
Freepik
မိန်းကလေးတွေမှာ မတူညီတဲ့ ပင်ကိုယ်အကျင့်စရိုက်နဲ့ ဗီဇလေးတွေကိုယ်စီရှိနေတတ်ပြီး ဒီအရာလေးတွေက မိန်းကလေးတစ်ယောက်ကို တမျိုးတဖုံ မတူညီတဲ့ဆွဲဆောင်မှုလေးတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီနေ့မှာတော့ ခန္ဓာကိုယ်အချိုးအစား အမျိုးမျိုးရှိတဲ့ မိန်းကလေး ၄ ယောက်ကို ဖော်ပြထားပြီး ဒီမိန်းကလေးတွေထဲက သင်နဲ့အတူဆုံးလို့ထင်ရတဲ့ မိန်းကလေးတစ်ယောက်ကို ရွေးချယ်ပြီး သင့်ရဲ့ပင်ကိုယ်စရိုက်နဲ့ ဗီဇလေးတွေကို လေ့လာကြည့်လိုက်ရအောင်နော်။
(၁) ပန်းသီးပုံစံ

Freepik
ပန်းသီးလေးတစ်လုံးလို ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ ထူးခြားတဲ့ခေါင်းဆောင်မှု စွမ်းရည်ရှိပြီး ဆုံးဖြတ်ချက်တွေကိုလည်း လျင်လျင်မြန်မြန် ချနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိပြီး ကိုယ့်အားကိုယ်ကိုးတတ်ပါတယ်။ သင့်ရဲ့အားနည်းချက်လေးကို ပြောပြပါဆိုရင် အလုပ်နဲ့ဖြစ်စေ၊ ပညာရေးနဲ့ဖြစ်စေ၊ အစားအသောက်နဲ့ဖြစ်စေ၊ ကျန်းမာရေးနဲ့ပဲဖြစ်စေ လောကကြီးတတ်တဲ့ အကျင့်လေးပဲဖြစ်ပါတယ်။
(၂) သစ်တော်သီးပုံစံ

Freepik
သစ်တော်သီးလေးတစ်လုံးလို ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ နူးညံ့တဲ့စိတ်နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါ့အပြင် သဘာထားကြီးပြီး သူတစ်ပါးအပေါ် သနားကြင်နာတတ်တဲ့ အပြုအမူလေးတွေကြောင့် လူတိုင်းရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိတတ်ပါတယ်။ သင်နဲ့ပတ်သက်ပြီး သတိထားရမယ့်အချက်လေးကတော့ သင့်ရဲ့စေတနာနဲ့မေတ္တာတွေကို ဘယ်တော့မှ မစော်ကားမိစေဖို့ပါပဲ။ ဘာလို့လဲဆိုတော့ သင်ဟာ အရမ်းနွေးထွေးကြင်နာတတ်သလောက် အရမ်းအသည်းမာပြီး လျစ်လျူရှူတတ်တဲ့ အမျိုးသမီးတစ်ယောက်မို့လို့ပါ။
(၃) စတုဂံ

Freepik
စတုဂံလို ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ တသီးတသန့်နေတတ်ပြီး အနုပညာနဲ့ သိပ္ပံနယ်ပယ်တွေကို အလွန်စိတ်ဝင်စားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ များသောအားဖြင့် သင့်ရဲ့စိတ်ကူးယဥ်နယ်ပယ်ထဲမှာ လွင့်မြောနေတတ်တဲ့အတွက် လူတွေနဲ့သိပ်ပြီး စကားပြောလေ့၊ ပေါင်းသင့်ဆက်ဆံလေ့မရှိပါဘူး။ ဒါကြောင့် သင်ဟာ အရမ်းလျှို့ဝှက်ချက်များပြီး ချဥ်းကပ်ရခက်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်လို့ တခြားလူတွေရဲ့ မှတ်ချက်ပေးခြင်းကို ခံရတတ်ပါတယ်။
(၄) သဲနာရီ

Freepik
သဲနာရီလို ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ ပျော်ပျော်နေတတ်ပြီး ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကာရံဒေသကိုလိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြောဆိုနေထိုင်တတ်တဲ့ သင့်အကျင့်ကြောင့် လူကင်းပါးတဲ့ အမျိုးသမီးတစ်ယောက်လို့လည်း တခြားလူတွေရဲ့ မှတ်ချက်ပေးခြင်းကို ခံရတတ်ပါတယ်။ ဒါ့အပြင် သင့်ရင်ထဲက ခံစားချက်အစစ်အမှန်ကို ဘယ်သူမှ မခန့်မှန်းနိုင်လောက်အောင် ဟန်ဆောင်ကောင်းတတ်ပါတယ်။
#lotaya_quiz