
Q92-01
Pixabay/Darkmoon_Art/ Adryanah/ArtsyBee
လူတိုင်းရဲ့ဘဝမှာ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့အရာတွေကို တကယ့်လက်တွေ့မှာ ရဲရဲဝံ့ဝံ့ဖြတ်သန်းသွားနိုင်တာကို ကြုံဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သင့်အနာဂတ်မှာ ဘယ်လိုအရာတွေ ပြောင်းလဲသွားမလဲဆိုတာနဲ့ ဘယ်လိုဆုံးဖြတ်ချက်ကြီးတွေကို သင့်ဘက်က လုပ်ဆောင်ရမလဲဆိုတာ ပေးထားတဲ့ပုံလေး ၃ပုံထဲက တစ်ခုကိုရွေးပြီး အဖြေကို ရှာကြည့်လိုက်ရအောင်နော်။
နံပါတ် ၁

Pixabay/Darkmoon_Art
အလိမ်အညာတွေနဲ့ ပြည့်နှက်ပြီး စိတ်ဆင်းရဲနေရတဲ့အချစ်ရေးဟာ မကြာခင် အဆုံးသတ်သွားပါလိမ့်မယ်။ ဒီအချစ်ရေးက သင့်ဘဝကို အဆိပ်အတောက် ဖြစ်စေခဲ့ပြီး သင့်ကိုလည်း စိတ်ဆင်းရဲဒုက္ခတွေ ပေးခဲ့ဖူးပါတယ်။ သင့်ဘက်က သင့်ကိုစိတ်ဒုက္ခပေးနေတဲ့ လူတစ်ယောက်ကို အချိန်အကြာကြီး ဆွဲထားခဲ့ရဖူးပြီး ဒီလူကို လက်လွှတ်ပြီး နေနိုင်စွမ်းမရှိဘူးလို့လည်း ကိုယ့်ကိုယ်ကို ထင်နေခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် ဒီအတိုင်းဆက်သွားနေရင် ရေရှည်သင်တို့နှစ်ယောက်စလုံး မပျော်ရွှင်နိုင်ဘူးဆိုတာ တဖြည်းဖြည်း သဘောပေါက်လာပြီး သင့်ဘက်က ဒီဆက်ဆံရေးကို အဆုံးသတ်ဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒီအချိန်ရောက်လာရင် သင်ဟာ ဖြစ်လာမယ့်အကျိုးဆက်တွေကို ရှည်ရှည်ဝေးဝေးတွေးမနေတော့ပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး သင့်ဘဝကို အစကပြန်စဖို့ ကြိုးစားပါလိမ့်မယ်။
နံပါတ် ၂

Pixabay/Darkmoon_Art
သင့်ဘက်က ဘယ်လောက်ပဲ အဆင်ပြေအောင် ကြိုးစားခဲ့ပါစေ အဆင်မပြေမှုတွေနဲ့ပဲ ဆက်တိုက်ကြုံပြီး ညှိယူလို့မရတဲ့ အချစ်ရေးကို သင့်ဘက်က စွန့်လွှတ်ဖို့ ဆုံးဖြတ်ရပါလိမ့်မယ်။ ကနဦးအစတည်းက သင့်ကို စိတ်ဒုက္ခတွေပဲ ပေးစွမ်းခဲ့တဲ့အချစ်ရေးဆိုပေမယ့် သင်ကိုယ်တိုင် ဒီအချစ်ရေးကို မစွန့်လွှတ်နိုင်ပဲ ဆက်တိုင်ပြေလည်အောင် ကြိုးစားခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် မကြာခင်အချိန်မှာတော့ သင့်ဘက်က ဒီအချစ်ရေးကို စိတ်ကုန်သွားပြီး ရဲရဲဝံ့ဝံ့ရပ်တန့်ပစ်ပါလိမ့်မယ်။ ဒါ့အပြင် သင်အရမ်းချစ်ခဲ့ရတဲ့ အဲဒီလူကိုလည်း ရဲရဲဝံ့ဝံ့ကျောခိုင်းနိုင်သွားပါလိမ့်မယ်။ ဒီအချစ်ရေးမှာ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို သင်ခန်းစာယူပြီး မကြာခင် သင့်ဘဝကို ပျော်ရွှင်အောင် ကြိုးစားပါလိမ့်မယ်။
နံပါတ် ၃

Pixabay/Adryanah
အချိန်အကြာကြီး ခွဲခွာနေရတဲ့ ချစ်သူနဲ့ ကတောက်ကဆလေးတွေ ရှိထားတယ်ဆိုရင် မကြာခင်အချိန်မှာ အဲဒီလူနဲ့ဆုံတွေ့ပြီး ဖြေရှင်းနိုင်မယ့်အခွင့်အရေးလေးတွေ ရလာနိုင်တဲ့အတွက် ဒီအခွင့်အရေးတွေကို အမိအရဖမ်းဆုပ်နိုင်ဖို့ သင့်ဘက်က မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချတတ်ရပါလိမ့်မယ်။ မဟုတ်ရင် ဒီအခွင့်အရးတွေကနေ လွဲချော်သွားနိုင်ပါတယ်။ ဒါ့အပြင် တဖက်မှာလည်း သင့်ဘက်က အချိန်အတော်ကြာ ရစရာရှိတဲ့ကြွေးမြီးကိစ္စလေးတွေ ရှိနေရင်လည်း အမြန်ဆုံးရရှိနိုင်မှာဖြစ်ပြီး သင့်ကိုကူညီဖေးမပေးတဲ့ လူကောင်းတွေနဲ့လည်း ဆုံတွေ့ရပါလိမ့်မယ်။ သင့်ကံကြမ္မာက လက်ရှိအချိန်ထက် ပိုကောင်းမွန်တဲ့အခြေအနေကို ရောက်သွားနိုင်တဲ့အတွက် စိတ်ရှည်ရှည်စောင့်မျှော်နေလိုက်ပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz