဲ့ အကျင့်တို့ဖြစ်ပါတယ်။

နံပါတ် ၂




နံပါတ် ၂ ကြောင်လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ သွက်လက်တတ်ကြွစွာ နေတတ်ပြီး ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချနိုင်စွမ်းရှိပါတယ်။ ခေါင်းဆောင်ကောင်းတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ အပြည့်ရှိပြီး စိန်ခေါ်မှုတွေနဲ့ ယှဉ်ပြိုင်ပြီး လုပ်ဆောင်ရတာမျိုးတွေကို အထူးနှစ်သက် သဘောကျလေ့ရှိပါတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နေထိုင်ရတာမျိုးကို နှစ်သက်ပြီး သင့်ကို ဘယ်သူကမှ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ကိုယ့်သမိုင်းကို ကိုယ်ရေးပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်းက သင့်စတိုင် ဖြစ်ပါတယ်။

နံပါတ် ၃




နံပါတ် ၃ ကြောင်လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ဆင်ခြေတုံတရားရှိပြီး ဉာဏ်ကောင်းတဲ့အပြင် ပင်ကိုယ်ပါရမီအထုံ ရှိတဲ့လူတစ်ယောက်ပါ။ ပညာရပ်တစ်ခုကို လေ့လာဆည်းပူးတဲ့နေရာမှာ သင်ယူနိုင်မြောက်နိုင်စွမ်း မြင့်မားပြီး ဘယ်အရာကိုမဆို နည်းလမ်းတကျ တွေးခေါ်စဉ်းစားပြီး လုပ်ဆောင်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ရောက်ရှိနေတဲ့ ကာရံဒေသနဲ့အညီ လိုက်လျောညီထွေစွာ တတ်တတ်ကြွကြွ နေထိုင်တတ်ပြီး မိတ်ဆွေအပေါင်းအသင်း ဖွဲ့ရတာမျိုးကို အထူးနှစ်သက်တတ်ပါတယ်။

နံပါတ် ၄




နံပါတ် ၄ ကြောင်လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ပင်ကိုယ်ပါရမီအထုံရှိပြီး လူတိုင်း စံနမူနာ ထားသင့်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် စိတ်ထိခိုက်လွယ်ပြီး စိတ်လှုပ်ရှားလွယ်တာကတော့ သင့်အားနည်းချက်ပေါ့။ အကောင်းမြင်စိတ်ရှိပြီး မိသားစု၊ သူငယ်ချင်းနဲ့ မိတ်ဆွေတွေအတွက် အားကိုးရတဲ့လူတစ်ယောက် ဖြစ်တဲ့အတွက် လူတိုင်းက သင့်ကိုလေးစားချစ်ခင်ကြပါတယ်။

နံပါတ် ၅




နံပါတ် ၅ ကြောင်လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ စေ့စပ်သေချာပြီး လက်တွေ့ဆန်တဲ့ လူတစ်ယောက်ပါ။ မိမိရည်မှန်းချက်ပန်းတိုင်တွေ အောင်မြင်နိုင်ဖို့ လုံလဝီရိယအပြည့်နဲ့ အလျှော့မပေးပဲ ကြိုးစားနေတတ်ပြီး ကံတရားအပေါ် သိပ်အယုံအကြည်မရှိပါဘူး။ ဒါကြောင့် သင့်ရည်မှန်းချက် ပန်းတိုင်တွေကို အခုမရောက်သေးရင်တောင် ရောက်ဖို့နီးစပ်နေပါပြီ။

နံပါတ် ၆




နံပါတ် ၆ ကြောင်လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ဆွဲဆောင်မှုရှိပြီး သြဇာတိက္ကမနဲ့ ပြည့်စုံသူတစ်ယောက်ပါ။ လွတ်လွတ်လပ်လပ်နေတတ်ပြီး ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ အကျင့်ရှိပါတယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းလေ့ရှိပြီး နေ့ရက်တိုင်းကို သာယာအောင် ဖန်တီးလေ့ရှိပါတယ်။ ငွေကြေးဥစ္စာဓနတွေနဲ့ ပြည့်စုံနေမှ စိတ်ချမ်းသာပြီး ပျော်ရွှင်နေမယ်လို့ မခံယူထားတဲ့အတွက် နေ့စဉ်တွေ့မြင်နေရတဲ့ အရာလေးတွေကတစ်ဆင့် ပျော်ရွှင်မှုရအောင် ဖန်တီးတတ်ပါတယ်။

#lotaya_funny


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန်ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#နံပါတ်
#စိတ်နေစိတ်ထား
#ချစ်သူ
#အကျင့်
#ပါရမီ

Some text some message..