
Shutterstock/ Jiffy Avril
အင်္ဂလိပ်စာလုံးတွေထဲမှာ သင့်ကို စာလုံးပေါင်းအရပဲဖြစ်ဖြစ်၊ အဓိပ္ပာယ်အရပဲဖြစ်ဖြစ် ဆင်တူယိုးမှားဖြစ်နေလို့ ဇဝေဇဝါဖြစ်သွားတဲ့ စာလုံးတွေရှိလား။ ဒီနေ့မှာတော့ အဓိပ္ပာယ်တွေကတစ်ဆင့် အဲဒီထင်ယောင်ထင်မှားဖြစ်စေတဲ့ စာလုံးတွေကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပရိသတ်အများစု ဇဝေဇဝါဖြစ်စေမယ့် စာလုံးတွေပဲ ရွေးချယ်ပေးထားတာဖြစ်လို့ ဘယ်လိုစာလုံးတွေဖြစ်မလဲ လေ့လာကြည့်လိုက်ရအောင်။
နံပါတ် ၁ - “ချီးမွမ်းစကား” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
Shutterstock/Antonio Guillem
(က) Complement (ခ) Compliment (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၂ - “တိတ်ဆိတ်ငြိမ်သက်သော” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
Shutterstock/WAYHOME studio
(က) Quiet (ခ) Quite (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၃ - “ပြီးနောက်” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
(က) Than (ခ) Then (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၄ - “မီးခိုးရောင်” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
Shutterstock/ sylv1rob1
(က) Grey (ခ) Gray (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၅ - “အိမ်ထောင်ပြုသည်” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
Shutterstock/ Monkey Business Images
(က) Marry (ခ) Merry (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၆ - “အချိုပွဲ” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
Shutterstock/ Valentina_G
(က) Desert (ခ) Dessert (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၇ - “ဘရိတ်အုပ်သည်” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
Shutterstock/ Nor Gal
(က) Break (ခ) Brake (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၈ - “အခြေခံသဘောတရား” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
(က) Principle (ခ) Principal (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၉ - “စုံစမ်းမေးမြန်းခြင်း” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
(က) Enquiry (ခ) Inquiry (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၁၀ - “စာရေးကိရိယာ” ဆိုတဲ့အဓိပ္ပာယ်ရဲ့ အင်္ဂလိပ်စာလုံးက ဘယ်တစ်ခုဖြစ်မလဲ?
Shutterstock/ Africa Studio
(က) Stationary (ခ) Stationery (ဂ) နှစ်ခုလုံးမှန်တယ်
မေးခွန်းလေးတွေက လွယ်တယ်မလား….ကဲ အဖြေမှန်လေးတွေ ကြည့်လိုက်ရအောင်။
****အဖြေမှန်များ*****
နံပါတ် ၁ - (ခ) Compliment
နံပါတ် ၂ - (က) Quiet
နံပါတ် ၃ - (ခ) Then
နံပါတ် ၄ - (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၅ - (က) Marry
နံပါတ် ၆ - (ခ) Dessert
နံပါတ် ၇ - (ခ) Brake
နံပါတ် ၈ - (က) Principle
နံပါတ် ၉ - (ဂ) နှစ်ခုလုံးမှန်တယ်
နံပါတ် ၁၀ - (ခ) Stationery
#lotaya_quiz
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။