
Pixabay/ susan-lu4esm
ဒီ Quiz ကတော့ ချစ်သူကောင်လေးမရှိသေးတဲ့ တကိုယ်တော် ကောင်မလေးတွေနဲ့ မဆိုင်ပါဘူးနော်။ စတာပါ။ ချစ်သူကောင်လေးရှိနေတဲ့ ကောင်မလေးတွေရော FA ကောင်မလေးတွေရော ဒီ Quiz လေးကို အပျင်းပြေ ကစားနိုင်ပါတယ်။ မေးခွန်းလေး (၁၃) ခုမေးထားပြီး သင်ဖြေလိုက်တဲ့ အဖြေတစ်ခုချင်းစီတိုင်းက သင်အရွေးအများဆုံး အက္ခရာကနေတနေဆင့် သင်ဟာ ဘယ်လိုချစ်သူကောင်မလေး တစ်ယောက်လဲဆိုတာ ဖော်ထုတ်ပေးသွားမှာပါ။ စိတ်ဝင်စားတယ်ဆိုရင် တစ်ခါတည်းကစားသွားဖို့ တိုက်တွန်းလိုက်တယ်နော်။
နံပါတ် ၁ - ပေးထားတဲ့ စတိုင်တွေထဲက ဘယ်စတိုင်ကို အနှစ်သက်ဆုံးလဲ။

နံပါတ် ၂ - ပေးထားတဲ့အရာတွေထဲက ဘယ်အရာကို ချစ်သူကောင်လေးနဲ့ အတူတူလုပ်ရတာ အကြိုက်ဆုံးဖြစ်မလဲ။
(က) လျှောက်သွား၊ လျှောက်လည်ရတာမျိုး
(ခ) အတူတူမုန့်သွားစားတာမျိုး
(ဂ) ရုပ်ရှင်ကြည့်ရတာမျိုး
(ဃ) အေးအေးဆေးဆေး Coffee date လုပ်ရတာမျိုး
နံပါတ် ၃ - ဘယ်လိုပုံစံမျိုး ဖက်ခံချင်လဲ။
Q21-03

Pixabay/ Pexels / Pexels / InstagramFOTOGRAFIN / AdinaVoicu
နံပါတ် ၄ - သူနဲ့ပတ်သက်ပြီး အကြိုက်ဆုံးအရာက ဘယ်တစ်ခုဖြစ်မလဲ။
(က) သင့်ကို အစစအရာရာ ဖွင့်ဟတိုင်ပင်တာမျိုး
(ခ) သင့်ကို အနောက်ကနေ ဖေးမကူညီပံ့ပျိုးတာမျိုး
(ဂ) သင့်ကို အစစအရာရာ ဦးစားပေးပြီး ဖြည့်ဆည်းပေးတာမျိုး
(ဃ) သင့်မှာ အခက်အခဲတွေကြုံလာတိုင်း သင့်ဘေးမှာ အမြဲရှိနေတာမျိုး
နံပါတ် ၅ - သူ့အပေါ်စိတ်ဆိုးရင် သင်ဘယ်လိုပုံစံမျိုး တုံ့ပြန်လေ့ရှိသလဲ။
(က) သူမကြိုက်တာတွေပြောဆိုပြီး အရွဲ့တိုက်တယ်
(ခ) သူ့ကိုဆူမယ်
(ဂ) လျစ်လျူရှုပြီး ဘာမှမပြောပဲနေလိုက်တယ်
(ဃ) ငိုတယ်
နံပါတ် ၆ - ဆိုရှယ်မီဒီယာပေါ်မှာ သင်အများဆုံး ဘာတွေတင်လေ့ရှိသလဲ။
Q21-04

Pixabay/ Firmbee
(က) သိပ်မသုံးဖြစ်ဘူး
(ခ) သူ့ကို tag တွဲပြီး သူရိုက်ပေးတဲ့ပုံတွေတင်တယ်
(ဂ) ကိုယ်နဲ့သူ့အကြောင်းတွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေတင်တယ်
(ဃ) ဟာသတွေတင်မယ်၊ ရှယ်မယ်
နံပါတ် ၇ - ပေးထားတဲ့ပုံလေးတွေထဲက သင်နှစ်သက်တဲ့တစ်ပုံကို ရွေးချယ်ပေးပါ။
Q21-05

