သင့်ကို ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် Lucky Number ကိုဖော်ထုတ်ပေးမယ်
lotaya.mpt.com.mm
|
2021-12-23

Pixabay/ GraphicMama-team

နိုင်ငံတိုင်း လူမျိုးတိုင်း လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ သူတို့ကို လာဘ်လာဘတွေ ကံကောင်းမှုတွေ ဆောင်ကျဉ်းပေးနိုင်တဲ့ Lucky Number ဆိုတာ ရှိစမြဲပါ။ ဒီနေ့မှာတော့ ဘယ်လို Lucky Number လေးက သင့်အတွက် ကံကောင်းမှုတွေနဲ့ လာဘ်လာဘတွေ ယူဆောင်လာမလဲဆိုတာ ဒီ Quiz လေးကတစ်ဆင့် ဖော်ထုတ်ပေးသွားမှာပါ။ ပေးထားတဲ့ မေးခွန်း ၁၀ခုထဲက နှစ်သက်ရာအဖြေလေးတစ်ခုကို ရွေးချယ်ပြီး ရလာတဲ့အမှတ်တွေအားလုံးရဲ့ စုစုပေါင်းရမှတ်အလိုက် သင့်ရဲ့ Lucky Number လေးကို ပြောပြပေးသွားမှာပါ။ ကဲ စလိုက်ရအောင်။

မေးခွန်း ၁ - သင်ဟာ ဘယ်လမှာ မွေးဖွားခဲ့တဲ့ လူတစ်ယောက်လဲ။


Pixabay/ Clker-Free-Vector-Images

(က) ဇန်နဝါရီ - ဧပြီ (၃၀မှတ်)

(ခ) မေ - သြဂုတ် (၁၀မှတ်)

(ဂ) စက်တင်ဘာ - ဒီဇင်ဘာ (၂၀မှတ်)

မေးခွန်း ၂ - အခုချိန်မှာ သင့်အတွက် ဘယ်အရာက အလိုအပ်ဆုံးဖြစ်မယ် ထင်လဲ။

(က) ပိုက်ဆံ (၃၀မှတ်)

(ခ)  အချစ် (၂၀မှတ်)

(ဂ) ငြိမ်းချမ်းမှု (၁၀မှတ်)

မေးခွန်း ၃ - သင့်ကို ဘယ်ရာသီမှာ မွေးဖွားခဲ့တာလဲ။


Pixabay/ OpenClipart-Vectors

(က) နွေရာသီ (၃၀မှတ်)

(ခ) မိုးရာသီ (၁၀မှတ်)

(ဂ) ဆောင်းရာသီ (၂၀မှတ်)

မေးခွန်း ၄ - ပေးထားတဲ့ ၃ပုံထဲက နှစ်သက်ရာတစ်ပုံကို ရွေးချယ်ပေးပါ။


Pixabay/ Pixaline& 6563351 & aalmeidah

(က) ၁၀မှတ် (ခ) ၃၀မှတ် (ဂ) ၂၀မှတ်

မေးခွန်း ၅ - “၁၃ရက် သောကြာနေ့” ကို ကံဆိုးတဲ့နေ့ ၊ နိမိတ်မကောင်းတဲ့နေ့လို့ ထင်ပါသလား။

(က) မထင်ဘူး (၁၀မှတ်)

(ခ) ထင်တယ် (၃၀မှတ်)

(ဂ) ဒီလိုပါပဲ (၂၀မှတ်)

မေးခွန်း ၆ - ပေးထားတဲ့ ၃ပုံထဲက နှစ်သက်ရာတစ်ပုံကို ရွေးချယ်ပေးပါ။


Pixabay/ OpenClipart-Vectors & MLARANDA &

(က) ၁၀မှတ် (ခ) ၂၀မှတ် (ဂ) ၃၀မှတ်

မေးခွန်း ၇ - ပြိုင်ပွဲမှာ အနိုင်ရဖူးတဲ့အချိန် ရှိဖူးလား။

(က) အင်း တစ်ခါပေါ့ (၂၀မှတ်)

