အတိတ်ဘဝက ဘယ်လိုအကုသိုလ်လုပ်ရပ်ဆိုးတွေကြောင့် သင်အခု မပျော်နိုင်ရတာလဲ
lotaya.mpt.com.mm
|
2022-04-14

Pixabay/ derGestalterCottbus / Clker-Free-Vector-Images / davidswidjaja

အတိတ်ဘဝက ဘယ်လိုအကုသိုလ်ကံတွေကြောင့် သင်အခုချိန်မှာ မပျော်နိုင်ဖြစ်နေရတာလဲ။ ဒီနေ့စမ်းသပ်ချက်လေးကတော့ သင့်ကို ပျော်ရွှင်မှုတွေကနေ တားဆီးနေတဲ့ အတိတ်ဘဝက အကုသိုလ်လုပ်ရပ်လေးတွေကို ခန့်မှန်းဖော်ထုတ်ပေးသွားမှာပါ။ ဒါကြောင့် သင်အခု မပျော်ရွှင်ဖြစ်နေရင် ဘယ်လိုအကြောင်းရင်းတွေကြောင့်လဲဆိုတာ အခုပဲလေ့လာကြည့်လိုက်ရအောင်နော်။ ပရိသတ်ကြီးကို စိတ်အပြောင်းအလဲဖြစ်အောင် တင်ဆက်ပေးထားတဲ့ အစီအစဥ်လေးဖြစ်လို့ ရလဒ်တွေကို စိတ်ထဲအရမ်းမထားဖို့ အကြံပေးလိုက်ပါတယ်။

(၁) သဲနာရီ


Pixabay/ derGestalterCottbus

သဲနာရီလေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ အတိတ်ဘဝတုန်းက လူတစ်ယောက်အပေါ် သင်ဘယ်တော့မှ မတည်နိုင်တဲ့ ကတိတစ်ခုခုပေးခဲ့တာမျိုး ဒါမှမဟုတ် လှည့်စားခဲ့တာမျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါကြောင့် သင်ဟာ ဒီဘဝမှာ ပိုက်ဆံနဲ့ပတ်သက်ပြီး အခက်အခဲတွေ ကြုံရတာမျိုး ဒါမှမဟုတ် သင့်အချစ်ရေးက ဘယ်တော့မှ မတည်မြဲတတ်တာမျိုး ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းပြီး အထီးကျန်နေရတာမျိုးကို ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုဒုက္ခတွေက ကျော်လွှားနိုင်ဖို့ အခုချိန်ကစပြီး သင့်စိတ်ကို အဖြူစင်ဆုံးထားပြီး လူတိုင်းအပေါ် ကတိတည်နိုင်အောင် ကြိုးစားပါ။

(၂) စားပွဲတင်နာရီ


Pixabay/ Clker-Free-Vector-Images

စားပွဲတင်နာရီကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ အတိတ်ဘဝတုန်းက သင်အချစ်ရဆုံးလူနဲ့ သေကွဲကွဲခဲ့ရတာမျိုး ဒါမှမဟုတ် ရှင်ကွဲကွဲခဲ့ရတာမျိုးကို ကြုံခဲ့ဖူးပါလိမ့်မယ်။ ဒါကြောင့် ဒီဘဝမှာ သင်ဟာ ၅၂၈အချစ်နဲ့ပတ်သက်လာရင် သင်ချစ်ရတဲ့လူတွေကို ဆုံးရှုံးရမှာ သေမလောက် ကြောက်ရွံ့နေတတ်ပြီး ၁၅၀၀အချစ်နဲ့ပတ်သက်လာရင်လည်း လူတစ်ယောက်အပေါ် ချစ်မိသွားမှာမျိုး၊ သံယောဇဥ်တွဲမိသွားမှာမျိုးကို အရမ်းကြောက်နေတတ်ပါတယ်။ ဒီလိုဒုက္ခက ကျော်လွှားနိုင်ဖို့ဆိုရင် အခုချိန်ကစပြီး လူတိုင်းက တွေ့ကြုံဆုံခဏဆိုတဲ့ သဘောတရားကို လက်ခံထားပြီး သင်ချစ်ရတဲ့လူတွေအပေါ် စိတ်ဒဏ်ရာမပေးမိအောင်နဲ့ သူတို့နဲ့ရှိနေတဲ့ အချိန်အခိုက်အတန့်တိုင်းကို တန်ဖိုးထားတတ်အောင် ကြိုးစားပါ။

(၃) လက်ပတ်နာရီ


Pixabay/ davidswidjaja

လက်ပတ်နာရီကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ အတိတ်ဘဝတုန်းက လူတွေရဲ့ ရောဂါဝေဒနာကို ပျောက်ကင်းအောင် ကုသပေးတဲ့ ဆရာဝန်တစ်ယောက် ဒါမှမဟုတ် လူထုအကျိုး ပံ့ပိုးကူညီပေးတတ်တဲ့ ပရဟိတသမားတစ်ယောက် ဖြစ်ခဲ့ဖူးပါလိမ့်မယ်။ ဒါကြောင့် ဒီဘဝမှာလည်း သင်ဟာ လူတွေကို သင်တတ်နိုင်တဲ့ဘက်က အမြဲကူညီဖေးမတတ်ပြီး ဘယ်တော့မှ အကူအညီပေးဖို့ ငြင်းဆန်လေ့မရှိပါဘူး။ ဒါပေမယ့် တချို့လူတွေကတော့ သင့်စေတနာနဲ့ မေတ္တာတွေကို အလွဲသုံးစားလုပ်သွားတတ်တဲ့အတွက် သင့်အနေနဲ့ ဒုက္ခရောက်ရပေါင်း မနည်းပါဘူး။ ဒါကြောင့် ဒီဒုက္ခတွေက ကျော်လွှားနိုင်ဖို့အတွက် တစ်ခါ‌တလေ “ငြင်းတတ်အောင်” ကြိုးစားပါ။

#lotaya_quiz


#အခက်အခဲ
#စားပွဲ
#နာရီ
#အကုသိုလ်
#ဘဝ

Some text some message..