Pixabay Toan_Le/ HuyNgan /nastya_gepp/ Pexels
နံပါတ် ၈ - သူ့ဖုန်းနံပါတ်ကို ဘယ်လိုမှတ်ထားလေ့ရှိသလဲ။
(က) ဖုန်းနံပါတ်အတိုင်းပဲ
(ခ) ခေါ်နေကြ နာမည်လေးပေးထားတယ်
(ဂ) နာမည်ပြောင်ပေးထားတယ်
(ဃ) မိန်းကလေးနာမည်ပေးထားတယ် (အိမ်ကသိမှာဆိုးလို့)
နံပါတ် ၉ - သူနဲ့အတူတူ ဘယ်နေရာတွေသွားချင်လဲ။

Q21-06
Pixabay/ StockSnap
(က) မြန်မာနိုင်ငံတွင်းက တစ်နေရာရာ
(ခ) မြို့အနှံ့လျှောက်သွားမယ်
(ဂ) နိုင်ငံခြားခရီးထွက်မယ်
(ဃ) EDM ပွဲတွေသွားမယ်
နံပါတ် ၁၀ - ဘယ်လိုစုံတွဲမျိုးကို သဘောကျလဲ။
(က) ကိုကြီးနဲ့ခေးအတွဲ
(ခ) ရွယ်တူအတွဲ
(ဂ) မောင်လေးနဲ့မအတွဲ
(ဃ) ဘယ်လိုပဲဖြစ်ဖြစ် သဘောကျတယ်
နံပါတ် ၁၁ - သူ့ကို ဘယ်လိုခေါ်လေ့ရှိသလဲ။
(က) နာမည်ပြောင်လေး
(ခ) သူ့နာမည်
(ဂ) ချစ်သူတွေ ခေါ်နေကြအတိုင်း (ကိုကို၊ မောင် စသဖြင့်)
(ဃ) နာမည်အတိုကောက်
နံပါတ် ၁၂ - သင့်ဝါသနာက ဘာလဲ။
Q21-07

Pixabay/ Pexels
(က) သီချင်းဆိုတာ
(ခ) ရုပ်ရှင်ကြည့်တာ
(ဂ) ဟင်းချက်တာ
(ဃ) ဂိမ်းဆော့တာ
နံပါတ် ၁၃ - ဘယ်လိုချစ်သူကောင်လေးမျိုးကို ပိုသဘောကျလဲ။
(က) အဖေလိုတမျိုး၊ အစ်ကိုလိုတမျိုး ယုံကြည်အားကိုးရတဲ့သူမျိုး
(ခ) အရမ်းချစ်တတ်ပြီး ဂရုစိုက်တတ်တဲ့သူမျိုး
(ဂ) လက်တွေ့ကျကျ တွေးခေါ်စဉ်းစားပြီး ရဲရင့်တည်ကြည်တဲ့သူမျိုး
(ဃ) ပျော်ပျော်နေတတ်တဲ့သူမျိုး
ကဲ…အခုဆိုရင် မေးခွန်းလေးတွေလည်း ဖြေပြီးလောက်ရောပေါ့။ အပေါ်က "က၊ ခ၊ ဂ၊ ဃ" အဖြေတွေထဲမှာ ဘယ်ဟာကို အများဆုံးရွေးခဲ့မိလဲ ပြန်ရေကြည့်ပါဦး။ သင်အရွေးများဆုံး အက္ခရာကတစ်ဆင့် သင်ဟာ ဘယ်လိုမိန်းကလေးတစ်ယောက်လဲဆိုတာ အောက်ကအဖြေတွေထဲမှာ လေ့လာကြည့်လိုက်ရအောင်။
(က)
Q21-08