(ခ) ဟင့်အင်း လုံးဝပဲ (၃၀မှတ်)

(ဂ) တစ်ခါထက်ပိုတယ် (၁၀မှတ်)

မေးခွန်း ၈ - သင့်ကိုယ်သင် ကံကောင်းတယ်လို့ ထင်ဖူးလား။

(က) တစ်ချိန်လုံးထင်မိတယ် (၂၀မှတ်)

(ခ) မထင်ဘူး (၁၀မှတ်)

(ဂ) တစ်ခါတစ်လေပေါ့  (၃၀မှတ်)

မေးခွန်း ၉ - သင့်အိမ်နံပါတ်က ဘယ်လောက်လဲ။


Pixabay/Pexels

(က) ၃၀အောက် (၁၀မှတ်)

(ခ) ၃၁ - ၈၀ (၃၀မှတ်)

(ဂ) ၈၁ နဲ့အထက် (၂၀မှတ်)

မေးခွန်း ၁၀ - သင့်မှာ ညီအစ်ကို မောင်နှမ ဘယ်နှယောက်ရှိသလဲ။

(က) တစ်ယောက် (၃၀မှတ်)

(ခ) တစ်ယောက်ထက်ပိုတယ် (၂၀မှတ်)

(ဂ) မရှိဘူး (၁၀မှတ်)

ကဲ…အခုဆိုရင် မေးခွန်းလေးတွေ ဖြေပြီးသွားလို့ အမှတ်လေးပေါင်းလေးတွေလည်း ရလောက်ရောပေါ့။ သင်ရရှိတဲ့အမှတ်အလိုက် အောက်မှာ သင့်ရဲ့ Lucky Number လေးကို ဖော်ပြလိုက်ပါတယ်။

၁၀၀ - ၁၄၀ မှတ်


Pixabay/geralt

နံပါတ် ၁ က သင့်ရဲ့ Lucky Number လေးပါ။ သူ့အဓိပ္ပာယ်ကတော့ အမိန့်အာဏာနဲ့ လုပ်ပိုင်ခွင့် အပြည့်အဝရှိပြီး မိမိကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတယ်ဆိုပြီး ရည်ညွှန်းနေပါတယ်။ သင်ကိုယ်တိုင်ကလည်း မိမိကိုယ်ကို ယုံကြည်ချက်ပြင်းထန်ပြီး အလုပ်တစ်ခုကို တိတိကျကျ လုပ်ဆောင်တတ်တဲ့အကျင့်ရှိပါတယ်။ ဒါ့အပြင် သူတစ်ပါးကို မှီခိုအားကိုးတတ်တဲ့လူစားမျိုး လုံးဝမဟုတ်ပဲ ကိုယ့်အားကိုကိုးပြီး လုပ်ဆောင်တတ်တဲ့ လူတစ်ယောက်ပါ။ ဒီလိုအကျင့်စရိုက်တွေရှိတဲ့ သင့်အတွက် နံပါတ် ၁ လေးက Lucky Number လေးပါပဲ။

