သင့်ရွေးချယ်မှုတွေကတစ်ဆင့် သင်ကဘယ်လိုလူတစ်ယောက်လဲဆိုတာ ခန့်မှန်းပြမယ်
lotaya.mpt.com.mm
|
2021-09-09

ကျွန်ုပ်တို့နေထိုင်ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်မှာ အရာနှစ်ခုကို နှိုင်းယှဉ်ပြီး ရွေးချယ်စဉ်းစားရတဲ့ အခြေအနေတွေ ကြုံခဲ့ရဖူးမှာပါ။ အမြင်သာဆုံး ဥပမာကို ပေးရရင်တော့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ရရှိခဲ့တဲ့ ကိုယ့်ရလဒ်ပေါ်မှုတည်ပြီး တက္ကသိုလ်တွေ ရွေးချယ်စဉ်းစားရတဲ့ အခိုက်အတန့်မျိုးပေါ့။ ကိုယ်စဉ်းစားဆုံးဖြတ်ပြီး ရွေးချယ်လိုက်တဲ့ အရာတွေကတစ်ဆင့် လူတွေရဲ့ဘဝတွေဟာ တမျိုးတဖုံ ပြောင်းလဲသွားတတ်ကြပါတယ်။ ဒီလိုလူတစ်ယောက်နဲ့တစ်ယောက် စဉ်းစားတွေးခေါ်ပုံ မတူညီကြတော့ ဒီနေ့မှာ သင့်ကို ရွေးချယ်မှုလေးတွေ လုပ်ခိုင်းပြီး ဒီရွေးချယ်မှုလေးတွေကတစ်ဆင့် သင်ဟာ ဘယ်လိုလူတစ်ယောက်လဲဆိုတာ ခန့်မှန်းပေးသွားမှာပါ။

ဒီစမ်းသပ်ချက်လေးမှာတော့ မေးခွန်းတစ်ခုချင်းစီမှာ A နဲ့ B ဆိုပြီး ရွေးချယ်စရာအဖြေ နှစ်ခုပေးထားပြီး မေးခွန်းတစ်ခုချင်းစီမှာ သင်ရွေးချယ်ခဲ့တဲ့အဖြေကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းပေးသွားမှာပါ။ ကဲ...ကစားပုံကစားနည်းလေးကို ရှင်းပြပြီးပြီဆိုတော့ သင်က ဘယ်လိုလူတစ်ယောက်လဲဆိုတာ အဖြေရှာလိုက်ရအောင်။

မေးခွန်း ၁ - ဒီထဲက သင်အဖြစ်ချင်ဆုံး အရာတစ်ခုကို ရွေးချယ်ပေးပါ။


Pixabay/JerzyGorecki & nastya_gepp

A) ဉာဏ်အကောင်းဆုံး လူသား

(B) ရုပ်ရည်အချောမောဆုံး လူသား

မေးခွန်း ၂ - ဒီတစ်ပတ် သင့်အားလပ်ရက်ကို ဘယ်လိုဖြတ်သန်းချင်လဲ။


Pixabay/kaboompics & StockSnap

(A) အိမ်မှာပဲ ကိုယ်စိတ်ဝင်စားတာလေးတွေလုပ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေး နေမယ်

(B) သူငယ်ချင်းတွေဆီ လျှောက်သွားမယ်

မေးခွန်း ၃ - ကင်ဆာရောဂါရခံစားနေရပြီး မကြာခင်သေတော့မယ့် လူတစ်ယောက်ကို သူ့ရောဂါအကြောင်း ပြောပြမှာလား။


Pixabay/nastya_gepp

(A) ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းပြောပြီး နှစ်သိမ့်မယ်

(B) ဖုံးကွယ်ထားပြီး နှစ်သိမ့်မယ်

မေးခွန်းနံပါတ် ၄ - ဘယ်လိုဘဝလက်တွဲဖော်မျိုး လိုချင်ပါသလဲ။


Pixabay/3194556 &Free-Photos

(A) အရမ်းချစ်တတ်တဲ့ ချစ်သူတစ်ယောက်

(B) ဘယ်သူမှမလိုအပ်ဘူး....အပျိုကြီး၊လူပျိုကြီးပဲလုပ်မယ်

မေးခွန်းနံပါတ် ၅ - ဒီထဲက ဘယ်လိုလူတစ်ယောက် ဖြစ်ချင်လဲ။


Pixabay/Pexels

(A) ဆင်းရဲပေမယ့် လူတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီပေးတဲ့လူ

(B) အရမ်းချမ်းသာပြီး တခြားလူတွေကို နှိပ်ကွပ်တတ်သူ

ကဲ...အားလုံးလဲ မေးခွန်းလေးတွေကို ဖြေပြီးလောက်ရောပေါ့...သင်ရွေးချယ်ခဲ့တဲ့ အဖြေတစ်ခုချင်းစီပေါ် မူတည်ပြီး အဖြေလေးတွေ ဖော်ပြပေးထားပါတယ်။

မေးခွန်းနံပါတ် (၁) -

အေကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ တခြားလူတွေရဲ့အတွေးအမြင်တွေကို သိပ်ဂရုစိုက်မနေတတ်ပါဘူး။ သင့်ကိုယ်သင် အဆင်ပြေနေရင် ပြီးရောလို့ ယူဆထားတတ်သူတစ်ယောက်ပါ။