Pixabay/ Pexels
(က) ကို အများဆုံးရွေးဖြေခဲ့တယ်ဆိုရင်တော့ သင်ဟာ ရည်းစားအပေါ် အရမ်းချစ်ပြီး နားလည်ပေးတတ်တဲ့ ချစ်သူကောင်မလေးတစ်ယောက်ပါ။ ဒါ့အပြင် ချစ်သူကောင်လေးအတွက် သင်ဟာ သူငယ်ချင်းလိုတမျိုး ရည်းစားလိုတမျိုး ပေါင်းသင်းဆက်ဆံနိုင်တဲ့ ချစ်သူတစ်ယောက်ပေါ့။ သင့်အသိုင်းအဝိုင်းနဲ့ သူငယ်ချင်းတွေကြားမှာ သင့်ချစ်သူကောင်လေးကို အမြဲပွဲထုတ်တတ်ပြီး သူ့အကြောင်းတွေကို တဖက်လူအားကျအောင် အမြဲကြွားလုံးထုတ်ပြီး ပြောဆိုတတ်ပါတယ်။ သင်စိတ်ကောက်ရင် သင့်ချစ်သူကောင်လေးကို ကြာကြာချော့ရလေ့ မရှိပါဘူး။ သင်ဟာ အမြဲခွင့်လွှတ်နားလည်ပေးတတ်ပါတယ်။ ဒါပေမယ့် သင်စိတ်နာသွားပြီဆိုရင်လည်း ဘယ်တော့မှ နောက်ပြန်လှည့်ကြည့်တတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။
(ခ)
Q21-09

Pixabay/ Surprising_Shots
(ခ) ကို အများဆုံးရွေးဖြေခဲ့တယ်ဆိုရင်တော့ သင်ဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတတ်တဲ့ ချစ်သူကောင်မလေးတစ်ယောက်ပေါ့။ ဒါကြောင့် ချစ်သူကောင်လေးကို အမြဲလိုလို စနောက်တတ်တဲ့ အကျင့်လေးရှိပါတယ်။ ပုံမှန်ဆိုရင် သင်ဟာ ဒေါသထွက်လွယ်ပေမယ့် သင့်ကောင်လေးနဲ့ ပတ်သက်လာရင်တော့ အမြဲလိုလို စိတ်ရှည်သည်းခံပြီး နူးနူးညံ့ညံ့ ပြောဆိုနေထိုင်တတ်ပါတယ်။ ဒါ့အပြင် ချစ်သူကောင်လေးအပေါ် လွယ်လွယ် သဝန်တိုတတ်ပြီး ဒေါသကြီးတတ်ပါတယ်။ အကြောင်းကတော့ သင်ဟာ သင့်ချစ်သူအပေါ် အရမ်းစွဲလမ်းပြီး အချစ်ကြီးနေလို့ပါ။
(ဂ)
Q21-10

Pixabay/ AdinaVoicu
(ဂ) ကို အများဆုံးရွေးဖြေခဲ့တယ်ဆိုရင်တော့ သင်ဟာ အမေလိုတမျိုး၊ ဇနီးလိုတမျိုး အရည်အချင်းကောင်းတွေနဲ့ ပြည့်စုံတဲ့ ချစ်သူကောင်မလေးတစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ သင်ဟာ ချစ်သူကောင်လေးကို အရမ်းချစ်ပြီး သစ္စာရှိတဲ့အပြင် သူနဲ့ပတ်သက်လာရင် အရာရာ စွန့်လွှတ်အနစ်နာခံပြီး ကူညီပံ့ပိုးပေးချင်တဲ့စိတ် အပြည့်ရှိလို့ပါ။ ဒါ့အပြင် သူ့ကိုပဲ ဘေးကနေ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးနေတတ်ပါတယ်။ ဒါကြောင့် သင့်ကိုပိုင်ဆိုင်ထားတဲ့ ချစ်သူကောင်လေးကတော့ လက်တွဲဖော်ကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။
(ဃ)
Q21-11

Pixabay/ Pexels
(ဃ) ကို အများဆုံးရွေးဖြေခဲ့တယ်ဆိုရင်တော့ သင်ဟာ ချစ်သူမျက်နှာကိုပဲ အမြဲကြည့်နေတတ်တဲ့ ချစ်သူကောင်မလေးတစ်ယောက်ပါ။ ပြောရမယ်ဆိုရင် အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ သင့်ချစ်သူက သင့်အတွက် ကမ္ဘာတစ်ခုလိုပါပဲ။ ဒါကြောင့် သူနဲ့နေ့ရက်တိုင်းကို အတူတူဖြတ်သန်းချင်ပြီး သူ့ဘေးမှာ သူလိုအပ်တာကို အမြဲဖြည့်ဆည်းပေးချင်စိတ် အပြည့်ရှိပါတယ်။ သူက သင့်ဘဝမှာ အချစ်ရဆုံး လူတွေထဲက တစ်ယောက်အပါအဝင်ပါပဲ။
#lotaya_quiz