၁၅၀ - ၁၉၀ မှတ်


Pixabay/geralt

နံပါတ် ၅ က သင့်ရဲ့ Lucky Number လေးပါ။ စွန့်စားမှုနဲ့ လွတ်လပ်မှုတွေကို ကိုယ်စားပြုနေတဲ့ နံပါတ်လေးပေါ့။ သင်ဟာ စူးစမ်းလိုစိတ် အပြည့်ရှိပြီး စွန့်စားရတာကို နှစ်သက်တဲ့လူတစ်ယောက်ပါ။ ဒါကြောင့် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အမြဲကြိုဆိုနေတတ်ပါတယ်။ လွယ်အိတ်တစ်လုံးလွယ်ပြီး မရောက်ဖူးတဲ့ အရပ်ဒေသတွေကို စူးစမ်းလေ့လာပြီး ခရီးထွက်ရတာကိုလည်း သဘောကျတတ်ပါတယ်။ ဒါ့အပြင် သင်ဟာ လွတ်လပ်မှုကို မြတ်နိုးတဲ့လူတစ်ယောက်ပါ။ ဒါကြောင့် ဘယ်လိုအရာ၊ ဘယ်လိုလူမျိုးကမှ သင့်ကိုမချုပ်နှောင်နိုင်ပါဘူး။ ဒီလိုအကျင့်စရိုက်တွေရှိတဲ့ သင့်အတွက် နံပါတ် ၅ လေးက Lucky Number လေးပါပဲ။

၂၀၀ - ၂၅၀ မှတ်


Pixabay/geralt

နံပါတ် ၇ က သင့်ရဲ့ Lucky Number လေးပါ။ ကံကောင်းခြင်း၊ ပြီးပြည့်စုံခြင်း၊ ဉာဏ်ပညာကြွယ်ဝခြင်း၊ နဲ့ သဟဇာတရှိခြင်း စတာတွေကို ကိုယ်စားပြုတဲ့ နံပါတ်လေးပေါ့။ ဒါ့အပြင် တချို့နိုင်ငံတွေ၊ လူမျိုးတွေအတွက် ကံကောင်းစေတဲ့ နံပါတ်လေးအဖြစ် သတ်မှတ်ထားတတ်ပါတယ်။ သင်ကိုယ်တိုင်ကလည်း ဉာဏ်ပညာထက်မြတ်ပြီး လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်တဲ့ လူတစ်ယောက်ပေါ့။ ဒါ့အပြင် ကိုယ်တိုင်ကလည်း ကံကောင်းပြီး တခြားလူတွေကိုလည်း ကံကောင်းခြင်းတရားတွေ ဆောင်ကျဉ်းလာတတ်တဲ့ လူတစ်ယောက်လို့ လူအများရဲ့ သတ်မှတ်ခြင်းကို ခံရတတ်ပါတယ်။ ဒီလိုအရည်အသွေးတွေနဲ့ ပြည့်စုံနေတဲ့ သင့်အတွက် နံပါတ် ၇ လေးက Lucky Number လေးပါပဲ။

၂၆၀ - ၃၀၀ မှတ်


Pixabay/OpenClipart-Vectors & geralt

နံပါတ် ၁၀ က သင့်ရဲ့ Lucky Number လေးပါ။ သူ့အဓိပ္ပာယ်လေးကတော့ အသစ်တဖန်ပြန်စခြင်း၊ အကြွင်းမဲ့ဖြစ်ခြင်း စတာတွေကို ကိုယ်စားပြုပါတယ်။ သင်ကိုယ်တိုင်ကလည်း အစွဲအလမ်းတွေ၊ အညိုးအတေးတွေ၊ အာဃာတတွေ မရှိတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် လူတွေက သင့်ကို မှတ်သည်းခြေမရှိပဲ ရိုးအတဲ့လူတစ်ယောက်လို့ မှတ်ချက်ပေးတတ်ပါတယ်။ ဒါ့အပြင် သင်ဟာ အချစ်ကြီးပြီး ပေးဆပ်ချစ်တတ်တဲ့အတွက် သင့်ကိုပိုင်ဆိုင်တဲ့ လက်တွဲဖော်ကတော့ ကမ္ဘာပေါ်က ကံအကောင်းဆုံးလူလို့ သတ်မှတ်နိုင်ပါတယ်။ ဒီလိုအရည်အသွေးတွေနဲ့ ပြည့်စုံနေတဲ့ သင့်အတွက် နံပါတ် ၁၀ လေးက Lucky Number လေးပါပဲ။

#lotaya_quiz


#မေးခွန်း
#ကံကောင်း
#အရာ
#လောက
#နိုင်ငံ

Some text some message..