မှော်စာအုပ်လေးတစ်အုပ်ရွေးချယ်ပြီး မှော်ဆရာမလေးရဲ့အကြံပေးချက်ကို ကြည့်လိုက်ရအောင်
lotaya.mpt.com.mm
|
2022-07-30

Pixabay/ OpenClipart-Vectors / Sambeetarts / Rachealmarie

ဒီနေ့မှာတော့ ပရိတ်သတ်ကြီးအတွက် အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ စမ်းသပ်ချက်လေးတစ်ခုနဲ့ တင်ဆက်ပေးသွားမှာပါ။ ဒီစမ်းသပ်ချက်လေးက သင့်ဘဝ အနာဂတ်နဲ့ပတ်သက်ပြီး အသုံးဝင်တဲ့ အကြံပေးချက်တချို့ကို ပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင် အခုပဲ ပေးထားတဲ့ မှော်စာအုပ်လေး သုံးအုပ်ထဲက သဘောကျတဲ့တစ်အုပ်ကို ရွေးချယ်ပြီး အကြံပေးချက်လေးတွေကို လေ့လာကြည့်လိုက်ရအောင်နော်။

နံပါတ် ၁


Pixabay/ OpenClipart-Vectors / Sambeetarts

အခုချိန်က သင့်စိတ်ကို အနိုင်ယူရမယ့်အခြေအနေပါ။ သင့်စိတ်ထဲမှာ တစ်ခုခုလိုချင်နေရင် ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ အရင်မတွေးလိုက်ပါနဲ့။ အဲဒီအရာကို သင်ရပြီးပြီလို့ စိတ်ကူးထဲမှာ ပုံဖော်ကြည့်လိုက်ပါ။ ပြီးတော့မှ သင့်အရည်အချင်း၊ ဇွဲ၊ လုံလ၊ ဝီရိယတို့ကို ဖြည့်စွက်ပြီး ရယူနိုင်အောင် ကြိုးစားပါ။ ဒါပေမယ့် အဲဒီအရာကိုရဖို့ ကြိုးစားနေတဲ့ အချိန်အတွင်းမှာ တစ်ခုခုကို ပေးဆပ်လိုက်ရတာမျိုးလေးတွေ ရှိနိုင်တဲ့အတွက် စိတ်အခြေအနေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

နံပါတ် ၂


Pixabay/ OpenClipart-Vectors / Sambeetarts

လက်ရှိသင့်ကံကြမ္မာမှာ အဖက်ဖက်က အခွင့်အလမ်းတွေ ပွင့်လန်းနေပြီး ကံကောင်းမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် သင့်ဘက်က လုံလောက်တဲ့ ကြိုးစားအားထုတ်မှုမျိုးကို လိုအပ်နေပါတယ်။ သင့်ကြိုးစားမှုနဲ့ ကံကောင်းခြင်းတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဒီနှစ်က သင့်အတွက် အထူးအောင်မြင်မယ့် နှစ်တစ်နှစ်ပါ။ သင်လုပ်ချင်တဲ့အရာတွေကို မဆုတ်မနစ်တဲ့ ကြိုးစားမှုနဲ့ အကောင်အထည်ဖော်ပါ။ ဘေးစကားတွေက သင့်ကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ရှေ့ဆက်ပါ။

နံပါတ် ၃


Pixabay/ OpenClipart-Vectors / Sambeetarts

မှော်ဆရာမလေးက အကြံပေးထားတာကတော့ ကျေးဇူးသိတတ်ဖို့ပါ။ ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေခြင်းနဲ့ ကျေးဇူးမသိခြင်းက သင့်ကို ဒုက္ခတွေပဲ ကြုံစေပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးတင်ထိုက်တဲ့လူတွေကို ဘယ်တော့မှမမေ့ပဲ သူတို့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ အမြဲကျေးဇူးတင်စကားပြောပေးပါ။ ဒါ့အပြင် လက်ရှိသင်ပိုင်ဆိုင်ထားတဲ့ အရာတွေကို တန်ဖိုးထားပြီး ရောင့်ရဲတတ်ပါစေ။ အလိုရမ္မက်က သင့်ကို ပျက်ဆီးခြင်းတွေပဲ ယူလာပါလိမ့်မယ်။

နံပါတ် ၄


Pixabay/ OpenClipart-Vectors / Sambeetarts

အခုချိန်က သင့်အိပ်မက်တွေကို စတင်အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါ။ သင့်ပတ်ဝန်းကျင်နဲ့ သင်ရောက်နေတဲ့အခြေအနေကို လေ့လာစမ်းစစ်ကြည့်ပါ။ လက်ရှိ သင့်အနေအထားကို သဘောကျပါသလား။ သင်ကိုယ်တိုင်ရော ဆန္ဒနဲ့လက်တွေ့ ထပ်တူကျပြီး ပျော်ရွှင်နေပါသလား။ မဟုတ်ရင် အခုချက်ချင်း ဒီနေရာက ရုန်းထွက်ပြီး သင့်စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။ သင့်ဆီကို ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေ ရောက်ရှိလာမှာပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_quiz


#အခွင့်အလမ်း
#စာအုပ်
#ယုံကြည်မှု
#အနာဂတ်
#ကံကြမ္မာ

Some text some message..