
Pixabay/darksouls1
ဒီနေ့မှာတော့ ပရိသတ်ကြီးရဲ့စရိုက်ကို စိတ်ပညာမေးခွန်းလေး ၉ခုမေးပြီး ခန့်မှန်းဖော်ထုတ်ပေးသွားမှာပါ။ ဒါကြောင့် သင်ဟာ ဘယ်လိုစရိုက်လက္ခဏာရှိတဲ့ လူတစ်ယောက်လဲဆိုတာ သိချင်ရင် အခုပဲ မေးခွန်းလေးတွေဖြေပြီး အဖြေရှာကြည့်လိုက်ရအောင်နော်။
စိတ်နဲ့သက်ဆိုင်တဲ့ မေးခွန်းလေးတွေဖြစ်လို့ အရင်ဆုံး သင့်စိတ်ကို ရှင်းအောင်ထားပါ။ ပြီးရင်တော့
မေးခွန်းတစ်ခုချင်းစီအတွက် ပေးထားတဲ့အဖြေလေးတွေထဲက နှစ်သက်ရာတစ်ခုကိုရွေးချယ်ပြီး ရရှိလာတဲ့အဖြေတွေကတစ်ဆင့် သင့်စရိုက်လက္ခဏာကို ဖော်ထုတ်နိုင်ပါပြီ။

Pixabay/Pexels
မေးခွန်း ၁ - သင်ဟာ လူသွားလမ်းလေးတစ်ခုမှာ လမ်းလျှောက်လာတယ်ဆိုပါစို့။ သင့်ပတ်ဝန်းကျင်မှာ ဘာတွေမြင်နေရမလဲ။

Pixabay/Hermann
(က) မှောင်မည်းနေတဲ့တောအုပ်ကြီး
(ခ) ပြောင်းဖူးခင်းကြီး
(ဂ) အစိမ်းရောင်တောင်တန်းတွေ
မေးခွန်း ၂ - သင့်ခြေထောက်အောက်မှာ တစ်ခုခုကို တက်နင်းမိထားတယ် ဆိုပါစို့။ အဲဒီအရာက ဘာဖြစ်မလဲ။

Pixabay/Hermann
(က) မှန်တစ်ချပ်
(ခ) လက်စွပ်တစ်ကွင်း
(ဂ) ပုလင်းကွဲတစ်ခု
မေးခွန်း ၃ - အဲဒီအရာကို သင်ကောက်မလား။

Pixabay/Clker-Free-Vector-Images
(က) ကောက်မယ်
(ခ) မကောက်ဘူး
မေးခွန်း ၄ - ဒီလိုနဲ့ လမ်းဆက်လျှောက်လာရင်း ရေထဲကို ဖြတ်သွားရမယ်ဆိုပါစို့။ အဲဒီရေက ဘယ်လိုပုံစံမျိုးလဲ။

Pixabay/Seaq68
(က) ကြည်လင်နေတဲ့ရေကန်လေး
(ခ) ရေတံခွန်
(ဂ) ရွံ့အိုင်လေး
မေးခွန်း ၅ - ရေထဲမှာ သော့တစ်ချောင်း တွေ့တယ်ဆိုပါစို့။ အဲဒီသော့က ဘယ်လိုပုံစံမျိုးလဲ။

Pixabay/pixel2013
(က) ရိုးရိုးအိမ်သော့ပဲ
(ခ) ရှေးဟောင်းသော့လေး
(ဂ) သော့ခလောက်ပါတဲ့သော့
မေးခွန်း ၆ - ဒီလိုနဲ့ ရှေ့ဆက်လမ်းလျှောက်လာရင်း အိမ်တစ်အိမ်ကို တွေ့တယ်ဆိုပါစို့။ အဲဒီအိမ်က ဘယ်လိုပုံစံမျိုးလဲ။

Pixabay/Stanly8853
(က) အနောက်တိုင်းပုံစံအိမ်ကြီး
(ခ) ပျဥ်ထောင်အိမ်လေး
(ဂ) ရဲတိုက်ကြီး
မေးခွန်း ၇ - အဲဒီအိမ်ကို သင်ဘာလုပ်မလဲ။

Pixabay/Clker-Free-Vector-Images
(က) ပြူတင်းပေါက်က ချောင်းကြည့်မယ်
(ခ) အထဲဝင်သွားမယ်
(ဂ) ကျော်သွားမယ်
မေးခွန်း ၈ - ရုတ်တရက် သင့်ရှေ့မှာ တစ်ခုခုပေါ်လာတယ် ဆိုပါစို့။ အဲဒီအရာက ဘာဖြစ်မလဲ။

Pixabay/mohamed_hassan
(က) ဝက်ဝံတစ်ကောင်
(ခ) မှော်ဆရာတစ်ယောက်
(ဂ) မှင်စာလေးတစ်ကောင်
မေးခွန်း ၉ - သင်လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးလာရင်း တံခါးတစ်ချပ်ပါတဲ့ တံတိုင်းတစ်ခုကို တွေ့တယ်ဆိုပါစို့။ သင်လည်း သော့ပေါက်လေးထဲက တစ်ဖက်ကို ချောင်းကြည့်လိုက်တဲ့အချိန် တဖက်မှာ ဘာတွေ့ရမလဲ။

Pixabay/Clker-Free-Vector-Images
(က) မျက်ခင်းစိမ်းနဲ့ အိမ်ကြီးတစ်အိမ်
(ခ) သဲကန္တရတစ်ခု
(ဂ) ကမ်းခြေတစ်ခု
ကဲ...မေးခွန်းလေးတွေ ဖြေပြီးရင် သင်ရွေးချယ်ခဲ့တဲ့ အဖြေတွေကတစ်ဆင့် သင့်စရိုက်လက္ခဏာ ဘယ်လိုရှိမလဲဆိုတာ လေ့လာလိုက်ရအောင်နော်။
မေးခွန်း ၁ ကတော့ သင့်စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး ဖော်ပြနေပါတယ်။
(က) မှောင်မဲနေတဲ့တောအုပ်ကြီးကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ အေးအေးဆေးဆေး နေတတ်တဲ့လူတစ်ယောက်ပါ။ တဖက်လူပြောတာကို စိတ်ဝင်တစား နားထောင်တတ်ပေမယ့် သင့်စိတ်ထဲမှာ ဘာရှိနေသလဲဆိုတာတော့ တဖက်လူအဖို့ ခန့်မှန်းရခက်ပါတယ်။ ဒါကြောင့် ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်လို့ လူတွေက မှတ်ချက်ပေးတတ်ကြပါတယ်။
(ခ) ပြောင်းဖူးခင်းကြီးကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ ထက်မြက်ပြီး ရိုးသားတဲ့လူတစ်ယောက်ပါ။ လူမှုဆက်ဆံရေး ကောင်းမွန်ပြီး ပျော်ပျော်နေတတ်ကြပါတယ်။ လူတွေရဲ့စိတ်ဝင်စားခြင်းကို အထူးခံရတဲ့ လူတစ်ယောက်ဆိုလည်း မမှားပါဘူး။
(ဂ) အစိမ်းရောင်တောင်တန်းတွေကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ လက်တွေ့ကျကျ တွေးခေါ်စဥ်းစားပြီး လုပ်ဆောင်တတ်တဲ့ လူတစ်ယောက်ပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်တာက သင့်ဆွဲဆောင်မှုတစ်ခုပါ။
မေးခွန်း ၂ ကတော့ ဘယ်လိုလက်တွဲဖော်မျိုးကို သင်ရှာနေသလဲဆိုတာ ဖော်ပြနေပါတယ်။
(က) မှန်ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ သင့်ဘဝရဲ့အနိမ့်အမြင်၊ အတက်အကျ၊ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို အတူတူရင်ဆိုင်ပေးနိုင်မယ့် ဘဝလက်တွဲဖော်ကို ရှာနေတာပါ။
(ခ) လက်စွပ်ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ အရမ်းချစ်တတ်တဲ့လူတစ်ယောက်ပါ။ အချစ်ရေးမှာ ချစ်သူအတွက် အရာရာစတေးပြီး ကူညီဖေးမပေးမယ့် လူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် သင့်လက်တွဲဖော်ကိုလည်း သင့်ကိုချစ်ပြီး ဂရုစိုက်ပေးမယ့်လူမျိုး ရှာနေပါတယ်။
(ဂ) ပုလင်းကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ ဉာဏ်ပညာထက်မြက်တဲ့ လက်တွဲဖော်မျိုးကို ရှာဖွေနေတာပါ။ ယောကျာ်းလေးဆိုရင်လည်း သင့်ကိုဦးဆောင်နိုင်တဲ့အပြင် ရည်မှန်းချက်ကြီးပြီး အလုပ်ကြိုးစားတဲ့လူမျိုး၊ မိန်းကလေးဆိုရင်လည်း သွက်လက်ထက်မြက်တဲ့လူမျိုးပေါ့။
မေးခွန်း ၃ ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သင့်ခံယူချက်ကို ဖော်ပြနေပါတယ်။
(က) ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟ သစ္စာရှိပြီး အချစ်ကြီးတဲ့လူတစ်ယောက်ပါ။
(ခ) ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ အချစ်ကို ပေါ့ပျက်တဲ့အရာတစ်ခုလို သဘောထားပြီး တန်ဖိုးမထားတတ်ပါဘူး။
မေးခွန်း ၄ ကတော့ အချစ်နဲ့ပတ်သက်ပြီး သင်ဘယ်လောက် စိတ်အားထက်သန်မှုရှိလဲဆိုတာ ဖော်ပြနေပါတယ်။
(က) ရေကန်ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ အပေါ်ယံဆက်ဆံရေးတွေကို သဘောမကျတတ်ပါဘူး။ လူတစ်ယောက်ကို ချစ်မိသွားရင် သူနဲ့အတူတူ ဘဝတစ်ခုတည်ဆောက်မယ်လို့ပဲ ရည်ရွယ်ထားတတ်ပါတယ်။
(ခ) ရေတံခွန်ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ မိမိအလှအပတွေနဲ့ လှည့်စားတဲ့နေရာမှာ တော်ပါတယ်။ ဆန့်ကျင်ဘက်လိင်က သင့်ကိုစွဲဆောင်မှုရှိတယ်လို့ မှတ်ချက်ပေးတတ်ကြပါတယ်။
(ဂ) ရွံ့အိုင်လေးကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ တစ်ယောက်တစ်မျိုး မရိုးနိုင်အောင် ချစ်နိုင်လွန်းသူကြီးပေါ့။ သင့်အတွက် အချစ်ဆိုတာ ကစားစရာတစ်ခုလိုပါပဲ။
မေးခွန်း ၅ ကတော့ ကျောင်းနဲ့ပတ်သက်ပြီး သင့်အမြင်ကို ဖော်ပြနေပါတယ်။
(က) အိမ်သော့ကိုရွေးချယ်ခဲ့ရင်တော့ ပညာရေးထက် အတွေ့အကြုံနဲ့ လုပ်ရည်ကိုင်ရည်က ပိုအရေးကြီးတယ်လို့ ခံယူထားတတ်ပါတယ်။
(ခ) ရှေးဟောင်းသော့ကိုရွေးချယ်ခဲ့ရင်တော့ ပညာရေးက လုံးဝအရေးကြီးတယ်လို့ ခံယူထားတတ်ပါတယ်။ သင်ဟာ ပညာရပ်တွေကို သင်တတ်နိုင်သလောက် အပတ်တကုတ် လေ့လာဆည်းပူးပြီး ကြိုးစားသင်ယူတတ်ပါတယ်။
(ဂ) သော့ခလောက်ပါတဲ့သော့ကို ရွေးချယ်ခဲ့ရင်တော့ သင်ဟာ ပညာရေးက တစ်ထောင့်တစ်နေရာက လိုအပ်တယ်လို့ ခံယူထားပါတယ်။
မေးခွန်း ၆ ကတော့ သင့်ရည်မှန်းချက်ကို ဖော်ပြနေပါတယ်။
(က) အိမ်ကြီးကိုရွေးချယ်ခဲ့ရင်တော့ သင့်မှာ ရည်မှန်းချက်တွေ အများကြီးရှိပါတယ်။
(ခ) ပျဥ်ထောင်အိမ်ကိုရွေးချယ်ခဲ့ရင်တော့ သင့်မှာ အနာဂတ်ရည်မှန်းချက်နဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ အတွေးအခေါ်ရှိနေပါတယ်။
(ဂ) ရဲတိုက်ကိုရွေးချယ်ခဲ့ရင်တော့ သင့်ရည်မှန်းချက်တွေက နည်းနည်းတော့ စိတ်ကူးယဥ်ဆန်ပြီး လက်တွေ့မကျတာမျိုး ဖြစ်နေတတ်ပါတယ်။
မေးခွန်း ၇ ကတော့ အောင်မြင်မှုနဲ့ပတ်သက်ပြီး သင့်ခံယူချက်ကို ဖော်ပြနေပါတယ်။
(က) ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ ကျရှုံးမှုနဲ့ပတ်သက်ပြီး အနည်းငယ်စိုးရိမ်စိတ် ဝင်နေတတ်ပါတယ်။
(ခ) ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ အောင်မြင်မှုနဲ့ပတ်သက်ပြီး လုံးဝယုံကြည်ချက်အပြည့်ပါပဲ။
(ဂ) ကိုရွေးချယ်ခဲ့ရင်တော့ အောင်မြင်မှုက သင့်အတွက် အရေးကြီးတဲ့အရာ မဟုတ်ပါဘူး။
မေးခွန်း ၈ ကတော့ သင်အကြောက်ဆုံးအရာကို ဖော်ပြနေပါတယ်။
(က) ကိုရွေးချယ်ခဲ့ရင်တော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရည်တည်နိုင်မှာ အကြောက်ဆုံးပါတဲ့။
(ခ) ကိုရွေးချယ်ခဲ့ရင်တော့ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပဲ လွတ်ထွက်သွားမှာကို အကြောက်ဆုံးပါတဲ့။
(ဂ) ကိုရွေးချယ်ခဲ့ရင်တော့ သင့်အပေါ် တခြားလူတွေအမြင်ကို အကြောက်ဆုံးပါတဲ့။
မေးခွန်း ၉ ကတော့ သင့်စိတ်ထဲက အတွင်းအကျဆုံးအရာကို ဖော်ပြနေပါတယ်။
(က) ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ ရင့်ကျက်ပြီး ရိုးသားတဲ့လူတစ်ယောက်ပါ။
(ခ) ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ ကိုယ်ပိုင်နေရာလေး လိုအပ်နေတဲ့လူတစ်ယောက်ပါ။
(ဂ) ကိုရွေးချယ်ခဲ့ရင်တော့ သင်ဟာ ဘဝနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတစ်ယောက်ပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_quiz