Freepik/ddraw
လူတိုင်းရဲ့ဘဝမှာ အရာရာပြည့်စုံနေတယ်လို့ မရှိကြပါဘူး။ လူတစ်ယောက်ဖြစ်လာပြီဆိုရင် ကံတရားရဲ့ကြိုးဆွဲရာအတိုင်း ဘဝဇာတ်ခုံ အနိမ်အ့အမြင့် အတက်အကျတွေကို ရင်ဆိုင်ဖြတ်သန်းရလေ့ရှိပတယ်။ သင့်ဘဝမှာရော ဘယ်လိုအရာတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီးပြီလဲ။ ဒီအရာတွေကတစ်ဆင့် ဘယ်လိုသင်ခန်းစာတွေရော ရခဲ့ပါသလဲ။ ဒီနေ့မှာတော့ ကတ်လေးတွေကတစ်ဆင့် အနာဂတ်မှာ သင်ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကို ပြောပြပေးသွားမှာပါ။ ပေးထားတဲ့ ကတ်လေး ၃ ချပ်ထဲက နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး အဖြေကို လေ့လာကြည့်လိုက်ရအောင်။
နံပါတ် ၁
Freepik/ddraw
ဒီကတ်လေးက ပြောနေတာတော့ သင့်ပတ်ဝန်းကျင်မှာ သင့်ကိုအနှောင့်အယှက်ဖြစ်စေတဲ့အရာတွေ ရှိနေတတ်ပါတယ်။ ဖြစ်နိုင်တာကတော့ သင့်ကိုမနာလိုတဲ့လူတွေက သင့်ကို ပေါ်တင်ဖြစ်စေ၊ ပုန်းလျှိုးဝှက်လျှိုးဖြစ်စေ နှုတ်ဖြင့်သော်လည်းကောင်း၊ လုပ်ရပ်ဖြင့်သော်လည်းကောင်း တိုက်ခိုက်နေတာမျိုးပါ။ ဒါကြောင့် သင့်အနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကြောင့် အဆင်မပြေတဲ့အခြေအနေတွေ ကြုံတွေ့နိုင်ပေမယ့် ဒီအခြေအနေတွေကတစ်ဆင့် သင့်အတွက် သင်ခန်းစာယူစရာတွေ အများကြီး ရလာနိုင်ပါတယ်။ လူတစ်ယောက်က အမြဲကံဆိုးနေတာမျိုးတော့လည်း မဟုတ်ပါဘူး။ သင့်ကို ကံတရားက မျက်နှာသာပေးမယ့်အချိန် ရောက်လာမှာပါ။ ဒါကြောင့် သင့်ဘက်က ဖြည်းဖြည်းမှန်မှန်နဲ့ ကိုယ်လုပ်စရာရှိတာတွေကို လုပ်ဆောင်နေမယ်ဆိုရင် ကံတရားက မျက်နှာသာပေးလာတဲ့ အချိန်ကျရင် သင့်ကို တိုက်ခိုက်နေတဲ့လူတွေကို အောင်နိုင်ပြီး သင်လိုချင်တဲ့ပန်းတိုင်တွေကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်မှာပါ။
နံပါတ် ၂
Freepik/ddraw
ဒီကတ်လေးက ပြောနေတာကတော့ သင်ဟာ မလိုအပ်တဲ့အရာတွေပေါ်မှာ ပိုက်ဆံဖောဖောသီသီ သုံးတတ်တဲ့စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ အထူးသတိထားပါ။ ဒီလိုအသုံးအဖြုန်းကြီးပြီး လက်ဖွာတဲ့စိတ်ကြောင့် တစ်နေ့ကျရင် သင့်အနေနဲ့ ငွေကြေးဆိုင်ရာအခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။ အခုချိန် မလိုလားအပ်တဲ့နေရာတွေမှာ ပိုက်ဆံသုံးနေမယ့်အစား သင်ချစ်တဲ့လူတွေကို အချိန်ပေးရမယ့်အချိန်ရောက်နေပါပြီ။ လောကကြီးမှာ လူတွေဟာ နေ့မြင်ညပျောက် ဖြစ်နေတဲ့အတွက် သင်ချစ်တဲ့လူတွေနဲ့ ရှိနေတဲ့အချိန်တွေကို တန်ဖိုးထားပြီး အတူတူဖြတ်သန်းပါ။ မလိုလားအပ်တဲ့ မာန်မာနတွေကို လျှော့ချပြီး သင့်ပတ်ဝန်းကျင်က လူတွေနဲ့ အဆင်ပြေအောင် ကြိုးစားနေထိုင်ပါ။ ဒါမှ သင့်အနေနဲ့ နောင်တရစရာကိစ္စမျိုးတွေ၊ ဝမ်းနည်းစရာကိစ္စမျိုးတွေ ရှိမလာနိုင်မှာပါ။
နံပါတ် ၃
Freepik/ddraw
ဒီကတ်လေးက ပြောနေတာကတော့ သင့်ဘဝမှာ လုပ်စရာတာဝန်အသစ်တစ်ခု တိုးလာနိုင်ပါတယ်။ ဒီတာဝန်က သင့်ဘဝကို အနည်းငယ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း အရမ်းမစိုးရိမ်ပါနဲ့။ ဒီတာဝန်က သင့်ကို ပျော်ရွှင်စရာတွေနဲ့ ကံကောင်းခြင်းတွေ ဆောင်ကျဉ်းပေးမှာပါ။ သင့်ဘဝမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေနဲ့ ကံဆိုးခြင်းတွေဟာ အဆုံးသတ်ပြီး ပျော်ရွှင်စရာနေ့ရက်တွေဟာ သင့်ထံမကြာခင် ရောက်ရှိလာတော့မှာပါ။ သင်ဟာ ပွင့်ပွင့်လင်းလင်းနေတတ်ပြီး လူတိုင်းကို စိတ်ရင်းနဲ့ဆက်ဆံလေ့ရှိပါတယ်။ လူတိုင်းက သင့်လိုစိတ်မျိုးမရှိပါဘူး။ သင့်ပတ်ဝန်ကျင်မှာ သင်ဒုက္ခရောက်နေတာကို ဝမ်းသာနေတတ်တဲ့လူတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းကို ဘယ်အရာမှ လွတ်လွတ်လပ်လပ် တခြားသူတွေကို ရင်ဖွင့်တာမျိုး၊ တိုင်ပင်တာမျိုး မလုပ်ပါနဲ့။
#lotaya_quiz