ဘီကို ရွေးချယ်ခဲ့ရင်တော့ သင်အတွက် တခြားလူတွေရဲ့ အထင်အမြင်တွေက အရမ်းကို အရေးပါပါတယ်။ သူတို့ကိုပဲ အာရုံစိုက်နေရတဲ့အတွက် သင့်ဘဝမှာ သင်ကြိုက်သလို နေခွင့်မရှိပဲ ပျော်သင့်သလောက် မပျော်ရတဲ့အခိုက်အတန့်တွေ ကြုံရတတ်ပါတယ်။

မေးခွန်းနံပါတ် (၂) -

အေကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ အေးအေးဆေးဆေးနေရတာကို သဘောကျတဲ့ လူတစ်ယောက်ပါ။ သီချင်းနားထောင်ရတာမျိုး၊ စာဖတ်ရတာမျိုးနဲ့ ရုပ်ရှင်ကြည့်ရတာမျိုး စသဖြင့် သင့်စိတ်ကို အေးချမ်းစေတဲ့ အရာတွေလုပ်ရတာမျိုးကို နှစ်သက်ပါတယ်။

ဘီကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ အမြဲပျော်ပျော်နေတတ်ပြီး အပေါင်းအသင်းမက်သူ တစ်ယောက်ပါ။ အထီးကျန်နေရတဲ့ ခံစားချက်ကြီးကို မုန်းတဲ့အတွက် သင့်ရဲ့အချိန်တွေကို အမြဲအပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိဘဆွေမျိုးတွေနဲ့ပဲဖြစ်ဖြစ် ကုန်ဆုံးတတ်ပါတယ်။

မေးခွန်းနံပါတ် (၃) -

အေကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ဖြောင့်မတ်မှန်ကန်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်သူတစ်ယောက်ပါ။ တချို့နေရာတွေမှာ ဒီအကျင့်ကြောင့် တစ်ခါတစ်လေ သင်ဟာ မျက်နှာပွင့်ရသလို တစ်ခါတစ်လေ သင့်အပြောအဆိုနဲ့ သင့်လုပ်ရပ်ကြောင့် ထိခိုက်သွားရတဲ့ လူတချို့လည်း ရှိနေတတ်ပါတယ်။ ဒါကြောင့် သင်ဟာ အရိပ်သုံးပါးနားမလည်တဲ့လူလို့ သတ်မှတ်ခံရတတ်ပါတယ်။

ဘီကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ စာနာသနားတတ်တဲ့ လူတစ်ယောက်ပါ။ ဒါ့အပြင် မိမိလက်ရှိရောက်နေတဲ့ အခြေအနေနဲ့ အချိန်အခါကို သေချာစဉ်းစားသုံးသပ်ပြီး အထိုက်အလျောက် ပြုမှုပြောဆိုဆက်ဆံတတ်ပါတယ်။

မေးခွန်းနံပါတ် (၄) -

အေကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ အရမ်းချစ်တတ်တဲ့ လူတစ်ယောက်ပါ။ တစ်ယောက်တည်းကိုပဲ မြတ်မြတ်နိုးနိုး ချစ်တတ်ပြီး ဘဝလက်တွဲဖော်အဖြစ် ရည်မှန်းထားတတ်တဲ့အပြင် ချစ်သူကို အစစအရာရာ ကူညီပံ့ပိုးပေးတဲ့ ချစ်သူကောင်းတစ်ယောက်ပါ။

ဘီကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ အချစ်စစ်ဆိုတာကို အယုံအကြည်မရှိတဲ့ လူတစ်ယောက်ပါ။ အတိတ်တုန်းက ကြေကွဲစရာဖြစ်ရပ်မျိုး ဖြစ်ခဲ့ပြီး အချစ်ကို မယုံတော့တာလားဆိုတာ သင့်ကိုယ်သင်ပဲ သိပါလိမ့်မယ်။ ဘယ်သူ့ကိုမှ မှီခိုမနေပဲ ကိုယ့်အားကိုယ်ကိုးတတ်ပြီး တစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင် နေတတ်ပါတယ်။

မေးခွန်းနံပါတ် (၅) -

အေကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ သင့်ကိုယ်သင်ထက် တခြားလူတွေကို ပိုဂရုစိုက်တတ်ပြီး ကူညီရိုင်းပင်းတတ်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် လောကကြီးမှာ လူကောင်းနဲ့လူဆိုး ဒွန်တွဲနေတဲ့အတွက် တချို့ကျတော့လည်း သင့်စေတနာ၊မေတ္တာတွေကို အသုံးချပြီး သင့်ကို နာကျင်အောင် လုပ်သွားတတ်ပါတယ်။

ဘီကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ အတ္တကြီးပြီး တကိုယ်ကောင်းဆန်တတ်တဲ့ လူတစ်ယောက်ပါ။ သင့်ဘေးနားကလူတွေဟာ သင့်ကြောင့် အမြဲနာကျင်ရတတ်ပါတယ်။

#lotaya_quiz

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။

#အထွေထွေဗဟုသုတ
#စမ်းသပ်ချက်

Some text some message..